“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, August 03, 2008

ဗမာပြည်မှာဆောက်နေတဲ့ အိမ်နီကြီး..


အမေရိကန် သမတရဲ့အိမ်တော်က..အိမ်ဖြူတော်လို့  အမည်ရပါတယ်။
ကျနော်တို့ရဲ့ သေပြည်တော်မှာ ဆောက်နေတဲ့ သမတနေဖို့ အိမ်ကြီးကတော့ ပြည်သူတွေ သွေးမြေကျမဲ့ သမတ..နအဖ အလိုကျ ပြည်သူုကို အရိုးချမဲ့ သမတကြီး နေမှာဆိုတော့..
" အိမ်နီကြီး " လို့ ဘဲ နံမည်ပေးကြရအောင်..

နေပြည်တော်မှာ သမ္မတနှင့် ဒု-သမ္မတအိမ်တော်များ ဆောက်လုပ်ပြီး ဆောက်လက်စလွှတ်တော် (၄) နှစ်ခန့်ကြာနိုင်

NEJ/ ၁ သြဂုတ် ၂၀၀၈
မြန်မာစစ်အစိုးရသည် ရွေးကောက်ပွဲ မလုပ်ရသေးသော်လည်း ရွေးကောက်အပြီး ထွက်ပေါ်လာ မည့် အရပ်သားအစိုးရ ခေါင်းဆောင်များဖြစ်သည့် သမ္မတနှင့် ဒု-သမ္မတတို့ နေထိုင်ရန် အိမ်တော်များကို နေပြည်တော်မှာ အကြမ်းဆောက်ပြီးနေပြီ ဖြစ်ကြောင်း မျက်မြင်သက်သေ များက ပြောသည်။

အနာဂတ် သမ္မတနှင့် ဒု-သမ္မတတို့ မည်သူဖြစ်မည်ကို တိုင်းပြည်က မသိသေးသော်လည်း နေပြည်တော်မှာ သမ္မတ အိမ်တော်နှင့် ဒု-သမ္မတအိမ်တော် ဆောက်နေခြင်းသည် မည်သူ သမ္မတဖြစ်မည်၊ မည်သူ ဒု-သမ္မတဖြစ်မည်ကို စစ်အစိုးရက ကြိုသိနေပုံရသည်ဟု အမည် မဖော်လိုသည့် နေပြည်တော် အင်ဂျင် နီယာများက ပြောသည်။

သို့သော် ဆောက်လက်စ လွှတ်တော်အဆောက်အအုံမှာ (၁၀)ရာနှုန်းခန့်သာ ပုံပေါ်သေးသည့် အတွက် နောက် ထပ် (၄-၅) နှစ်နှင့် ပြီးရန်မလွယ်ဟု နေပြည်တော် မျက်မြင်သက်သေများ က မှန်းသည်။ နေပြည်တော် သပြေ ကုန်း အ၀ိုင်းကနေ ၀န်ကြီးဌာနပေါင်းစုံသွားသည့် ရာဇဌာနီ လမ်းမကြီး၏ လက်ဝဲဘက်ခြမ်းမှာ ပြည်သူ့ လွှတ်တော် အဆောက်အအုံသစ်ကို ဆောက်လုပ် နေခြင်းဖြစ်သည်။ အဆောက်အအုံပုံစံမှာ နည်း ပညာကောလိပ် အကြီးစားပုံ ပေါက်နေသည်ဟု မျက်မြင်သက်သေများက ပြောသည်။ http://www.khitpyaing.org/index.php

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */