“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, March 09, 2010

ဆင်းရဲပြီး ကျန်းမာတဲ့  မြန်မာလူငယ်များ သတိထားဖို့  ( ဘုရားလည်း ဖူး ကျောက်ကပ်လည်းရောင်း )

ဘုရားလည်းဖူး ကျောက်ကပ်လည်းရောင်း ( ကိုကျော်ကျော် ထံမှ တဆင့် ကူးယူ တင်ပြပါသည်။ )

ဒီသတင်းမျိုး ကြားဘူးနေပါသည်။အတိအကျတော့ မသိခဲ့။အခု လျှပ်တပြက်ဂျာနယ်ထဲမှာ ရေးထားတာတွေ့တော့ ပြန်တင်ပေးလိုက်ပါသည်။ဥပဒေကြောင်းအရ မည်သို့ရှိမလဲ နားမလည်ပါသဖြင့် မဝေဖန်လိုသေးပါ။ ရန်ကုန်မြှို မြို့သစ်အချို့တွင် နွမ်းပါးပြီး ဆင်းရဲချို့တဲ့သည့် ကျန်းမာရေးကောင်းသော လူငယ်အချို့ကို လူပွဲစားများက ခန္ဓာကိုယ် အစိတ်အပိုင်း ရောင်းချရန်အလို့ငှာ ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ် အကြောင်းပြပြီး ပြည်ပသို့ ခေါ်ထုတ်မှုများ ရှိနေကြောင်း လေ့လာတွေ့ရှိရသည်။
မြို့သစ်တွေက ဆင်း၇ဲတဲ့ သူတွေကို ပစ်မှတ်ထားပြီး သားကောင်ရှာကြတာပေါ့။အထူးသဖြင့် ကျန်းမာရေးကောင်းတဲ့ လူငယ်တွေကို
ပွဲစားတွေက စည်းရုံးကြတယ်။ဗြိတိသျှဘက်မှာ ကိုယ်ခန္ဓာ အစိတ်အပိုင်းရောင်းချမှုတွေကို မဟန့်တားတဲ့အတွက်
ကျောက်ကပ်အစားထိုးဖို့လိုတဲ့ ဗြိတိသျှတွေက အိန္ဓိယ တရုတ် အရှေ့တောင်အာရှက နွမ်းပါးတဲ့သူတွေဆီမှာ ကျောက်ကပ်ရနိုင်ဖို့ လာကြတယ်။ဥရောပဘက်အခြမ်းမှာက ကျောက်ကပ်အစားထိုးဖို့ စောင့် နေကြတဲ့ သူတွေက သောင်းနဲ့ချီပြီးရှိတယ်။ကျောက်ကပ် အချိန်မီ အစားမထိုးနိုင်ရင် သေကြရမယ့်သူတွေဆိုတော့ အလှူရှင် စောင့်ရင်း သေသွားကြတဲ့သူတွေက အများကြီးဆိုတော့ အသေမခံနိုင်ကြသူတွေက ကျောက်ကပ်ရောင်းမယ့်သူတွေကို ပွဲစားတွေဆီကတဆင့် ရှာကြတယ်။တချို့နိုင်ငံတွေမှာ ဆွမျိုးသားချင်း
သူငယ်ချင်းတွေအတွက် ခန္ဓာကိုယ်အစိတ်အပိုင်း
လှူဒါန်းကုသခွင့်ပေးတယ်။ရောင်းစားလို့တော့ မရပါဘူး။ပါကစ်စတန်ကျတော့ တရားဝင် ရောင်းခွင့်ပေးထားတယ်။အဲသည့်အတွက် ချမ်းသာတဲ့လူနာတွေက အဲသည့်ဘက်မှာ ကျောက်ကပ်လာဝယ်ကြတယ်။ပါကစ်စတန်က ကျောက်ကပ်ရောင်းတဲ့ centre
တခုအဖြစ် ကျော်ကြားတယ်။အဲသည့်အတွက် ပါကစ်စတန်မှာပဲ ကျောက်ကပ်ဝယ် ပါကစ်စတန်မှာပဲ ကျောက်ကပ်အစားထိုး လဲလို့ရတဲ့ ဆေးရုံတွေမှာ ကုသမှု ခံယူတာမျိုးတွေလည်းရှိတယ်။အဲဒါကြောင့် Human Organ Trafficking ဆိုတဲ့
လူ့ခန္ဓာကိုယ် အစိတ်အပိုင်းဆိုင်ရာ လူကုန်ကူးမှုတွေ များလာတယ်။နိုင်ငံခြားပွဲစားတွေက ကျောက်ကပ်တခုကို
အမေရိကန်ဒေါ်လာ၆၀၀၀လောက်နဲ့ ၀ယ်ပြီး ၆၀၀၀၀၀လောက်နဲ့ ပြန်ရောင်းလို့ရနေတော့ ပွဲစားတွေက ချမ်းသာကြီးပွားကြတယ်။ကျောက်ကပ်အစားထိုးရရင် အမေရိကန်ဒေါ်လာ တသိန်းကနေ ၂သိန်းအထိပေးရတာဆိုတော့ ချမ်းသာတဲ့သူမှပဲ ကုလို့ရမှာပဲ။ အခုတော့ ဈေးပေါပေါနဲ့ ၀ယ်လို့ရတဲ့ အာရှဘက်လှည့်လာကြတယ်။မြန်မာပြည်ထဲမှာလည်း
ပွဲစားတွေက ကျောက်ကပ်သားကောင်တွေ ရှာကြတယ်။အထူးသဖြင့် ရန်ကုန်မြို့သစ် မြို့စွန်တွေမှာရှိတဲ့ နွမ်းပါးတယ် ချို့တဲ့တယ် အဆင်မပြေဘူး ကျန်းမာရေးကောင်းတယ်ဆိုတဲ့ လူငယ်တွေကို စရံသိန်း၃၀လောက်ပေးပြီး ၂ဦး ၃ဦး ခေါ်ထုတ်သွားတယ်။ဗုဒ္ဓဂယာ ဘုရားဖူးခေါင်းစဉ်နဲ့ ကျောက်ကပ်ရောင်းမယ့်သူတွေ ခေါ်သွားတယ်။ဟိုမှာ ကျောက်ကပ်ရောင်းလို့ရရင် သိန်း၃၀လောက်ထပ်ပေးတယ်ဆိုတော့ ရောင်းကြတယ်။အဆင်မပြေရင်လည်း ပွဲစားက သိန်း၃၀လောက်က သူ့အတွက် ပါးပါးလေးဆိုတော့ အဆုံးခံတာပေါ့။ပတ်ဝန်းကျင်က သိတယ်။ဒါပေမယ့် မြန်မာလူမျိုးက သိတဲ့အတိုင်း ကိုယ်နဲ့မဆိုင်ရင် ၀င်မပါတတ်ဘူးလေ။အဲသည်တော့ လူပွဲစားတွေက ပိုအဆင်ပြေနေတာပေါ့ဟု ဗုဒ္ဓဂယာဘုရားဖူးပြန်တဦးက လျှပ်တပြက်သို့ ဆက်သွယ်ပြောကြားခဲ့သည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */