“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, March 23, 2010

အမျိုးပျောက်မှာ စိုးကြောက်မိသည်။

ကျနော်လည်းလွတ်မြောက်လာတဲ့ ကောင်မလေးတစ်ယောက် နဲ့ဆုံဖူးပါတယ်ဗျာ.....
သူပြောပြတာလေးတွေ
ကိုပြန်လည်မျှဝေတာပါနော်.......သူကရန်ကုန်ဒလမှာနေပါတယ်......မူဆယ်ကနေကျွန်တော့ ကားကို 80000ပေးပြီး အမြန်မောင်းခိုင်း ပါတယ်. ....သူ့ပုံစံက ကြောက်လန့်နေတဲ့ပုံစံမျိုးလေးပါ
ကျွန်တော်လည်းအမြန်မောင်းပေးရတာပေါ့ဗျာ 80000 ပေးထားတာဆိုတော့....ကွတ်ခိုင်ရောက် တော့ထမင်းစားမယ်ဆိုပြီးပြောတော့ သူကလားရှိုးရောက်မှစားပါတဲ့ကျွန်မက ဒီလို ဒီလိုဖြစ်ခဲ့လို့ပါ ဆိုပြီးပြောပြပါတယ်.......လားရှိုးရောက်တော့လည်း သင့်တော်တဲ့ဟိုတယ်ကို ရှာပေးပြီးကျွန်တော်
မေးကြည့်လိုက်ပါတယ်......
"ဘယ်လိုဖြစ်တာလည်းဗျ အမ က..."....
"ကျွန်မကိုအလုပ်ရှိတယ် လခများ များရမယ်ဆိုပြီးအမကြီးတစ်ယောက်ကလာခေါ်တယ်..........မူဆယ်ရောက်တော့ တရုတ်ကောင်လေး
ချောချောလေးနဲ့ တွေ့ပေးပြီးသူ့ကို ယူခိုင်းတယ်.......ကျွန်မကလည်း ကောင်လေးက ချောတော့သဘောကျတာပေါ့.....ဒါနဲ့  လက်မှတ်ထိုးပြီး ယူလိုက်တယ်.....ယူပြီးနောက်ရက်တော့တရုတ်ပြည်ကိုခေါ်သွားတယ်"
"ပြည်မကြီးရောက်တော့ခြေပြတ်နေတဲ့ အဖိုးကြီးဆီရောင်းစားတယ် ကျွန်မကို တရုတ်ငွေ 20000 နဲ့ပြီးတော့သူ
ကပြန်သွားတယ် ကျွန်မကိုအပြင်လည်း ပေးမထွက်ဘူး.....စားချင်တာသောက်ချင်တာတွေတော့ အကုန်လုပ်
ပေးတယ် ခိုင်းလည်းခိုင်းတယ် ပိုက်ဆံလည်းပေးကိုင်ပါတယ် ဒါပေမယ့် အပြင်ကိုတော့ အစောင့်တွေနဲ့ လွတ်တယ်။ ၀ယ်ချင်တာတွေ တော့ အကုန်ဝယ်ယူခွင့်ပြုတယ်......ကျွန်မလည်း ဆွဲကြိုးလက်စွတ်နားကပ်တွေ ၀ယ်ခိုင်းတာ ပေါ့....အကုန်ဝယ်ပေးပါတယ်.....ဒါပေမယ့် နေရတာက မသန်စွမ်းတဲ့အဖိုးကြီးနဲ့ ဆိုတော့ထွက်ပြေးဖို့ စီစဉ်ရတာပေါ့ ။ အစောင့်ကောင်လေးကိုညုပြီး သူလုပ်ချင်တာတွေကို လုပ်ပေးပြီး စုထားတဲ့ပိုက်ဆံတွေကိုယူပြီး သူ့အကူညီနဲ့ခွေးမြင်ကားစီးပြီး ရွေလီကိုပြန်ရောက်ပါတယ်......ကံကောင်းချင်တော့ အစစ်ဆေးတွေကို ရှောင်နိုင်ခဲ့ပါတယ်....ရွေလီရောက် တော့သူတို့တွေက ဖုန်းနဲ့ ချိတ်ပုံပြပြီးလိုက်ရှာကြပါတယ်....ကြောက်ကြောက်နဲ့ ကျယ်ဂေါင်ကို အမြန်လာပြီး ခိုးပေါက်ကနေမူဆယ်ကိုပြေးလာရပါတယ်.....ကံကောင်းချင်တော့ ခိုးပေါက်ကျော်တာနဲ့ သူတို့က မလိုက်ရဲတော့ဘူး..........
ဒါပေမယ့် ဖုန်းဆက်ပြီး မူဆယ်က သူ့လူတွေကို ရှာခိုင်းတာပေါ့....ဒါကြောင့်အကို့ကို အမြန်မောင်းခိုင်းတာပေါ့....ကျွန်မ
တော့ကံကောင်းလို့ပြန်ရောက်လာတာပါ.....ဟိုမှာ မြန်မာမလေးတွေ အများကြီးပဲတွေ့ခဲ့ရပါတယ်.....တချို့ဆို ရာမတွေ
ရှု....ဘိန်းတွေရှုပြီး ကြေကွဲစွာနဲ့ပဲ သူတို့ဘ၀ကို ဇာတ်သိမ်းတဲ့သူတွေလည်း ရှိသလို....တချို့ဆိုအိမ်ကိုပဲ ပိုက်ဆံ လှမ်းထောက်
ပြီး နာကျင်စွာနဲ့ ပြေးမလွတ်တာတွေလည်း ရှိပါတယ်......ကျွန်မတို့ မိန်းကလေးတွေအတွက်အလုပ်ပေါတယ်ဆိုတာဘာကြောင့်
လည်းဆိုတာကျွန်မတော့နားလည်သွားပါပြီ "လို့သူကပြောပါတယ်......
ကျွန်တော်ကတော့ တရုတ်နယ်စပ်မှာနေပြီးကားမောင်း တာဆိုတော့ တွေ့ဆုံတာတွေတော့များပါတယ် ကျွန်တော် အဓိက ပြောချင်တာကတော့ သူငယ်ချင်းများကျေးဇူးပြုပြီးဒီဟာလေးကို မေးလ်ကနေ တစ်ဆင့်မျှဝေပေးကြပါလို့ပဲ တောင်းဆိုပါရစေဗျာ........မိန်းမလှလေးများ သတိပြုနိုင်အောင်လို့ပါဗျာ......လှလေ ဈေးပိုရလေ ပါပဲတဲ့........ကောင်မလေးကိုတော့ ရန်ကုန်ကားဂိတ်ကို လက်မှတ်ဖြတ်ပေးပြီး ပို့ပေးလိုက်ပါပြီဗျာ.......သူ့လိုမြန်မာမိန်းကလေးများမဖြစ်ရလေအောင် တတ်စွမ်းနိုင်သလောက် ကူညီပေးကြပါ လို့တောင်းဆိုပါရစေဗျာ......

ဒီစာစုလေးကို မူမပျက်မေးလ်ကနေ သူငယ်ချင်းများကိုမျှဝေပေးပါနော်......အားလုံးမျှဝေလိုက်ရင်တော်တော်လေး သိကုန်မယ်လို့ မျှော်လင့်ထားပါတယ်ဗျာ.......မျှဝေရင်လည်း မူမပျက်မျှဝေပေးကြပါလို့ တောင်းဆိုပါရစေဗျာ.........စာနာနားလည်နိုင်ကြပါစေ လို့လည်းဆုတောင်းပေးလိုက်ပါတယ်ဗျာ................
ကြုံတာလေးတွေကိုလည်း ဆက်လက်မျှဝေပေးဖို့ ရှိပါတယ်ဗျာ......အားလုံးသော မြန်မာမိန်းကလေးများ ထာဝရပျော်ရွင်စွာနဲ့ မြန်မာ
နိုင်ငံမှာပဲ မိဘတွေနဲ့ပျော်ရွင်သောဘ၀ကို ဖြတ်သန်းနိုင်ပါစေလို့လဲ ဆုတောင်းပေးလိုက်ပါတယ်ဗျာ..............

ရေးသူက နယ်စပ်မှာ ကားမောင်းနေတဲ့ ယဉ်မောင်လေးတဦးပါ။
တကဲ့ ဖြစ်ရပ်မှန်ဖြစ်ပါတယ်။ အမျိုးပျောက်မှာ..စိုးကြောက်တယ်ဆိုတာ..ပြောရုံ သတင်းစာတွေထဲကြေညာရုံနဲ့  မရပါ။
အဘက်ဘက်က..၀ိုင်းဝန်း ကာကွယ်ကူညီသင့်ပါကြောင်း။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */