“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, March 24, 2010

NLD က ရန်ကုန်အခြေစိုက် ILO ရုံးသို့ မေတ္တာရပ်ခံစာပေးပို့

Summary
မတ် ၂၄၊ ရန်ကုန်။
NLD က လှိုင်သာယာ စက်မှုဇုံရှိ အချို့စက်ရုံများတွင် လွန်ခဲ့သောလနှင့် ယခုလဆန်းပိုင်းက ဖြစ်ပွါးခဲ့သော ဆန္ဒပြမှုများနှင့် ပါတ်သက်ပြီး ပြေလည်မှု ရရှိစေရန် အတွက် ဆောင်ရွက်ပေးဖို့ စစ်အစိုးရကို တိုက်တွန်း တောင်းဆိုပေးရန် မေတ္တာရပ်ခံ တောင်းဆိုစာတစောင်ကို ရန်ကုန်အခြေစိုက် ILO ရုံးသို့ ပေးပို့ခဲ့သည်ဟု သိရပါသည်။ ထိုတောင်းဆိုစာကို ယနေ့နေ့လည်ပိုင်းက တရားဝင် ထုတ်ပြန်ခဲ့ပါသည်။

ထိုစတိတ်မန့်ထဲတွင် NLD လှိုင်သာယာ စက်မှုဇုံမှ အလုပ်သမားများသည် မြင့်တက်နေသော ကုန်ဈေးနှုန်းများကြောင့် သူတို့၏ လစာခံစားခွင်များကို တိုးမြှင့်ပေးရန် ငြိမ်းချမ်းအေးဆေးစွာဖြင့် ဆန္ဒပြ ခဲ့ကြခဲ့သည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့ပါသည်။ ထို့အတူ နအဖသည် သူတို့၏ သြဇာအာဏာကို သုံး၍ အလုပ်ရှင် အလုပ်သမားနှစ်ဖက်လုံးကို ဆန္ဒပြမှုများပြီးဆုံးသွားစေရန် ဖိအားပေး ဆောင်ရွက်ခဲ့သည်ဟု ထောက်ပြခဲ့ပါသည်။ ထို့အတူ အလုပ်သမားများသည် သူတို့၏ တရားမျှတသော အခွင့်အရေးများကို တောင်းဆိုခွင့်နှင့် အလုပ်သမား သမဂ္ဂများ ဖွဲစည်းခွင့်ရှိသင့်သည်ဟုလည်း ထောက်ပြပြောဆိုခဲ့ပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ) http://saffrontoward.blogspot.com/2010/03/nld-ilo.html

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */