“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, March 26, 2010

ကိုယ့်ထောင်ချောက်ထဲ ကိုယ်မိနေတဲ့ နအဖ

မောင်သြ
၂၅/ မတ် ၂၀၁၀
line


အန်အယ်လ်ဒီ နိုင်ငံရေးလမ်းဆုံး ရောက်ပြီလား၊ ဒါမှမဟုတ် နအဖစစ်အစိုးရကော နိုင်ငံရေး ဆူးခင်းလမ်းပေါ် နင်းမိပြီလား၊ ယနေ့ အဲဒီအဖြေနှစ်ခုကို စဉ်းစားကြည့်ကြရအောင်။

အားလုံးက တမျှော်ထဲ မျှော်နေကြတဲ့ နအဖရဲ့ ရွေးကောက်ပွဲဆိုင်ရာ ကော်မရှင်ဥပဒေများ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေများနှင့် လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများကို မတ်လ (၈) ရက်နေ့စွဲနဲ့ အစိုးရသတင်းစာကြီးတွေမှာ အချပ်ပိုအနေနဲ့ ထည့်သွင်းထုတ်ပြန်လိုက်တာ တွေ့ရပါတယ်။

နိုင်ငံရေးစိတ်ဝင်စားသူတိုင်း (ပြည်သူတချို့) နှင့် နိုင်ငံရေးပါတီများမှ နိုင်ငံရေးသမားများ၊ ရဟန်းသံဃာများ၊ ကျောင်းသားများ ဖတ်မိကြပြီး တအံ့တသြဖြစ်ကုန်ကြရတာ တွေ့ရတယ်။

တူညီတဲ့အသံတခုကတော့ နအဖစစ်အစိုးရက အာဏာလက်ကိုင်ထား အပေါ်စီးအနေနဲ့ အန်အယ်လ်ဒီအဖွဲ့ကို စနစ်တကျ အကွက်ချပြီး နှစ်ခြမ်းကွဲအောင်နှင့် ပျက်စီးပြိုကွဲသွားအောင် ဥပဒေတွေနဲ့ ဖန်တီးလုပ်ကြံလိုက်တာပါပဲလို့ ကွင်းကွင်းကွက်ကွက် ရှင်းရှင်းလင်းလင်း အထင်းသား မြင်တွေ့နေကြ၊ ပြောဆိုနေကြတာတွေကို ကြားမြင်နေရတာပါပဲ။ အဓိက အကျပ်အတည်း တွေ့ရတာကတော့ အန်အယ်လ်ဒီပါပဲ။ အဲဒီလိုဖြစ်အောင်လည်း ဗိုလ်သန်းရွှေနဲ့အပေါင်းအပါ (လူမိုက်ကြီးများ) က ကောက်ကျစ်ယုတ်မာမှု သရဖူဆောင်းလောက်အောင် မီးကုန်ယမ်းကုန် ကြမ်းလိုက်တာပါပဲ။

အဲဒီမှာ အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းနှင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေများ၊ ပါတီများ မှတ်ပုံတင်ခြင်းဥပဒေများ တိုက်ရိုက်ထိတွေ့ ၀ိရောဓိဖြစ်လာတာတွေ့ရပြီး အန်အယ်လ်ဒီက မိမိရေးဆွဲထုတ်ပြန်ထားတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို ပစ်ပယ်မှာလား၊ နအဖရဲ့ သံခြေကျင်းခတ် ဒရွတ်တိုက်ဆွဲခေါ်သွားမယ့် ရွေးကောက်ပွဲ တင်းကုပ်ထဲကို လိုက်ပါခံမလား၊ မိမိပါတီအဖွဲ့အစည်းရဲ့ အဓိက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီတိုက်ပွဲဝင် သူရဲကောင်း ရဲဘော်ရဲဘက် တွေကို အကျဉ်းခံဘ၀ထဲက မျက်နှာတွေကို မထောက်ဘဲ ပါတီဝင်အဖြစ်မှ ထုတ်ပယ်ပြီး နအဖရဲ့ ကြိုးဆွဲရာကရမယ့် ရုပ်သေးရုပ် ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲဝင် ပါတီမှတ်ပုံတင်ကြမှာလား။

အန်အယ်လ်ဒီသည် ၉၀ ပြည့်နှစ် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှ တရားဝင် အနိုင်ရရှိထားသော (ပြည်သူတို့ရဲ့ သဘောထားဆန္ဒအမှန်) Mandate ကို နအဖရဲ့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း (၁၆) အပိုဒ် (၉၁) အရ ဖျက်သိမ်းတာကို သဘောတူလက်ခံလိုက်ပြီလား။

အန်အယ်လ်ဒီဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းပါ ဒီမိုကရေစီ ကျင့်စဉ်နှင့် မညီညွတ်သော အချက်များကို Preview ညှိနှိုင်းပြင်ဆင်ပေးရန် တောင်းဆိုကမ်းလှမ်းထားသော ရွှေဂုံတိုင်ကြေညာစာတမ်းပါအချက်ကို မျက်ကွယ်ပြု သစ္စာဖောက်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၂) အပိုဒ် (၆) (ဂ) မှ အသက်မ၀င်သေးသော (တရားမ၀င်သေးသော) ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်ဆိုသည့်အချက်ကို မျက်စိမှိတ် ခေါင်းညိတ်ဝန်ခံကတိပေး လက်မှတ်ထိုးကာ ပါတီမှတ်ပုံတင်တော့မှာလား။

နအဖထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပါအချက်များမှ တချို့မှာ အန်အယ်လ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အဓိက ပစ်မှတ်ထား ရေးဆွဲထားတဲ့အတွက် ရှေ့မတိုးသာ နောက်မဆုတ်သာ အခက်အခဲ အကျပ်အတည်းနှင့် တွေ့ရပြီး ရှေ့တိုးလျှင်လည်း ပါတီဖျက်သိမ်းခံရမယ်၊ နောက်ဆုတ်ပြန်ရင်လည်း မိမိတို့ရဲ့ ဆုပ်ကိုင်ထားတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းပါ အချက်များ၊ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဝင်ရဲဘော်ရဲဘက်များ အားလုံးအပေါ် သစ္စာဖောက်ရာကျမယ်၊ ဂုဏ်သိက္ခာကျဆင်းမယ်၊ ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုများရဲ့ ၀ိုင်းပယ်ခြင်းကို ခံရမယ်၊ ဖိအားပေးဝိုင်းဝန်းနေကြတဲ့ ကမ္ဘာ့နိုင်ငံကြီးများ၊ အဖွဲ့အစည်းများရဲ့ ဆောင်ရွက်ပေးမှုများလည်း လျော့ကျပျက်စီးသွားနိုင်မယ်။

အခုလို ဥပဒေတွေ ထုတ်ပြန်လိုက်ခြင်းဟာ အန်အယ်လ်ဒီရဲ့ အနှစ် (၂၀) ကျော် နိုင်ငံရေးလှုပ်ရှားမှုသက်တမ်း အနားသပ်ဖို့အတွက် Do (or) Die ပါပဲ။ ပြတ်ပြတ်သားသား ဆောင်ရွက်ရမယ့် အချိန်ရောက်ပြီ။ ၂၉-၀၃-၂၀၁၀ နေ့မှာ အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံးမှာ ဗဟိုဦးစီးအဖွဲ့ဝင်တွေနဲ့ ပါတီမှတ်ပုံတင်ရေး၊ မတင်ရေး မဲခွဲဆုံးဖြတ်မယ်လို့ ကြားရပါတယ်။ အဲဒီမှာ အများဆန္ဒကို အနည်းစုက လိုက်လျောရပါလိမ့်မယ်။ အန်အယ်လ်ဒီရဲ့ နောက်ဆုံး စွန့်စားမှုတခုလို့ ဆိုရပါတော့မယ်။

နအဖကတော့ အပေါ်စီးကနေ ငါလုပ်ချင်တာလုပ်လို့ရပြီ။ မင်းတို့ ဘာတတ်နိုင်သေးလဲ ဆိုတဲ့အတွေးနဲ့ မိန်းမောနေမယ်ဆိုရင် ခပ်ရိုင်းရိုင်းဥပမာနဲ့ပဲ ပြောလိုက်ပါရစေ။ ချောင်ပိတ်အရိုက်ခံရတဲ့ ခွေးဟာ မိမိထွက်ပေါက်အတွက် အသေခံပြီး ပြန်ကိုက်တတ်တယ်ဆိုတာ နအဖဗိုလ်ချုပ်ကြီးတွေ သိထားဖို့ကေင်းပါတယ်။

အဲဒီဥပမာအတိုင်းပါပဲ။ အန်အယ်လ်ဒီဟာ ချောင်ပိတ်ခံနေရပေမယ့် ဒု-ဥက္ကဋ္ဌကြီး ဦးတင်ဦးပြောသလို ကျနော်တို့မှာ ထွက်ပေါက်ရှိပါသေးတယ်ဆိုတဲ့အတိုင်း အန်အယ်လ်ဒီရဲ့ ထွက်ပေါက်က အချိန်တန်တော့ နပိန်ကန်လာတော့မှာပါ။ အန်အယ်လ်ဒီဟာ နိုင်ငံရေးလမ်းမဆုံးသေးပါဘူး။ ပါတီမရှိပေမယ့် ပြည်သူရှိရင် အန်အယ်လ်ဒီရှိတယ်။ အန်အယ်လ်ဒီနောက်မှာ ပြည်သူဟာ ထပ်ချပ်မကွာ တော်လှန်ရေးစိတ်ဓာတ်နဲ့ အမြဲပူးကပ်နေမှာပါ။

နိုင်ငံရေးဆူးခင်းလမ်းပေါ် နင်းမိနေတဲ့ နအဖကတော့ ကိုယ်သွားနေတဲ့လမ်းဟာ အဖြောင့်လား၊ အကောက်လား မသိသလို ကိုယ်စီးတဲ့ မြင်းဟာလည်း အထီးမှန်း အမမှန်း မသိဖြစ်နေတာ သနားစရာ ကောင်းလှပါတယ်။

ဟန်တလုံး ပန်တလုံးနဲ့ ကြေညာချက်တွေ (မှတ်ပုံတင်ဥပဒေ) ထုတ်ပြန်လိုက်တယ်။ ဟုတ်လှပြီမှတ်လို့ ပြည်တွင်းကရော၊ ပြည်ပအင်အားစုတွေ၊ အာဆီယံနိုင်ငံတွေ၊ အီးယူ၊ ဗြိတိန်၊ သြစတြေးလျ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကပါ ၀ိုင်းကန့်ကွက်ကြလို့ မကြာမီ ကုလသမဂ္ဂမှာ မြန်မာ့မိတ်ဆွေနိုင်ငံများ (၁၄) နိုင်ငံခေါ်ပြီး အစည်းအဝေးကျင်းပရတော့မယ်။ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဂေါ်ဒွင်ဘရောင်းကလည်း မြန်မာ့အရေးဆွေးနွေးဖို့ ကုလသမဂ္ဂအရေးပေါ်အစည်းအဝေး အမြန်ဆုံးခေါ်ယူ ကျင်းပပေးဖို့ ကုလအတွင်းရေးမှူးဆီ တင်ပြထားတာ မကြာမီခေါ်ယူဖို့ စီစဉ်နေကြောင်း ကြားရပါတယ်။

အာဆီယံ နိုင်ငံများကလည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာအရေးဆွေးနွေးဖို့ အာဆီယံအရေးပေါ် အစည်းအဝေး ကြားဖြတ်ခေါ်ယူကျင်းပပေးရန် အာဆီယံအလှည့်ကျ အတွင်းရေးမှူး ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးကို တောင်းဆိုတင်ပြထားပါတယ်။

ဒါက နအဖရဲ့ ပြင်ပကမ္ဘာရဲ့ သဘောထားတွေပါ။ ဒါတောင် မကြာမီ (လကုန်ပိုင်း) လာမယ့် တရုတ်နိုင်ငံ ၀န်ကြီးချုပ် ၀မ်ကြမ်းပေါင်ကလည်း ဘာတွေ လာဆွေးနွေးဦးမယ်ဆိုတာ မသိနိုင်သေးဘူး။

ကောင်းပြီ။ ပြည်တွင်းက နယ်ခြားစောင့်တပ်ထားရှိရေးကိစ္စနဲ့ကော တိုင်းရင်းသားအဖွဲ့တွေနဲ့ အဆင်ပြေရဲ့လား။ နအဖစစ်တပ်အစိုးရဟာ ပြည်တွင်းက ငြိမ်းချမ်းရေးယူထားတဲ့ ၀၊ ကိုးကန့်၊ မိုင်းလား၊ ကချင် (ကေအိုင်အို)၊ ရှမ်း (အက်စ်အက်စ်အေ)၊ ကရင်၊ မွန် တိုင်းရင်းသားတွေနဲ့ အခုတော့ ပြဒါတလမ်း သံတလမ်းဖြစ်နေပြီ။ နအဖအဖို့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်။

နိုင်ငံရေးမှာလည်း အန်အယ်လ်ဒီက သူဖြစ်ချင်သလို ဖြစ်မလာ၊ နယ်ခြားစောင့်တပ် ပြည်တွင်းကိစ္စမှာလည်း သူလုပ်ချင်သလို လုပ်မရတာ၊ ကမ္ဘာ့နိုင်ငံကြီးတွေကလည်း သူ့လုပ်ရပ်အပေါ် မကျေနပ်မယုံကြည်။ တိုင်းရင်းသားအဖွဲ့တွေနဲ့ တိုက်လားခိုက်လား လုပ်လာရင် ပြည်တွင်းစစ်က မလွဲဧကန် ဖြစ်မှာ သေချာတယ်လို့ ပြောကုန်ကြပြီ။

အတိုက်အခံအင်အားစု၊ ပြည်တွင်းအင်အားစု၊ အဝေးရောက်ဒီမိုကရေစီအင်အားစု၊ ကမ္ဘာ့နိုင်ငံကြီးများအင်အားစု …. ရန်သူပတ်ခြာဝိုင်းရံလျက်ရှိတဲ့ နအဖစစ်အစိုးရ ဆူးခင်းလမ်းပေါ်မှာ နင်းရင်း နင်းရင်း ကိုယ့်ရှူးကိုယ့်ပတ်၊ ကိုယ့်အတတ်နဲ့ ကိုယ်စူး၊ အရူးမီးဝိုင်းဘ၀နဲ့ ကိုယ်ထောင်လိုက်တဲ့ ထောင်ချောက်ထဲ ကိုယ်ပြန်နင်းမိနေလို့ သနားတယ်…သနားတယ် သွပ်…သွပ်…သွပ်။ (အီကြာကွေး စကားလုံး ယူသုံးမိလို့ တမလွန်က ခွင့်လွှတ်ပါ ဆရာကွေးရေ…)
http://www.khitpyaing.org/articles/2010/March/25310b.php

12 comments:

Tun Lin said...
This comment has been removed by the author.
Tun Lin said...

ဘာမှ မထူးတဲ့ အထူးကြေညာချက်

မတ်လ ၂၃ ရက်နေ့မှာ စီအီးစီက အထူး ကြေညာချက် ထုတ်တယ် ကြားလို့ အပြေးအလွှား သွားဖတ် လိုက်တယ်။ အဓိက ကတော့ စီအီးစီ ဘာလုပ်မလဲ ဆိုတာ သိချင်တာပါပဲ။ မတ် ၂၉ ကလည်း နီးပြီမဟုတ်လား။ ဖတ်လိုက်တော့လည်း နောက်ဆုံး ဖောရှောပါပဲဗျာ။ ဌာနချုပ်မှာလည်း ကြီးကြီး ကျယ်ကျယ် ဥပဒေ အထောက် အကူပြုအဖွဲ့ ဘာညာနဲ့တော့ ဖွဲ့တာပါပဲ။ ရေးလိုက်တော့လည်း ငါ့စကား နွားရပါပဲ။ မျှော်နေတဲ့သူတွေ အတွက် ဘာမှ ထူးထူးခြားခြား ပါမလာဘူး။ ထုံးစံအတိုင်း နအဖ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုတဲ့ ဖန်တရာ တေနေတဲ့ ဓာတ်ပြားဟောင်းပဲ ပြန်လှည့် လာတာပါပဲ။ အကြောင်းအရာ ထပ်နေလို့ အကျိုးအကြောင်းက ခိုင်လုံသလား ဆိုတာ သိရအောင် အတွက် စီအီးစီ စာထဲမှာ ပါတဲ့အချက် ခုနှစ်ချက်ကို ကြည့် ကြရအောင်

ပထမဆုံး ကော်မရှင် ဥပဒေမှာ ပါတဲ့ ပုဒ်မ ၈(ဋ)ကို ထောက်ပြထားတယ်။ အဲဒီပုဒ်မက ကော်မရှင်ဟာ နိုင်ငံရေး ပါတီများကို ဥပဒေနဲ့ အညီ ဆောင်ရွက်စေရန် ကြီးကြပ်ခြင်း၊ ကြီးကြပ်စေခြင်းနဲ့ လမ်းညွှန်ခြင်း အတွက် တာဝန် ရှိတယ်လို့ ဆိုတယ်။ စီအီးစီက ဒီလို ပြောတာဟာ လွတ်လပ်စွာ စည်းရုံးခွင့်၊ စုဝေးခွင့် ဆိုတာတွေကို ပိတ်ပင်တာပဲလို့ ကန့်ကွက်တယ်။ ကျွန်တော်တို့က ဥပဒေသမား မဟုတ်ပါ။ ဒါ့ကြောင့် ပါတီဝင် တစ်ဦး၊ သာမန် ပြည်သူ တစ်ဦးအနေရဲ့ အသိဉာဏ်နဲ့ပဲ စဉ်းစား ကြည့်ချင်တယ်။ ပါတီစုံဆိုတဲ့ အတိုင်း ၀ါဒပေါင်းစုံ ပါတီပေါင်းစုံ ပါကြမှာကိုး။ အဲဒီအခါမှာ စည်းကမ်းတော့ လိုမယ် ထင်တယ်။ ဘောလုံး ကန်တာတောင် ဘောလုံး စည်းမျဉ်းတော့ လိုသေးတာပဲ။ နိုင်ငံအရေး လုပ်မယ့် နိုင်ငံရေး ပါတီတွေ ပြောကြ၊ ဟောကြ၊ မဲဆွယ်ကြ လုပ်တဲ့နေရာမှာ စည်းကမ်းတော့ လိုမယ် ထင်တယ်။ မဟုတ်ရင် နိုင်ငံရေး ဟောတာ မဟုတ်ဘဲ ဆဲကြ၊ ဆိုကြ၊ ရိုက်ကြ၊ ဆော်ကြ လွတ်လပ်စွာ လုပ်ကြမှာလား။ ဖဆပလ ခေတ်တုံးက လုပ်သလို လူထု အစည်းအဝေး ပြီးတာနဲ့ အုပ်စုဖွဲ့ပြီး သတင်းစာတိုက်တွေ ဖျက်တာမျိုး လုပ်မှာလား။ ဒါမှမဟုတ် ပါတီ အစည်းအဝေး ဆိုပြီး ပြီးတာနဲ့ လမ်းပေါ်တက် ဆူကြ၊ ပူကြ လုပ်မှာလား ဒါတွေ မဖြစ်ဖို့အတွက် စည်ကမ်းလိုမယ်။ ဒီစည်းကမ်း အတိုင်း လုပ်မလုပ် ကြည့်မယ့် အဖွဲ့အစည်း လိုတယ်။ ဒါဟာ ဒီချုပ် တစ်ခုတည်းနဲ့ ဆိုင်တဲ့ ဥပဒေမဟုတ်၊ ရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ့် ပါတီအားလုံးနဲ့ ဆိုင်တဲ့ အရေးဖြစ်တယ်။ ဒီတော့ ဒီချုပ်က ဘယ်သူမှ ကြီးကြပ်တာ မလိုချင်ဘူး ဆိုရင် မင်းမဲ့စရိုက်နဲ့ လွတ်လပ် တာမျိုးကိုပဲ လိုချင်တာပဲလို့ နားလည်မိတယ်။

ဒုတိယအပိုဒ်မှာ နိုင်ငံရေး ပါတီ တည်ထောင်ရာမှာ ထောင်ကျနေသူတွေ မပါရဘူးဆိုတဲ့ ပုဒ်မဟာ အခြေခံဥပဒေမှာ ပါတဲ့ နိုင်ငံရေး ပါတီများ ဖွဲ့စည်းခြင်း၊ ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိခြင်းတို့မှာ ပါတဲ့ အချက်တွေနဲ့ ဆန့်ကျင် နေတယ်လို့ ထောက်ပြ ထားတယ်။ ဒါကတော့ သူ့စကားနဲ့ သူပဲ ပြန်ချည်ရမှာပဲ။ သူတို့ညွှန်းတဲ့ အခြေခံဥပဒေ နိုင်ငံရေး ပါတီများ အခန်း ၁၀ ပုဒ်မ ၄၀၅ မှာ နိုင်ငံရေး ပါတီ တစ်ရပ်သည် ဥပဒေနှင့် အညီ ဖွဲ့စည်း မှတ်ပုံတင် ရမည်လို့ ပါတယ်။ ဒီတော့ ဖွဲ့ချင်ရင် အစိုးရ ဆွဲထားတဲ့ ဥပဒေနဲ့ အညီဖွဲ့၊ အဲဒီဥပဒေကို မကြိုက်ရင်၊ မလိုက်နာနိုင်ရင် မဖွဲ့နဲ့ ဒါပဲရှိတယ်။ ဒီလို ပါတီဖွဲ့ခွင့် ရပြီး နောက်ကျမှ စီအီးစီ ညွှန်းတဲ့ ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိခြင်း ဆိုတဲ့ အချက်ပါ ပုဒ်မတွေနဲ့ ငြိရင် ပါတီ ရပ်တည်ခွင့် မရဘူး။ နောက်တစ်ခုက ဒီချုပ်ဟာ ဒီပုဒ်မကို တိုင်းတာတဲ့ အခါမှ ဒေါ်စု တစ်ယောက်နဲ့ပဲ တိုင်းတာနေတယ်။ တကယ်တော့ ထောင်ကျနေတာ ဒေါ်စုနဲ့ နိုင်ငံရေးပါတီက လူနှစ်ထောင်ထဲ မဟုတ်၊ ရာဇ၀တ်မှု အမျိုးမျိုးနဲ့ ထောင်ကျ နေသူတွေ အများကြီး ရှိသေးတယ်။ ဒေါ်စုနဲ့ သူလူနှစ်ထောင်က ဒီချုပ်ထဲမှာ ပါရင် ပြဿနာ မရှိပေမယ့် အခုမှ ဖွဲ့ခွင့်ရပြီး ကော်မရှင် သတ်မှတ်တဲ့ ဦးရေ ပြည့်အောင် စုနေတဲ့ ပါတီငယ်တွေက ဘာအမှုနဲ့ ကျကျ လူပြည့် ပြီးရော ဆိုပြီး လူစုထည့်ရင် ဒီချုပ် လူကြီးများ ဘယ်လို သဘောထားမလဲ။ ဒီထက် ဆိုးတာက ထောင်ထဲက လူတွေချည်း စုပြီး လျှောက်လွှာတင်၊ ပါတီဖွဲ့၊ ထောင်ထဲက လူအားလုံး ပါတီဝင် လုပ်ပြီး ပါတီ ထောင်လာရင် ဘယ်နဲ့ လုပ်မလဲ။ တော်ကြာ သာယာဝတီ ဒီမိုကရက်တစ် ထောင်သားများ ပါတီက လူကြီးတွေနဲ့ ဒေါ်စုတို့ တစ်စားပွဲတည်း ထိုင်နေရဦးမယ်။ တကယ်တော့ ဒီလောက်လဲ အရှည် တွေးပုံမရပါ။ ဒေါ်စုမပါရင် အင်န်အယ်လ်ဒီ ဆိုတာ မရှိဘူးဆိုတဲ့ ဦးဝင်းတင် စကားလိုပဲ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုနဲ့ ဒေါ်စုမပါရင် ခက်ရချည့်ရဲ့ ဆိုပြီး လုပ်ချလိုက်ပုံပဲ။

Tun Lin said...
This comment has been removed by the author.
Tun Lin said...

တတိယအချက်က နိုင်ငံရေးပါတီ ဥပဒေ ပုဒ်မ ၁၀ မှာ နိုင်ငံရေး ပါတီဝင်များရဲ့ အရည်အချင်းကို သတ်မှတ်ခြင်း၊ ပုဒ်မ ၂၃ မှာ နိုင်ငံရေး ပါတီတွေကို တည်ဆဲ ဥပဒေများ၊ လုပ်ထုံး လုပ်နည်းများနဲ့ အညီ လုပ်ဖို့ ကြီးကြပ်ခွင့် ပေးခြင်း၊ ပုဒ်မ ၂၄ မှာ ပါတီတွင်း ကိစ္စများနဲ့ ပတ်သက်ပြီး ပါတီဝင်တစ်ဦးက တိုင်ကြားလာရင် ကော်မရှင်က စုံစမ်း စစ်ဆေးပြီး ပါတီက လိုက်နာသင့်တဲ့ အချက်များကို ကာလ သတ်မှတ် ညွှန်ကြားခြင်း ဆိုတဲ့ အချက်တွေဟာ ပါတီများရဲ့ လုပ်ပိုင်ခွင့်ကို လွန်ကဲစွာ စွက်ဖက်ခြင်း ဖြစ်တယ်လို့ ဆိုတယ်။ ဒါနဲ့ ပတ်သက်လို့ ဂျာနယ် တစ်ခုထဲမှာ ဖတ်ရတဲ့ ယိုးဒယား ဥပဒေ အကြောင်းပဲ ပြောပြချင်တယ်။ ယိုးဒယားမှာ တစ်နှစ်အတွင်း ပါတီဝင် ငါးထောင် ရအောင် စုရတယ်။ အဲဒါပြည့်ရင် ခြောက်လအတွင်း ပါတီညီလာခံ ခေါ်ရတယ်။ မခေါ်ဘူးဆိုရင် ပါတီတွေကို ကြီးကြပ်တဲ့ ကော်မရှင်က ဘယ်နေ့မှာ ကျင်းပရမယ် ဆိုတာ အမိန့်ပေးနိုင်တယ်။ တစ်နှစ် တစ်ခါ ညီလာခံ ခေါ်ရမယ်၊ ပါတီဝင် နှစ်ထောင်က တောင်းဆိုရင် ညီလာခံ ခေါ်ရမယ်။ မခေါ်ရင် ကော်မရှင်က ခေါ်ခိုင်းနိုင်တယ်။ အောင်ထက်တို့ ကတော့ ဒီလို ကြီးကြပ် ပေးတာ ကြိုက်တယ်ဗျာ။ ကျွန်တော်တို့မှာ ကိုယ့်ဘာသာ ကိုယ်ခန့်တဲ့ စီအီးစီနဲ့ နှစ်နှစ်ဆယ်ကျော် နေခဲ့ပြီး အောက်ခြေက တောင်းသမျှ ပယ်ချ ခံနေရတဲ့ ဘ၀ကြုံ လာတာ ဆိုတော့ နောက်ပေါ်မယ့် ကော်မရှင်က ပါတီတွေကို ဒီလို ကြီးကြပ် ပေးမယ် ဆိုရင် ကောင်းတာပေါ့ဗျာ၊ ဖြစ်နိုင်ရင် ယိုဒယားမှာလို တိတိ ကျကျလေးတောင် လုပ်စေချင်တယ်။ စီအီးစီ ကတော့ ဒါမျိုးဟာ သူ့လုပ်ပိုင်ခွင့် ထိပါးတယ်လို့ မြင်တာ မဆန်းပါဘူး။ သူတို့က ကော်မရှင် ကြီးကြပ်တာ မလို၊ အောက်ခြေက တင်ပြတာလဲ မလို၊ ငါ့မြင်း ငါစိုင်း ဆိုတဲ့လူတွေပဲ။
စတုတ္ထအချက်ကတော့ အတော်ရီရတယ်။ ရွေးကောက် ခံပြီးတဲ့ အမတ်က ထောင်ကျ သွားရင် အမတ် မဖြစ်တော့ဘူး ဆိုတဲ့ ကိစ္စဟာ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒ သဘောထားကို မျက်ကွယ်ပြုရာ ရောက်သည်တဲ့။ မဲဆန္ဒရှင်တွေက ငါးနှစ်အတွက် လွှတ်တော် ကိုယ်စားလှယ် ရွေးပေး လိုက်တာဟာ သူတို့အကျိုး လုပ်နိုင်မယ့် အကျင့် ကောင်းတဲ့လူ၊ သမာဓိ ရှိတဲ့လူ ဖြစ်တယ်လို့ ယုံကြည်လို့ ရွေးပေးလိုက်တာပဲ။ ဒီလို မဟုတ်တော့ဘူး ဆိုရင် သူ့ကို လူထုကိုယ်စား ဖယ်ရှားပေးပြီး လူထုကို နောက်ထပ် လူကောင်း တစ်ယောက် ရွေးခွင့်ပေးရမှာ ဖြစ်တယ်။ ဒါဟာ မဲဆန္ဒရှင်များရဲ့ အကျိုးကို ကာကွယ် ပေးတာသာ ဖြစ်တယ်။ အမေရိကန်မှာတောင် ထောင်ကျရင် အမတ် အဖြစ် ဆက်နေလို့ မရတာ ဒီမှာလာပြီး ဒီချုပ်က ဘာဖြစ်လို့ ဒီလို တောင်းဆို နေရတာလဲ။ ဒီနေရာမယ် အစိုးရကို ဝေဖန်လို့ ထောင်ကျရင် ဘယ်နဲ့ လုပ်မလဲလို့ မေးဖို့ရှိတယ်။ အခြေခံ ဥပဒေထဲမှာ အမတ်တွေကို လွှတ်တော်ထဲမှာ ဝေဖန် ပြောဆို တာတွေနဲ့ ပတ်သက်ပြီး လွှတ်တော် ဥပဒေက လွဲပြီး ကျန်တာ ဘာနဲ့မှ အရေးမယူရဘူးလို့ ပါတယ်။ ဒီချုပ်အနေနဲ့ လွှတ်တော်ထဲမှာ လက်သီးထိုးပွဲ၊ လမ်းပေါ်က ဆဲပွဲတွေ လုပ်ဖို့ ရည်ရွယ်တယ် ဆိုရင်တော့ မသိနိုင်ဘူးပေါ့ဗျာ။

Tun Lin said...

ပဉ္စမအချက်ကတော့ ရွေးကောက်ပွဲ ဥပဒေမှာ ကော်မရှင် အဖွဲ့ဝင်တွေ လိုက်နာ ရမယ့် အချက်တွေ ဖော်ပြထားပေမယ့် မလိုက်နာရင် ပေးမယ့် ပြစ်ဒဏ် မပါဘူး၊ နောက်တစ်ခါ ကော်မရှင် အဖွဲ့ဝင် အဆင့်ဆင့်နဲ့ မဲရုံမှူးများ၏ လုပ်ဆောင်ချက် အတွက် တရားမကြောင်း အရဖြစ်စေ၊ ပြစ်မှုကြောင်း အရဖြစ်စေ တရားစွဲဆိုခြင်း မခံထိုက်စေရ ဆိုတဲ့ အချက်ကို ထောက်ပြပြီး ဒါဟာ အစိုးရ စိတ်ကြိုက် လုပ်နိုင်အောင် အကာအကွယ် ပေးထားတာပဲလို့ ဆိုတယ်။ ဒီနေရာမှ စီအီးစီဟာ ဥပဒေ တစ်ခုလုံးကို မပြောဘဲ လိုရာ ဖြတ်ပြောပြီး မရိုးမသား လုပ်ထားတာ တွေ့ရတယ်။ ရွေးကောက်ပွဲ ဥပဒေ အခန်း ၁၃ မှာ ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှုနှင့် ပြစ်ဒဏ်များ ဆိုတဲ့အခန်းမှာ မည်သည်မဆို ကျူးလွန်ရင် အပြစ်ပေး ခံရမယ့် အချက်တွေ တန်းစီဖော်ပြ ထားပါတယ်။ အဲဒီထဲမှာ ကော်မရှင် အဖွဲ့ဝင်တွေ၊ မဲရုံမှူးတွေ လုပ်လို့ရတယ် မဲစာရင်း လိမ်ခြင်း၊ မဲခိုးခြင်း ဆိုတာတွေ ပါပါသဗျာ၊ ဒါတွေ ကျူးလွန်ရင် ဘယ်သူမဆို အရေးယူ ခံရမှာ ဖြစ်ပါတယ်။ နောက်ပုဒ်မတစ်ခု ညွှန်းထား တာကတော့ စီအီးစီရဲ့ မရိုးသားမှုကို အပေါ်လွင်ဆုံးပါဘဲ။ ဘာကြောင့်လည်း ဆိုတော့ တကယ့် ပုဒ်မမှာက ရှေ့မှာ တရားဝင် အပ်နှင်းထားသော လုပ်ပိုင်ခွင့် အရ ဥပဒေနှင့် အညီ မိမိတာဝန်ကို သဘောရိုးဖြင့် စွမ်းဆောင် နိုင်သမျှ ထမ်းဆောင်သော ကော်မရှင်နှင့် ကော်မရှင် အဖွဲ့ဝင်များလို့ ပါတယ်။ ဒီအချက်တွေနဲ့ ညီမှာသာ တရားစွဲဆိုခြင်းက လွတ်ကင်း မယ်လို့ ဆိုတယ်။ ဒါပေမယ့် စီအီးစီက ရှေ့ဆုံးက ပြည့်စုံရမယ့် Condition ကိုဖြုတ်ပြီး နောက်က စာသားပဲ ထည့်လိုက်တော့ အပြည့်အစုံ မဖတ်နိုင်တဲ့ သာမန် ပြည်သူတွေ ခင်ဗျာ သူတို့ပြော ဟုတ်နိုးနိုး ဖြစ်ရ တော့တာပါပဲ။ ဒါဟာ ပါတီကြီး တစ်ခုရဲ့ ဂုဏ်သိက္ခာ ရှိတဲ့လုပ်ရပ် ဟုတ် မဟုတ်ကတော့ ဆုံးဖြတ်ကြပေါ့ဗျာ။

ဆဌမအချက်ကတော့ ၉၀ ရလဒ်ကို ဖျက်လို့မရဘူး။ ဘာလို့လည်း ဆိုတော့ အခြေခံဥပဒေ ပုဒ်မ ၄၄၆ မှာ တည်ဆဲ ဥပဒေများကို ပြည်ထောင်စု လွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုမီ ဤဖွဲ့စည်းပုံနဲ့ မဆန့်ကျင်လျှင် အတည်ဖြစ် သည်လို့ ဆိုထားတယ်။ ဒါ့ကြောင့် နအဖက ဒီဥပဒေကို ထုတ်တာ တရားမ၀င်ဘူးလို့ ဆိုတယ်။ ဒါပေမယ့် ပုဒ်မ ၄၄၃ မှာ အခြေခံဥပဒေ အာဏာ မတည်မီမှာ နယက က အခြေခံဥပဒေ အကောင်အထည် ဖော်ရေးအတွက် ကြိုတင် ဆောင်ရွက် တဲ့ လုပ်ဆောင်ချက် မှန်သမျှကို အခြေခံဥပဒေအရ ဆောင်ရွက်သည်လို့ မှတ်ယူရမယ်လို့ ပါတယ်လေ။ ဒီတော့ အစိုးရက ဒါကို ကိုင်ပြီး လုပ်သွားတာပဲ။ နောက်တစ်ခုက သူတို့ ပြောနေသလို ၉၀ ရွေးချယ်ခံများနဲ့ ပြည်ထောင်စု လွှတ်တော် ခေါ်လို့လည်း မရဘူး။ ဘာလို့လည်း ဆိုတော့ ပြည်ထောင်စု လွှတ်တော် ဆိုတာ လွှတ်တော် နှစ်ရပ်နဲ့ ဖွဲ့ထားတာကိုး။ ဒီတော့ ကတ်တီး ကပ်ဖဲ့ ပြောတာထက် ဘာမှမပိုပါဘူး။

နောက်ဆုံးအချက်ကတော့ ဒီဥပဒေတွေ ရေးဆွဲတာ ပြည်သူကို ချမပြလို့တဲ့ဗျာ။ လေ့လာ မိသလောက်တော့ အခြေခံဥပဒေ လိုဟာမျိုးက လွဲရင် သာမန် ဥပဒေများဟာ လွှတ်တော်ထဲမှာ ဆွေးနွေး မဲခွဲ အတည်ပြု ကြတာပါပဲ။ လွှတ်တော် မရှိသေးပဲ ဥပဒေကဲ့သို့ အာဏာ တည်သော အမိန့်များနဲ့ အုပ်ချုပ်နေတဲ့ အစိုးရက ဒီလို ထုတ်တာ ဘာဆန်းသလဲ။ နှစ်နှစ်ဆယ်ကျော် ခဲ့ပြီပဲ။ ၉၀ ရွေးကောက်ပွဲ ဥပဒေကိုလည်း ပြည်သူ့ ဆန္ဒခံပြီး ပြဋ္ဌာန်းခဲ့တာမှ မဟုတ်တာ။ ကပ်ပြောရရင် အဲဒီ ၉၀ ဥပဒေ ဟာလည်း ပြည်သူကို ချပြ အတည်ပြုခဲ့တာ မဟုတ်လို့ တရားမ၀င်ဘူး၊ ဒီတော့ အဲဒီ ဥပဒေအရ ရွေးထားတဲ့ အမတ်တွေလည်း တရားမ၀င်ဘူး၊ အဲဒီ ဥပဒေအရ ဖွဲ့ထားတဲ့ ဒီချုပ်လည်း တရားမ၀င်ဘူး ဆိုပြီး အားလုံးဖျက်၊ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ အခြေအနေကို ပြန်သွားကြရင် မကောင်းပေ ဘူးလားလို့ အကြံပေး ရမလို ဖြစ်နေပြီ။

ဒါ့ကြောင့် စီအီးစီ ကြေညာချက် တစ်ခုလုံးဟာ ဘာမှ ထူးထူး ခြားခြား မပါဘဲ အစိုးရကို တရားစွဲမယ် ဆိုပြီး တရားရုံးချုပ်ရှေ့ သွားတဲ့ နိုင်ငံရေး စတန့်ထက် ဘာမှမပိုပါဘူး။ ထူးထူး ခြားခြားကတော့ အခြေခံဥပဒေ (၂၀၀၈) ကို မထောက်ခံဘူး၊ ဆန့်ကျင်တယ် ဆိုတဲ့ စီအီးစီက ဥပဒေ ဆရာကြီးများက သူတို့ရဲ့ ကြေညာချက်ထဲမှာ အခြေခံ ဥပဒေ ပုဒ်မတွေကို ကိုးကားချက် ငါးကြိမ် ဖော်ပြပြီး သူတို့ ပြောတာ မှန်တဲ့အကြောင်း သက်သေထူ သွားတာပါပဲ။ ကိုယ်လက်မခံတဲ့ ဥပဒေကို ပြန်ပြီး ကိုးကားပြီး အကာအကွယ် ယူတဲ့ စီအီးစီဟာ ဘယ်လို လူမျိုးတွေနဲ့ ဖွဲ့ထားတယ် ဆိုတာ စဉ်းစားသာ ကြည့်ကြပါတော့ဗျာ။

အောင်ထက်
ပိတောက်မြေ at 12:45:00 AM

Tun Lin said...

မတ်လ ၂၉ ရက်မှာ ကျွန်တော်တို့ အန်အယ်လ်ဒီ လူကြီးတွေ ပါတီမှတ်ပုံတင်ဖို့/မတင်ဖို့၊ ရွေးကောက်ပွဲ ၀င် /မ၀င် ဆွေးနွေးဆုံးဖြတ်ကြမယ်လို့ သိရတယ်။ ကျွန်တော်တို့လူငယ်အမြင်နဲ့ ပြောချင်ပါတယ်၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဝင်စဉ်အခါကလည်း ဦးတင်ဦးနဲ့ အန်တီစုကို ပါတီကထုတ်ပယ်ပြီးမှ ရွေးကောက်ပွဲဝင်ကြရတာ၊ အဲ့ဒီတုန်းက နိုင်ခဲ့တုန်းကလည်း အန်တီစုဟာ ရွေးချယ်ခံကိုယ်စားလှယ်မဟုတ်ပါဘူး၊ အလားတူ ဦးဝင်းတင် ဟာလည်း ရွေးချယ်ခံကိုယ်စားလှယ်မဟုတ်ပါဘူး၊ ရွေးကောက်ပွဲဥပဒေထဲမှာ ထောင်ကျနေသူများ လို့ဆိုတဲ့အတွက် လက်ရှိထောင်ထဲမှာ ပြစ်ဒဏ်ခံနေရသူများသာ အကျုံးဝင်ပြီး ထောင်ကလွတ်တဲ့လူတွေနဲ့ မပတ်သက်နိုင်ဟု ယူဆရပါတယ်၊ အန်တီစုလည်း ထောင်ကလွတ်လာရင် ပါတီထဲပြန်ဝင်လို့ရတာပဲမဟုတ်လား၊ အခု ဦးဝင်းတင် တို့ သဘောထားက ရွေးကောက်ပွဲမ၀င် ဘူးပြောနေတော့ သူကိုယ်တိုင်ဝင်အရွေးခံရင်လည်း အသက်အရွယ်နဲ့နိုင်မဲ့ အခြေအနေမရှိတော့၊ သူ့နောက်လိုက် သူ့သဘောထားကို လက်ခံတဲ့လူကလည်း မြန်မာတစ်ပြည်လုံး အတိုင်းအတာ မပြောနဲ့ ရန်ကုန်မြို့မှာတောင် လူ (၁၀၀၀) ရှိမယ် မထင်ဘူးဆိုတော့ ၀င်ရွေးလို့ ရှုံးမဲ့အတူတူ ကိုယ့်ကိုယ်ကို သိက္ခာဆယ်တဲ့အနေနဲ့ ၀င် အရွေးမခံဘူးပြောနေတာပေါ့၊ ရွေးကောက်ပွဲမ၀င်လိုပါ ဟု ပြောနေတဲ့လူအားလုံးကို စိစစ်ကြည့်ရင် အသက် (၇၀)ကျော်တွေချည်းပဲ၊ ဒီလိုအသက်ကြီးလူတွေ အရွေးချယ်ခံယှဉ်ပြိုင်ဖို့အတွက် တော်တော်လေး လှုပ်ရှားရုန်းကန်ရမှာ၊ သာမန်ပုံစံမျိုးနဲ့ မရပါ။ ဒီတော့ အများကြားလို့ကောင်းအောင် ရွေးကောက်ပွဲမ၀င်တော့ဘူးပေါ့။

ကျွန်တော်တို့ လူငယ်တွေက ရှေ့ဆက်လုပ်ရမဲ့လုပ်ငန်းတွေရှိသေးတယ်၊ အခြားသူတွေနဲ့ ယှဉ်နိုင်တယ်၊ ဖြစ်နိုင်တယ်ဆိုတဲ့လူတွေ ၀င်အရွေးခံမှာပေါ့၊ ဒါမှ လွှတ်တော်ထဲမှာ ၇၅% ကိုယ်စားလှယ်စာရင်းထဲမှာ ကိုယ်ပါဝင်မှ ကိုယ်တိုင်ဖန်တီးနိုင်မှာပေါ့၊ ကိုယ်တိုင်ဥပဒေရေးဆွဲတဲ့အခါမှာ တင်ပြပါဝင်နိုင်မှာပေါ့၊ အမျိုးသားညီလာခံခေါ်ယူပြီး ဥပဒေမူကြမ်းရေးဆွဲစဉ်က ကျွန်တော်တို့ကိုယ်တိုင် သဘောမတူလက်မခံလို့ အမျိုးသားညီလာခံက နှုတ်ထွက်ခဲ့ကြပြီးပြီပဲ၊ ဥပဒေရေးဆွဲတဲ့အထဲ မပါဝင်လို့ ကန့်ကွက်တယ်ဆိုပြီးပြောနေရင် ဘေးထိုင်ဘုပြောနေတာနဲ့ အတူတူပဲ၊ ကိုယ်ပါဝင်မှ ကိုယ်ဖန်တီးလို့ရမှာပေါ့၊ မပါဝင်ဘဲနဲ့ ပါးစပ်နဲ့ပြောနေလို့ အလုပ်ဖြစ်မှာမဟုတ်ဘူး၊ အင်ဒိုနီးရှားမှာလည်း ဒီမိုကရေစီကို စတင်ပြောင်းစဉ်က စစ်တပ်က ၂၅% ပါတာပဲ၊ နောက်ပိုင်းမှာ ဖွဲ့စည်းပုံဥပဒေပြန်လည်သုံးသပ်ပြင်ဆင်ပြီး တဖြည်းဖြည်းနဲ့ စစ်တပ်ကလွှတ်တော်ကိုယ်စားလှယ်ထဲမှာ မပါသလောက်ဖြစ်သွားပြီး ဒါကိုနမူနာ ယူသင့်တယ်လို့ ထင်တယ်။
ဦးသုဝေတို့ ဒီမိုကရက်တစ်ပါတီကတော့ ရွေးကောက်ပွဲဝင်မယ်၊ လွှတ်တော်ထဲရောက်ရင် ဥပဒေတွေ ပြင်မယ်ဆိုပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြပြီ၊ ကျွန်တော်တို့ အန်အယ်လ်ဒီပါတီက ငြင်းခုန်ရင်းနဲ့ ဘေးထိုင်ဘုပြော၊ အလုပ်မဖြစ်ဘဲ နာမည်ကြီးထမင်းငတ်တော့ အဖြစ်မခံလိုဘူး၊ ကျွန်တော်တို့သေချာပေါက်နိုင်မဲ့ နယ်မြေမှာ ၀င်အရွေးခံပြီး တူရာစုပြီး မဟာမိတ်ဖွဲ့ပြီး လွှတ်တော်မှာတရားဝင်ပြောဆိုဆွေးနွေးခွင့်ရအောင် ဆောင်ရွက်ရမှာပဲ၊ ရွှေတူးတဲ့လူတွေ ရွှေတစ်မျိုးတည်းရတာမဟုတ်ပါဘူး၊ ငွေ၊ သွပ်၊ သံ၊ သတ္တုတွေရောပါကြတာပဲ၊ ဒါတွေကို တဖြည်းဖြည်းသန့်စင်လိုက်မှ ရွှေဆိုတဲ့ သန့်စင်သတ္တုကို နောက်ဆုံးရောက်လာတာပါ။ စတူးတုံးကတည်းက ရွှေမှာအရောအနှောတွေပါလို့ မယူတော့ဘူးဆိုရင် အဲ့ဒီအရောအနှော မြေစာတွေလာကျူံးယူမဲ့လူတွေက အဆင်သင့် စောင့်နေကြတာပါ။ နည်းစနစ်ကောင်းကောင်းနဲ့ စနစ်တကျ သန့်စင်မယ်ဆိုရင် အရောအနှောတွေပါတဲ့ ရွှေသတ္တုဟာ အချိန်တိုအတွင်း သန့်စင်တဲ့ ရွှေဖြစ်သွားမှာပါ။ ဒါတောင်မှ ၉၉.၉၉% ပဲ ရမှာပါ။ ၁၀၀% မရပါဘူး၊ ကျွန်တော်တို့ အန်အယ်လ်ဒီက ၇၀ ကျော် အတွေ့အကြုံကြွယ်ဝသူများ သတိမထားမိတာကလေးကို ဖော်ပြရတာပါ။ လူငယ်ဆိုတော့ စမ်းကြည့်ချင်တယ်၊ ၀င်မပြိုင်နိုင်စရာအကြောင်းမရှိတော့၊ ၀င်ပြိုင်မှ နိုင်တယ်/ရှုံးတယ်ဆိုတဲ့ အဖြေထွက်လာမှာပါ။ ကျွန်တော်တို့လူငယ်တွေကတော့ ရွေးကောက်ပွဲမှာ
ဝင်ပြိုင်ဖို့ပဲ အားသန်နေကြကြောင်းပါ။

မောင်ရေချမ်း( NLD အဖွဲ့ဝင်ဟောင်း)
Thursday, 25 March 2010 08:37
Source: http://myochitmyanmar.org/

Nayminthuria said...

ကြေးစား စာရေးဆရာတွေခမျာလည်း နောက်ကနေကြိမ်နဲ့ တို့ တိုင်း ကလောင်နာမည်အမျိုးမျိုးနဲ့ ရေးရရှာတယ်။ ခင်ဗျားတို့ စားဝတ်နေရေးအတွက်လုပ်ရတယ်ဆိုတာနားလည်ပါတယ်။ ဒါပေမယ့် တိုင်းပြည်ချောက်ထဲကျအောင်ရေးပြီးတော့မှ ပိုက်ဆံရအောင်ရေးရတဲ့ခင်ဗျားတို့ ဘ၀မျိုးထက် သူတောင်းစားတွေကမှ ပိုသာပါလိမ့်အုံးမယ်ဗျာ။ ကြည့်ကြပ်လဲလုပ်ကြဗျို့ 

Unknown said...
This comment has been removed by the author.
Unknown said...

ko htoo said:

ကုလ လခကမှာလည်း ဘာမထူးတဲ့ အထူး ကြေညာချက်တောင် မထုတ်လိုက်ရဘူး။ တီတီစုရဲ့ ယောက္ခမတိုင်းပြည်က အကြီးအကျယ် ပေါက်ကွဲ ပေမဲ့လဲ တရုတ်ကြီးက ကန့်ကွက်တာနဲ့ပဲ ပွဲပြီးသွားပါတယ်။ မောင်ထူးတောင် ပြင်းထန်စွာ ရှုတ်ချ ဘာညာလေးတော့ ၀တ်ကျေတန်းကျေ ထွက်လာမယ်ထင်တာ။

ခေတ်ပြိုင်က စားရေးသူမောင်သြရေးသလို လခကမှာလည်း အစအ၀တွေလုပ်နေပြီ။ တိုင်း၇င်းသားတွေနဲ့ပြဿနာ ဒီချုပ်နဲ့ပြဿနာ နိုင်ငံတကာက ပေးတဲ့ဖိအားပေး။ ဘာညာပေါ့။ နအဖ အရူးမီးဝိုင်းနေပြီပေါ့။

အဲတာမျိုးတွေ ဖတ်လာတာ အနှစ် ၂၀ ရှိပြီ။ တခါမှလည်း မမှန်ဘူး။ နအဖက အချိန်တန် သူလုပ်ချင်တာ လုပ်သွားတာပဲ။ အမှန်တော့ ပါးစပ်အရသာ ခံပြောနေတာ။ ဖိုးသံချောင်း ဆိုသူလည်း တူတူပဲ။ လှန့်လုံးခြောက်လုံးတွေ ရေး။ ဒီချုပ်မှ ဒီချုပ် ဆိုသူတွေလည်း သူတို့ပြောတာတွေ ယုံ။ အိပ်မက်တွေမက်။ သူတို့က လက်တွေ့ နိုင်ငံရေးထက် စိတ်ကူးယဉ် နိုင်ငံရေးကို အဟုတ်မှတ်နေတဲ့ သူတွေပဲ။

အခုလည်း ရွှေဂုံတိုင်ဖက်တွယ်ပြီး စိတ်ကူးယဉ် NLD အုပ်စု တစ်စု မကြာမီလာမည်။ အချို့ကလည်း နောက်ဆုံး တိုက်ပွဲရောက်ပြီ။ အစိုးရကျေညာလိုက်။ အဲဒီအစိုးရအဖွဲ့ကို နအဖက ဂျေးထဲပို့လည်း ခဏလောက် ခံလိုက်။ အဲတာကို ဗန်းပြပြီး နိုင်ငံတကာမှာ ဟိုမှာ ပွဲကြမ်းနေပြီ။ လုပ်ကြပါဦး။ ၀ိုင်းကြပါဦးပေါ့။ အားကိုးမလို့။ မျော်လင့်နေတာ။

အဲလို အခါပေးတဲ့ သူတွေကြည့်လိုက် အေးရာအေးကြောင်း ပြည်ပကနေပြောနေတာ။ အချိန်တန်တော့ ရွှေးကောက်ပွဲက သူဘာသာ ပြီးသွားရော။ သူတို့ပြောလို့ လိုက်လုပ်တဲ့ အဖိုးကြီးတွေ သံတိုင်နောက်ရောက်တာပဲ အဖတ်တင်မယ်။

ရဲရဲတောက်တွေ စိတ်လျော့ စိတ်လျော့။
ရွှေးကောက်ပွဲကို ကြိုက်ကြိုက် မကြိုက်ကြိုက် ဒီလမ်းကပဲ တဖြေးဖြေးပြောင်းလဲဖို့ရှိတယ်။ ဆန္ဒတွေစောလည်း ဘာမှ ဖြစ်လာမှာ မဟုတ်ပါ။

source: https://www.blogger.com/comment.g?blogID=7012297844331854525&postID=2407798251529640044

Tun Lin Naing said...

ခွေးမသား ထွန်းလင်း
မင်းကို ခွေးနဲ့ နှိုင်းရတာ ခွေးသိက္ခာ ကျတယ်။
နားလည်လား။

Tun Lin Naing said...

ခွေးမသား ထွန်းလင်း နဲ့ မိုက်ခဲ ဆိုတဲ့ ကောင်တွေ၊ မကြာခင် မင်းတို့လဲ စစ်ခွေးတွေလို ချီးတ၀ စားပြီး သေပွဲဝင်ရတော့မယ်။

Tun Lin Naing said...

ဒီလောက်ကလိမ်ကကျစ်လုပ်၊ ရက်စစ်နေတဲ့ စစ်အစိုးရကို သိနိုင်တဲ့ Brain မင်းတို့မှာ မရှိဘူးလားကွ ဟေ့ ထွန်းလင်း၊ ဇင်ယော် နဲ့ အပေါင်းပါတွေ၊
မင်းတို့လိုခွေးမျိုးတွေကြောင့် တိုင်းပြည် ခုလိုစုတ်ပြတ်သတ်နေတာ။ အင်အားရှိတဲ့ လူယုတ်မာတွေဘက်က ကပ်ဖားယပ်ဖား ရေးနေရတာကို အဟုတ်ကြီးမှတ်နေလားကွ။
နောင်တစ်ချိန် ခေတ်ကောင်းတဲ့အခါ မင်းတို့သားသမီးတွေ မင်းတို့ရဲ့အခုလိုအောက်တန်း ကြတဲ့စိတ်ဓာတ်ကြောင့် လူတွေကြားမှာဘယ်လောက် မျက်နှာငယ်ရမလဲ။ အပြစ်မဲ့တဲ့မင်းတို့ရဲ့ သားသမီး၊ မြေးမြစ်တွေအတွက်
စဉ်းစားသင့်တယ်။ ကိုယ့်ဖို့ပဲ မကြည့်ပါနဲ့။ Please rectify your thinking.

 
----------------------------------------- */ /* EOT ----------------------------------------- */