“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, March 26, 2010

စုန်းမအိုလင်မယား.မြေမျိုချိန်ကျတော့မယ်။

Summary
ဒေါ်အောင်ဆန်းစုကြည်ကံဇာတာကောင်းချိန်ရောက်ပြီး။

နှစ်သစ်ကူး မင်္ဂလာသတင်းကောင်း
ဗေဒင် နက္ခတ်ပညာရှင်များ၏ လျှို့ဝှက် နှစ်သစ်ဟောစာတမ်း
…………………………………………………………………………….
မြန်မာပြည်သည် လာမည့်နှစ်ဆန်းတစ်ရက်နေ့မှ စတင်ကာ ကံကောင်းသော နှစ်အဖြစ် စတင်လာပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။
ယခုလက်ရှိမတရား စိုးမိုးအုပ်ချုပ်နေသော မောင်သန်းရွှေသည် ကံဇာတာအရ ဘင်္ဂအပျက်သို့ လာမည့်နှစ်ဆန်းတစ်ရက်နေ့တွင် စတင်ကျရောက်မည်။ ၎င်း၏ ဇနီးတနင်္လာသမီး မကြိုင်ကြိုင်သည် ကံဇာတာအရ အင်မတန်ဆိုးသော မရဏ
သေကိန်းသို့ကျရောက်နေလေပြီ။ မကြိုင်ကြိုင်သည် လာမည့်နှစ်ဆန်းတစ်ရက်နေ့မှစတင်ကာ ကံဆိုးမိုးမှောင်ကျမည့်နှစ်သို့
ဧကန်မုချကျရောက်ပြီ။

ယခုအခါ မတရားသဖြင့်ချုပ်နှောင်ခံနေရသော အင်္ဂါသမီး အောင်ဆန်းစုကြည်သည် ကံဇာတာအရ အမြင့်ဆုံးအဓိပတိသို့ လာမည့်နှစ်ဆန်းတစ်ရက်နေ့မှ စတင်ကာ အထူးကံကောင်းမည်။
အများပြည်သူများအတွက် ယတြာ လိုလျှင်ကြံဆ နည်းလမ်းရဆိုသည့်အတိုင်း တိုင်းပြည်၏ကံကြမ္မာဆိုးကို ဖန်တီးနေသော မောင်သန်းရွှေ ကံဆိုးသထက် ဆိုးစေချင်လျှင် သောကြာနေ့တိုင်း၎င်း သန်းရွှေ၏ ကက်ကင်းဓာတ်ဖြစ်သော ရှောက်သီးကို ပါးပါးလှီးပြီး
ဝက်သားနှင့် ချက်စားပါ။ မောင်သန်းရွှေ အကြီးအကျယ် လူလှိမ့်ခံရမည်။
ကြိုင်ကြိုင်အား ခွေးပြေးဝက်ပြေး ဖြစ်စေလိုလျှင် ကြေးခွက် ကိုတနင်္ဂလာနေ့တိုင်း ခြောက်ခါ တီးပါ။ ပြည်သူပြည်သားတို့၏ အလိုဆန္ဒမုချပြည့်စုံစေရမည်။
ဒေါ်အောင်ဆန်းစုကြည် ပို၍ ကံကောင်းစေသော ယတြာ
အင်္ဂါသားသမီးများသည် လာမည့်နှစ်သစ်တွင် အထူးကံကောင်းလျှက်ရှိသည်။
အချုပ်အနှောင်ခံနေရသော အင်္ဂါသမီး ဒေါ်အောင်ဆန်းစုကြည်အား ပို၍ ကံကောင်းစေလိုလျှင် လမည့်နှစ်ဆန်းတစ်ရက်နေ့မှစတင်ကာ အင်္ဂါနေ့တိုင်း ဘုရားစေတီများတွင် ဆီမီး ကိုးခွက်၊ အောင်သပြေ ကိုးခက်၊ သာသနာ့အလံကိုးလက်တို့ကို လှူပေးပါ။ ဗမာပြည် ဧကန်မုချ အောင်ပွဲခံရမည်။

မှတ်ချက်။ သင်္ကြန်စာတွင် ထည့်သွင်း ဖော်ပြခွင့်မရသည့်အတွက် သီးသန့်လျှို့ဝှက်ဖြန့်ဝေလိုက်သည်။

မြန်မာ့ ဗေဒင် နက္ခတ်ပညာရှင်များအဖွဲ့

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */