“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, March 23, 2010

ကျားနဲ့  လင်းတ..လယ်ပြင်မှာ..တွေ့ နေပြီ

NLD နှင့် နအဖ ထိပ်တိုက်တွေ့နေပြီ
တရားမျှတမှုမရှိသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ငါးရပ်နှင့်ပါတ်သက်ပြီး NLD နှင့် နအဖတို့သည် ထိပ်တိုက် တင်းမာမှုများ ဖြစ်ပေါ်လာနိုင်သော အလားအလာများပေါ်ထွက် လာနေပြီ ဖြစ်ပါသည်။ NLD ၏ ခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က မတရားတဲ့ ရွေးကောက်ပွဲ ဥပဒေ ပါတီ မှတ်ပုံတင် ဥပဒေများအရ သူ့အနေနှင့် ပါတီမှတ်ပုံတင်ရန် စဉ်းစားမည် မဟုတ်ကြောင်း အတိအလင်း ပြောကြားခဲ့ပါသည်။
ယနေ့ နေ့လည်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သူ ဦးဥာဏ်ဝင်းက သူ့အား ဒေါ်အောင်ဆန်းစုကြည်က သူ့မတဦးတည်း အနေနှင့် ပြောရလျှင် ယခုကဲသို့ တရားမျှတမှု မရှိသော ရွေးကောက်ပွဲ ဥပဒေများကို လက်ခံ၍ ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ဖို့ စဉ်းစားမည်မဟုတ်ဟု ပြောဆိုခဲ့ပါသည်။ ဦးဥာဏ်ဝင်း၏ ပြောပြချက်အရ ဒေါ်အောင်ဆန်းစုကြည်က ထိုဥပဒေများသည် NLD နှင့် အတိုက်အခံ အင်အားစုများ အပါအဝင် ပြည်ပမှ ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်မည့် သူများကို တားမြစ် ကန့်သတ်ရန် တမင်ဆောင်ရွက်ထားသော ဥပဒေသာဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ ပြောဆို ခဲ့သည်ဟု ဆိုပါသည်။
ယနေ့ နံနက်ပိုင်းကလည်း NLD ဥက္ကဌ ဦးအောင်ရွှေနှင့် ရှေ့နေများဖြစ်ကြသော ဦးကြည်ဝင်းနှင့် ဦးဥာဏ်ဝင်းတို့ ၏ ထိုရွေးကောက်ပွဲ ဥပဒေများ၏ မမျှတမှုအပေါ် တရားစွဲဆိုရန် တင်ပြခဲ့မှုကို ဗဟိုတရားရုံးချုပ်က လက်မခံပဲ ပယ်ချခဲ့ပါသည်။
ရှေ့နေများ၏ ပြောပြချက်အရ NLD ဥက္ကဌသည် ထိုနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အပါအဝင် ဥပဒေ ၅ရပ် အပေါ် တရားဥပဒေ လမ်းကြောင်းအရ ကန့်ကွက်ရန် ကြိုးပန်းဆောင်ရွက်ခဲ့သော်လည်း ဗဟို တရားရုံးချုပ်က ပယ်ချခဲ့သဖြင့် ဥပဒေလမ်းကြောင်းအရ ဖြေရှင်းရန် အခွင့်အရေး မရရှိခဲ့ဟု ဆိုပါသည်။
ယခုအခါတွင် NLD ၏ ဆုံးဖြတ်ချက်ကို နိုင်ငံတကာမှ သတိထားစောင့်ကြည့်နေသလို ထိုရွေးကောက်ပွဲ၏ တရားဝင်မှု မဝင်မှုသည်လည်း NLD ပါတီ၏ ဆုံးဖြတ်ချက်အပေါ် မူတည်နေပါသည်။ အစပိုင်းတွင် ပါတီတွင်း ဗဟိုကော်မတီများကြားတွင် သဘောထားကွဲလွဲမှုများရှိခဲ့ကြောင်း ပြည်တွင်း ပြည်ပတွင် သတင်းများ ပြန်နှံ့လာခဲ့ရာ ပြည်သူလူထုများအနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်နေခဲ့ကြပါသည်။
လာမည့် ၂၉ရက်နေ့တွင် ကျင်းပမည့် NLD ပါတီ၏ အီးစီစုံညီ အစည်းအဝေးမှ NLD ပါတီ မှတ်ပုံတင် မတင် မဲပေး၍ ဆုံးဖြတ်ချက် ချရတော့မည်ဖြစ်ရာ အကယ်၍NLD ပါတီ အနေနှင့် မူလက ကြေငြာထားခဲ့သော ရွေဂုံတိုင် ကြေငြာချက်အတိုင်း ဆက်လက်ကိုင်စွဲမည်ဟု ဆုံးဖြတ်ခဲ့ပါက NLD ပါတီအနေဖြင့် စစ်အုပ်ချုပ် သူများကို ထိပ်တိုက်ရင်ဆိုင်ရတော့မည် ဖြစ်ပါသည်။
ပြည်သူလူထုများ အနေနှင့်မူ ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးက ပေါ်ထွက်လာခဲ့သော NLD ပါတီကို ပြည်သူများ၏ ဆန္ဒနှင့် အညီဦးဆောင်မှု ပေးခဲ့ခြင်းကြောင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် တခဲနက် ထောက်ခံမဲ ပေးခဲ့ကြခြင်းဖြစ်ပါသည်။ ယခုအချိန်တွင်လည်း NLD ပါတီ၏ ပြတ်သားသော ဦးဆောင်မှု ကိုသာ မျှော်လင့်နေကြမည်မှာ အသေအခြာပင်ဖြစ်ပါသည်ဟု တင်ပြလိုက်ပါသည်။
ရွှေဝါရောင်သတင်းလွှာ၏ ပြည်တွင်းသတင်းထောက် သတင်းပေးပို့ချက်ကို Saffron news Letter group မှ သုံးသပ်တင်ပြထားပါသည်။
http://saffrontoward.blogspot.com/

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */