“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, March 25, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ အကြံပြုတင်ပြတိုက်တွန်းချက်

၁။ ဒီမိုကရေစီအင်အားစု အဖွဲ့ အစည်းများမှခေါင်းဆောင်များတက်ရောက်ဆွေးနွေးခဲ့သည့် ၂၀၁၀ ခုနှစ် မတ်လ ၁၃ ရက်နေ့  ဖုန်းမော် အခန်းအနားတွင် ပြည်သူ့ အစိုးရတစ်ရပ်ဖွဲ့  စည်းသင့် ကြောင်း ကို သဘောတူညီဆုံးဖြတ်ချက်ချခဲ့သည်၊ ၄င်းသဘောတူညီဆုံး ဖြတ် ချက် ကို မတ်လ (၁၄) ရက်နေ့တွင် ပြည်သူ့လွတ်တော်အမတ်များသမဂ္ဂမှလည်းထောက် ခံခဲ့ သည်၊ မိမိတို့  မှ လည်း အမျိုးသား ဒီမိုကရေစီအဖွဲချုပ်အနေဖြင့် ပြည်သူ့ အစိုးရတစ်ရပ်ဖွဲ့ စည်းရန် ဆိုသည့် ဆုံးဖြတ် သဘောတူညီချက်များအား ထောက်ခံပါသည်။

၂။ ထို့အတူ ယခုအချိန်အခါတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လည်းကောင်း အနိုင်ရ တိုင်းရင်းသားပါတီများ အနေဖြင့် လည်းကောင်း ရွေးချယ်စရာလမ်းမှာ ပြည်သူ့ အစိုးရ တစ်ရပ်ဖွဲ့  စည်းရန်မှတပါးအခြားမရှိသည့် နိုင်ငံရေးနောက်ဆုံးတိုက်ပွဲဖြစ်ကြောင်း ပထမဦးစွာ အကြံပြု တင်ပြအပ်ပါ သည်။

၃။ ဥက္ကဌ ဦးအောင်ရွှေမှ ဦးစီးကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် သန်းရွှေအား ရဲဝံ့ပြတ် သားစွာ တရားစွဲ ဆိုလိုက်ခြင်းကို မိမိတို့မှ များစွာ ဂုဏ်ယူနှစ်ထောင်းအားရပါသည်။ သို့သော် နအဖ စစ်အုပ်စု မှပယ်ချလိုက်သည့်အတွက် အဆုံးသတ်တိုက်ပွဲ နည်းဗြူဟာ အဖြစ် အစိုးရတစ်ရပ်ဖွဲ့စည်းလိုက်ခြင်းဖြင့် ပြည်သူမှပေးထားသည့် တာဝန်အား ကျေပြွန်စွာဖြင့် မြန်မာပြည် အား သတ္တိရှိရှိကယ်တင်ရမည့် အချိန်အခါဖြစ်ကြောင်းတင်ပြပါသည်။

၎။ ယခုအဆုံးသတ်တိုက်ပွဲ နည်းဗျူဟာအနေဖြင့် အစိုးရတစ်ရပ်ဖွဲ့စည်းရေးသည် လွန်စွာမှ အန္တရာယ်ရှိပြီး ပါတီအား မတရားအသင်း အဖြစ်ကြေညာခြင်း၊ ခေါင်းဆောင်များအား ဖမ်းဆီး ထောင်ချခြင်း တို့ကို နအဖ မှ မလွဲဧကန် လုပ်ဆောင်မည်ဖြစ်သည်၊ ထိုအချက် များအား မိမိတို့ အနေဖြင့်ကြိုတင်သိရှိထားပြီးဖြစ်သည့်အတိုင်း သတ္တိရှိရှိ သတိရှိရှိနှင့် ရင်ဆိုင်ရမည် ဖြစ်ပါသည်။

၅။ မည်သည့် နိုင်ငံရေးလှုပ်ရှားမှုမျှမလုပ်လည်း ဖမ်းဆီးခြင်းထောင်ချခြင်းတို့ကို အချိန်အခါ မရွေး ခံနေရခြင်းကိုသတိချပ်သင့်ပါသည်။ ယခုနည်းဗျူဟာသည် လွန်စွာမှ ခက်ခဲကြောင်းကို အား လုံးမှ နားလည်သဘောပေါက်ကြပါသည်၊ သို့သော် ရွေးချယ်ရန်လမ်းမှာ ယခုလမ်း က အကောင်းဆုံးဖြစ်ကြောင်းတင်ပြပါသည်။

၆။ ၈ လေးလုံးတွင်း ကျဆုံးခဲ့သော ရဟန်းရှင်လူပြည်သူများနှင့် ကျောင်းသားများ ပေးဆပ်ခဲ့ သည့် အသက်သွေးများ။ ယနေ့အချိန် ကာလအထိ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ထောင်တွင်း အကျဉ်းကျခံကာ ဆက်လက်တိုက်ပွဲဝင်နေသည့် နိုင်ငံရေးအကျဉ်း သမား အားလုံးတို့၏ မျက်နှာများအား ထောက်ထားစေချင်ပါသည်။

၇။ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခြင်းမရှိပဲ အစိုးရတစ်ရပ်ကိုဖွဲ့စည်းစေခြင်းမဟုတ်ကြောင်း လည်း တင်ပြအပ်ပါသည်၊ လက်ရှိအရေးပေါ် ကာလနှင့် နအဖ၏မှားယွင်းမှုအားအခွင့်ကောင်း ယူကာ ကမ္ဘာ ကအာရုံစိုက်နေချိန်တွင် အဆုံးသတ်တိုက်ပွဲဆင်နွဲရမည့် အချိန် ကာလ ဖြစ်ပြီး၊ မိမိတို့ အစိုးရတစ်ရပ်ထွက်ပေါ်လာသည့် အချိန်ကာလအတွင်း မတရားသည့် ဥပဒေမှန်သမျှ ဖျက်သိမ်းကာ ဒေါ်အောင်ဆန်း စုကြည် အပါ အ၀င် ကျန်တိုင်းရင်းသားခေါင်းဆောင်များအား အစိုးရအဖွဲ့တွင် ပါဝင်စေနိုင်ပါသည်။

(ဥပမာ - ၁၉၉၇ ခုနှစ် ထိုင်းနိုင်ငံတွင် ၀န်ကြီးချုပ်ချာဗလစ်ယောင်ချာယု နေရာအား ၀န်ကြီးချုပ် ချူအင်လီပိုင်းအား အစားထိုး၍ ၎င်းတို့တိုင်းပြည်အကြပ်အတည်းများ ကိုဖြေရှင်း ခဲ့ခြင်း)

၈။ ပြည်သူ

၁၉၉၀ ပြည်သူဆန္ဒ ခံယူထားသည့် လွတ်တော်အမတ်များအနေဖြင့် ယခုအချိန်ကာလတွင် မိမိတို့အား တခဲနက်မဲပေးထောက်ခံထား သည့် မဲဆန္ဒနယ်မြေများမှ မဲဆန္ဒရှင်များ၏ သဘောထားဆန္ဒများအား တောင်းခံထားရန်လိုအပ်ကြောင်း အကြံပြုတင်ပြပါသည်။ သို့မှသာ အရေးပေါ်ကာလတွင် ပြည်သူ့ဆန္ဒ နှင့် အညီ အစိုးရဖွဲ့စည်းရခြင်းဖြစ်သည်ကို ကမ္ဘာ နှင့် ကုလသမဂ္ဂသို့တင်ပြ ဖေါ်ပြ နိုင်မည်ဖြစ်ပါသည်။ ပြည်သူ့အသံကိုလည်း နားထောင် ၍ ၎င်း တို့၏ ဆန္ဒများကို တလေးတစား လိုက်နာရန်လိုအပ်ပါသည်။

၉။ စစ်တပ်

မိမိတို့ အနေဖြင့် တပ်မတော်သားများ၏ ဆန္ဒကိုလည်း ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ် အရ ရရှိထားပြီးဖြစ်သည်။ ဥပမာ - မင်္ဂလာဒုံ တပ်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ် အား မဲ ပေးခဲ့သည့်ကိစ္စ ။ ထိုကာလမတိုင်မှီ ၁၉၈၈ ခုနှစ် ၈ လေးလုံး အရေးတော်ပုံတွင် လည်း တပ်မတော်သားများ ပါဝင်ခဲ့ကြပါသည်၊ သို့ သော် မိမိတို့  အင်အားစုများမှ နေ၀င်းအစိုး ရမှစ နောက်ဆုံးဦးနုအစိုးရဖွဲ့ သည်အထိ မည်သည့် အစိုးရကိုမျှလက်မခံပဲ နိုင်ငံရေးဦး တည်ချက် မဲ့နေပြီး သပိတ်ကိုသာတွင်တွင်ဆက်လက်မှောက်နေသည့်အတွက် စစ်တပ်မှ အာဏာသိမ်း ခြင်းကို ယနေ့ အချိန်ထိခံနေရခြင်းဖြစ်သည်။ ဥပမာ - အာဏာမသိမ်းမှီ (၃) ရက် အလိုတွင် ဗိုလ်ကြီး တစ်ဦးဖြစ်သူ ဗိုလ်ကောင်းဇံမှ မင်းတို့ကျောင်းသားတွေ၊ ပြည်သူတွေ၊ ရဟန်းတွေက ဘယ်အစိုးရကိုမှ လက်မခံပဲ မင်းမဲ့စရိုက်နေချင်လို့တော့မရဘူး၊ ငါတို့စစ်တပ်ဆိုတာလည်း အစိုးရတခုခုအောက်မှာ ရှိရတယ်၊ ငါ့အနေနဲ့စောင့်ကြည့်နေတယ် ဒါပေမဲ့ မင်းတို့အားလုံးက ပြောင်းလဲမလာ ဘူး၊ ဦးနုအစိုးရကိုလည်းလက်မခံဘူး ဒီတော့ ငါအထက်ကို အစီရင်ခံစာပို့မယ် လူ တစ်သောင်းလောက်ပစ်သတ်လိုက်ရင် အားလုံးအိမ်ထဲပြန်ဝင်သွားလိမ်မယ်၊ (ခလရ ၁၆ ကွန်မန်ဒိုတပ် -- ၄င်းအချိန်က ဗဟန်းမြို့ နယ် လင့်ခ်လမ်းဒေါင့်ရှိ စစ်ပြန်စစ်မှုထမ်းဟောင်း ကားဝင်းအတွင်းတပ်စွဲထားခဲ့စဉ်ကပြောခဲ့ခြင်းဖြစ်သည်၊ ယခု ၄င်းသည် ဗိုလ်မှုးကြီးအဆင့်ဖြင့် တမူးမြို့ နယ်တွင် ရ၀တ ဥက္ကဌ တာဝန်ဆက်လက်ထမ်းဆောင်နေသည်) ၄င်းကာလတွင် အခြားတပ်များလည်း ထိုနည်းတူ စောင့်နေခဲ့ကြသည်။

ထို့ကြောင့် မိမိတို့အနေဖြင့် စစ်တပ်ကြီးအလိုလိုကွဲ မိမိတို့ကို ကူညီဆိုတဲ့ အတွေးထက် မိမိတို့ မှ ဦးဆောင်ကာ ပြည်သူ့အစိုးရ တစ် ရပ်ဖွဲ့စည်းဖို့ လိုအပ်ပါသည်။ သို့မှသာ မိမိတို့ဖက် ပါမည့် တပ်မတော်သားများအနေဖြင့်လည်း ပြတ်ပြတ်သားသားရပ်တည်ပါဝင် လာ မည်ဖြစ်ပါ သည်။ ဦးတင်ဦး ကဲ့သို့သော ခေါင်းဆောင်ပါဝင်သည့် အစိုးရတစ်ရပ်အား ထောက်ခံပါဝင်လာ မည့် တပ်များ အများအပြား ရှိမှာ မလွဲဧကန်ဖြစ်ပါသည်။

၁၀။ အပြည်ပြည်ဆိုင်ရာ

အပြည်ပြည်ဆိုင်ရာမှ မိမိတို့ အားထောက်ခံအားပေးနေသည့် တိုင်းပြည်များမှလည်း ယခု အချိန်ကာလတွင် ပြည်သူ့ အစိုးရတစ်ရပ် အမျိုး သားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဖွဲ့ စည်း ထူထောင် လိုက်ပါက ကူညီထောက်ခံမည့်နိုင်ငံအများအပြားအဆင်သင့်ရှိနေမည်ဖြစ်ပါသည်။
၎င်းတို့  အနေဖြင့်ထိုသို့ ပြုလုပ်ပါဟူ၍ ထုတ်ဖေါ်အကြံပေးခြင်းမျိုးလုပ်ရန်မသင့်သဖြင့် ထုတ် ဖေါ် မပြောကြခြင်းဖြစ်ပေမည်။ လက်သည် တခုတည်းအားကိုးမရပါ ကိုယ်ကိုယ်တိုင်ကလည်း ညစ်အားပေးမှ ခလေးမွေးနိုင်မည်ဖြစ်သည်။ ထို့အတူ ၁၉၉၀ အနိုင်ရပါတီအနေဖြင့် နည်းလမ်းဘောင်အတွင်းမှ မိမိတို့က အစိုးရဖွဲ့စည်းခြင်းဖြစ်ပါသည်၊ ထို့ကြောင့် ကြီးမားသည့် ပြဿနာ ဖြစ်လာပါက ကုလသမဂ္ဂ အပါအ၀င် အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းမှ ပြတ်သား သည့် ရပ်တည်ချက်များပေါ်ထွက်လာမည်ဖြစ်ပါသည်။ အမေရိကန် နိုင်ငံကဲ့သို့ ပါဝါကြီးသည့် အစိုးရအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရလဒ်အား မြန်မာ များလွတ်မြောက်ရေးနှင့်ဒီမိုကရေစီ ပြည်သူ့အက်ဥပဒေ ၂၀၀၃ ခုနှစ် (BURMESE FREEDOM AND DEMOCRACY ACT OF 2003) တွင် ထောက်ခံ အတည်ပြုထား ပြီးဖြစ်ပါသည်။ (ပူးတွဲဖေါ်ပြပါ)

၁၁။ သတိပြုရန်အချက်များ

၁။ နအဖ စစ်အုပ်စု ၏ အမျိုးသားညီလာခံအား ဆန့် ကျင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ညီလာခံမှနူတ်ထွက်ခဲ့သည်၊နအဖ မှ အောင်မြင်စွာကျင်းပနိုင်ခဲ့၍ အခြေခံဥပဒေ ကို ရေးဆွဲ နိုင်ခဲ့သည်။

၂။ နအဖ စစ်အုပ်စုမှ ၎င်းတို့၏ အခြေခံဥပဒေကို အဓမ္မ မဲဆန္ဒခံယူပွဲဖြင့် အတည်ပြုနိုင်ခဲ့သည်၊ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်မှ ဆန့်ကျင် ကန်ကွက်သည့် ကြေညာချက် နှင့် ရာသီဥတုသာ သည့်အချိန်တွင် မဲဆန္ဒခံယူပွဲအား ပြုလုပ်သင့်ကြောင်း ကြေညာချက်တို့သာထွက်နိုင်ခဲ့သည်။

၃။ တရားမျှတမှုမရှိသည့်ရွေးကောက်ပွဲဥပဒေအား ဥက္ကဌ ဦးအောင်ရွှေမှ ဦးစီးကာ သန်းရွှေအား တရားစွဲဆိုသည့် လုပ်ငန်းအား ပယ်ချ လိုက်သည်၊ ထို့ အပြင်နောက်ထပ် နအဖ စစ်အုပ်စုမှ ထိုအချက်အားထောက်၍ အဖွဲ့ချုပ်အား ဒုက္ခပေးလာမည် ကိုကြိုတင်ပြင်ဆင် ထားရန်လိုအပ်ပါသည်။

၎။ ရွေးကောက်ပွဲကို နည်းမျိုးစုံနှင့် ဆန့်ကျင်ခြင်း၊ သပိတ်မှောက်ခြင်း မှတ်ပုံမတင်ခြင်း စသည်တို့ပြုလုပ် ပြီးလျှင် ရှေ့နိုင်ငံရေး လုပ်ငန်း စဉ်အားကြိုတင်ပြင်ဆင်ထားခြင်း ရှိရမည်ဟု ထင်မြင်သုံးသပ်ပါသည်၊ နအဖ စစ်အုပ်စုမှ လုပ်လာသည့် လမ်းကြောင်း များအတိုင်းသာ လိုက်၍ဆန့်ကျင်လာခဲ့သည်မှာ အနှစ် (၂၀) ပြည့် သွားပြီဖြစ်ပါသည်။

၅။ နအဖ စစ်အုပ်စုသည် ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း ၎င်းတို့ဘက်တော်သားများဖြစ် သည့် ကြံဖွံ့ ၊ တစညပါတီ နှင့် နိုင်ငံရေး တောကြောင်များဖွဲ့စည်းလာမည့် ပါတီများနှင့် ရွေးကောက်ပွဲ အား ဆက်လက်၍ အောင်မြင်စွာအကောင်အထည်ဖေါ်ဆောင်သွားမည်ဖြစ် ပါသည်။

၆။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကာလတွင် မိမိတို့မှ ပြတ်သားစွာအနိုင်ရရှိခဲ့သည်မှာ လွန်ခဲ့သည့် အနှစ် (၂၀) ကာလကဖြစ်ပါသည်၊ ထိုအချိန်ကာလတွင် တစညပါတီသည်

ဒုတိ ယနေရာတွင် မဲ များရရှိခဲ့သည်ကို ပြန်လည် သတိချပ်သင့်ပါသည်၊ ယခု ၎င်းတို့ အနှစ် (၂၀) ပြင်ဆင်ချိန်ရခဲ့ပြီး အားသာနေချိန်တွင် ၎င်းတို့အားထောက်ခံသည့်သူများစွာ ဖြစ်လာနိုင် မည်ကို ထည့်သွင်းစဉ်းစားရန်လိုအပ်ပါသည်။

ထို့ကြောင့်
နအဖ စစ်အုပ်စုမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အနိုင်ရတိုင်းရင်းသားပါတီများ၊ အများ ပြည်သူနှင့်တိုင်းပြည်တစ်ခုလုံးအား စော်ကား သည့် မတရားသည့်ရွေး ကောက်ပွဲဥပဒေ ထုတ်ပြန်၍ စိန်ခေါ်ခြင်းအား မိမိတို့မှ သတ္တိရှိရှိ ထိပ်တိုက်ရင်ဆိုင်၍ ပြည်သူ့အစိုးရ တစ်ရပ် အမြန်ဆုံးဖွဲ့စည်းရန်နှင့် အဆုံးသတ်တိုက်ပွဲကို ခေါင်းဆောင်များအနေဖြင့် နည်းဗျူဟာ မဟာဗျူဟာများ ချမှတ်၍ အမြန်ဆုံး အကောင် အထည်ဖေါ်ဆောင်သွားရန် အကြံပြုတိုက် တွန်းအပ်ပါသည်။

မိမိတို့အားလည်း အဖွဲ့ချုပ်မှ လိုအပ်သည်များအား ညွှန်ကြားနိုင်ပါသည်၊ အမျိုးဘာသာ သာသနာအား ကန်းကုန်အောင် နှိပ်စက် စော်ကား နေသည့် နအဖ စစ်အုပ်စုပြုတ်ကျရေး အတွက် မိမိတို့တတ်စွမ်းသရွေ့ ကျရာနေရာတာဝန်မှ ပူးပေါင်းကြိုးစားဆောင်ရွက်သွား ပါမည်ဖြစ်ကြောင်းတင်ပြအပ်ပါသည်။

Movement Watchdog
March 25, 2010
Contact: movementwatch@gmail.com

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */