ဗိုလ်ကြီး မမ ..

ဓါတ်ပုံကို ဖိုးတရုတ် ၏ http://www.photayokeking.org/Articlesmm/scholarship-in-russia-part-2.html မှ ရယူထားပါတယ်
စည်းလုးံခြင်းရဲ့အင်အား အင်တာနက်စာမျက်နှာ မှာ ရုရှားရောက်ဗိုလ်ပေါက်စတွေမိန်းမလို ဝတ်ပြီး ယိမ်းကနေတဲ့ပုံ တွေ့တော့ အတော်လေး တုန်လှုပ်မိပါတယ်။ ထမိန်၊ ဆံပင်တု၊ ဖင်တု ရင်တု ရင်ဖုးံင်္အကျီ၊ ပန်းကုးံ ၀တ်စုံပြည့်နဲ့ ကနေတာကိုကြည့်ရင် ဒါ အထက် အရာရှိတွေကြီးက ကြိုတင် စီမံ အကွက်ချ လုပ်ဆောင်ခဲ့တယ် ဆိုတာသိသာပါတယ်။
မြန်မာ့ရိုးရာအက များစွာရှိတဲ့ အပြင်ဦးရွှေရိုးလို ကမ္ဘာကျော်အကကို ကျော်ပြီး ဗိုလ်ပေါက်စတွေကို မိန်းမလို ဝတ်စားဆင်ယင်ပြီး ကစေ တာဟာ စော်ကားရာရောက်ပြီး အနာဂတ်မှာ ခေါင်းဆောင်ဖြစ်လာမဲ့ လူငယ်အရာရှိတွေကိုစိတ်ဓာတ်ရေးရာအရ ဦးချိုးပစ်တာပါ။ အများအမြင်မှာလည်း မြန်မာ စစ်အရာရှိငယ်တွေ ဟာ လိင်တူ ဆက်ဆံသူများ..homosexual နဲ့  gay များအဖြစ် အထင်မှားစေပါတယ်။
အရာရာ မည်သည်အလုပ်ပင်လုပ်စေကာမူ.အထက်သို့ တင်ပြနေရတဲ့ နိုင်ငံခြားပညာတော်သင် ရုရှားရောက်စစ်ဗိုလ်ငယ်ကလေးတွေ ဟာ ဒီလို မိန်းမလို ၀တ်ကရမဲ့ ပွဲမျိုးကို အထက်လူကြီး အမိန်ခံပြီးမှ လုပ်ကြရကြောင်း စည်းကမ်းများစွာ အမိန့် များစွာနဲ့  တင်းကြပ်စွာနေရသော နိုင်ငံခြားပညာသင်တိုင်း သိကြပါတယ်။ သူတို့  အထက် အရာရှိတွေ မသိအောင် မြန်မာ စစ်အရာရှိများဟာ မိမိတို့  ဖာသာ လွတ်လပ်စွာဖြင့် ဤသို့ ဤနှယ် ဖုံးကညာတပါး..လုံးရာက ပြားအောင်.. ကပြခွင့်ရှိပါသလား..
မြန်မာစစ်သားပီပီ..ကြွက်သားအဖုအဖု..ယောက်ျားပီပီသသ..ဘာကြောင့် မကတတ်ပါသလည်း...( မကတတ်၍ ဟုဆင်ခြေမပေးပါနှင့်။ မြန်မာလူမျိုး အများစုသည် အနည်းဆုံး မကတတ်သူများ ပင်လျှင်..ခြေမြှောက် လက်မြှောက် သူငယ်တော် နပန်းဆံအက လောက်တော့ ကပေါက်တိ ကပေါက်ချာ ကတတ်ကြ ပါသည်။ ဦးရွှေရိုးလို ထီးတချောင်း..လှည့်ပတ်ကတတ်ကြပါသည်။.အ၀တ်အစားလည်း အထူး စပါယ်ရှယ်.သိပ် မလိုပါ။ ယခုကဲ့သို့ မိန်းမယောင်ယောင် ဂျယ်ယောင်ယောင်..ဒီယိမ်းကရန် ထမီများ မည်သည်နေရာမှ ရခဲ့ ပါသနည်း..
ကြိုတင်ပြင်ဆင်မှုမပါဘဲ ဒီထမီ ခြေထောက်ပေါက်၍ ရုရှ သို့ ရောက်မလာနိုင်ပါ။ သံရုံးမိသားစုများထံမှ ဌားရမ်းပါသလား ။ သို့ ဖြစ်က စစ်သံမှုးပါ အလိုတူအလိုပါ အခြောက်ကို တတ်မက်သူ လိင်တူလိုလားသူ ဖြစ်နေပါသည်။
သို့ မဟုတ် ပွဲကြည့်သူ လူစည်ရန် အပျော်သလောဖြင့် လုပ်သည်၏လော ။ ဤသို့  မိန်းမလို ကပြခြင်းသည် Joke တခုမဟုတ်ပါ။ ဤသည်မှာ မြန်မာ့ တပ်မတော်၏ သဘောထားအမှန်ကို့ တင်ပြပါခြင်း သာဖြစ်ပါသည်။
တနည်းအားဖြင့် မြန်မာစစ်တပ်ဟာ သမိုင်းစဉ်ဆက်မှာ မိန်းမကိုကြောက် ( သို့ ) မိန်းမကိုကိုးကွယ် ( သို့ ) မိန်းမသြဇာ လွှမ်းမိုးခံခြင်း ဆိုတဲ့ အစဉ်လာကြီးကို ခေါက်ရိုးကြိုးသွားအောင် စစ်တပ်ရဲ့ အစောဆုးံအဆင့်မှာ လိုင်းသွင်းလိုက်တာပါ။
ဒီအစဉ်လာကြီးက ဘယ်အခေတ် အခါအခါထဲက စနေသလဲဆိုတာကို ကျွန်တော်တို့နဲ့ အနီးစပ်ဆုးံ ကုန်းဘောင် ခေတ် ကနေ စပြီး ကြည့်ကြရအောင်။
စုဖုရားလတ်။ ကင်းဝန်မင်းကြီး၊ လှေအသင်းဝန်မင်းကြီး စတဲ့တတ်သိနားလည်တဲ့ဝန်ကြီး တွေကိုကျော်ပြီး မြန်မာ့ တပ်ထက် အစစ အရာရာသာတဲ့ အင်္ဂလိပ်စစ်တပ်ကို ခံတိုက်ဖို့၊ မနိုင်တဲ့ အခါ လက်နက်ချဖို့ အမိန့်ပေးခဲ့တဲ့ မိဖုရားပါ။
တော်လှန်ရေးကောင်စီ ခေတ်မှာတော့ ဒေါ်ခင်မေသန်း။ နေဝင်းရဲ့ မိန်းမတစ်ယောက်ဖြစ်ပါတယ်။ မြန်မာ့ စစ်ထောက်လှမ်းရေးမှာ လျှမ်းလျှမ်းတောက်နာမည်ကြီးခဲ့တဲ့ မျက်မှန်တင်ဦး တောင် ဒေါ်ခင်မေသန်းနဲ့ အဆင် မပြေတဲ့အတွက် တစ်ခါမှာ အာဏာရှင်ကြီးနေဝင်း ဆီမှာ ထွက်စာတင်ရတဲ့အဖြစ်ထိ ရောက်ခဲ့ရတယ်လို့ မှတ်သားဘူးပါတယ်။
မဆလခေတ်မှာတော့ စန္ဒာဝင်း။ အာဏာရှင်နေဝင်း ရဲ့သမီးကြီးဖြစ်ပါတယ်။ စစ်တပ်ကသူ့ကို ဘယ်လောက် ကြောက်ရသလဲ ဆိုတာ စစ်ထောက်လှမ်းရေး နဲ့ ခင်ညွန့် တို့ကိုဘဲကြည့်ပါ။
၈၈ အပြီးနဝတ ခေတ်ကနေ ခုချိန်ထိစစ်တပ်က သေလုမတတ် ကြောက်တာကတော့ ပြည်သူ့အချစ်တော် ဒေါ်အောင်ဆန်းစုကြည် ပါ။ အပ်တိုလေး တစ်ချောင်းတောင်မရှိတဲ့ အမျိုးသမီး တစ်ယောက်ကို အင်အား၅ သိန်းကျော်ရှိတဲ့စစ်တပ်ကြီးက မတရားတဲ့ဥပဒေတွေနဲ့ တချိန်လုးံ အကျဉ်းချထားတာကိုက ဘယ်လောက် အတိုင်းတာထိ ကြောက်တယ်ဆိုတာ သိသာထင်ရှားပါတယ်။
နအဖသန်းရွှေ အလှည့်မှာတော့ ပြည်သူ့ အောကြောလန် ကြိုင်ကြိုင်ပါ။ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသားအတွက် ငါ၏ အသက်ကိုစွန့်လွှတ်ရန် အသင့်ရှိပါတယ် ဆိုပြီး လိပ်ခေါင်းထွက်မတတ် သစ္စာလေးချက်အော်ဆိုခဲ့တဲ့ စစ်သား အရင့်မာကြီးတွေဟာ ကြိုင်ကြိုင်လက်ထဲမှာ ဗိုလ်မှုး အပွင့် ပုခုးံပေါ်တင်ပြီး မြေးထိန်းရ၊ စိန်လိုချင်တယ် ဆို ဓားမြတိုက် လူသတ်ပေးရ နဲ့ကြိုင်ကြိုင်ရဲ့တသွေး တသံအမိန့်ကို နာခံကြရတာ ယနေ့ ကျွန်တော်တို့ မျက်မြင်ပါ။
ကျွန်တော်တို့ အားလုးံဟာ စစ်ကျွန်ဘဝ ကျရောက်နေကြပြီး အယုံသွင်းခံထားရတဲ့ တပ်မတော်သားတွေကို အမျိုးသားရေး တာဝန် တစ်ခု အနေနဲ့ အဖြစ်မှန်တွေကို အသိပေးပြီး ပြည့်သူ့ရင်ခွင်ထဲ ကယ်ထုတ်ကြပါစို့လို့ တိုက်တွန်းပါတယ်။
ရန်နောင်
၁၁၊၁၀၊၂၀၁၀

7 comments:
အင်း ခင်ဗျားတို့ကလည်း မပြောမပြီး မတီးမမြည်ဆိုသလိုပေါ့ဗျာ...ဘာမှလည်း သေသေချာချာ မသိပဲ အပေါ်ယံကြည့်ပြီးရေးနေတာတွေက တော်တော်ဆိုးတယ်ဗျာ...ရုရှားမှာရောက်နေတဲ့ လူငယ်တွေ မိန်းမလိုဝတ်တာကို အပြစ်ပြောနေတယ်...ဘာကြောင့် သူတို့တွေ ဒီလိုလုပ်ရလည်းဆိုတာ ခင်ဗျားတို့သိရဲ့လား?မြန်မာနိုင်ငံရဲ့ အထွတ်မြတ်ထားတဲ့ နေ့ထူးနေ့မြတ်တွေမှာ မြန်မာ့ယဉ်ကျေးမှု မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာတွေကို ပြသချင်လို့ ရုရှားမှာ မြန်မာမိန်းကလေးမရှိတဲ့အတွက် အရာရှိတွေဟာ မိန်းမလိုပုံစံတွေလုပ်ပြီး ရိုးရာဓလေ့ကို ဖော်ပြပေးနေရတာပါ...ဒါဟာ ဘယ်သူ့အမိန့်မှမဟုတ်ပါဘူး...မိမိတို့ကိုယ်ပိုင်အသိစိတ်ဓာတ် ကိုယ်ပိုင်ခံယူချက် ကိုယ့်လူမျိုးနဲ့တိုင်းပြည်ချစ်စိတ်တွေကြောင့် လုပ်နေရတာပါ...ဒီလိုကျောင်းပွဲတော်တွေမှာ ကျောင်းသားတွေကိုယ်တိုင်ပဲ လုပ်တာပါ...ဘယ် အထက်ကလူကြီးကမှ မခိုင်းစေ မလုပ်ခိုင်းပါဘူး...မိန်းကလေးပုံစံဝတ်လို့ အခြောက်စိတ်ပေါက်နေတယ်မထင်ပါနဲ့...မဖြစ်မနေမိုလို့ မ၀တ်ချင်မကချင်ပေမယ့် မိမိတို့လူမျိုးရဲ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို ပြသေဖော်ထုတ်ချင်လို့ အခုလိုလုပ်တာဟာ အင်မတန် မွန်မြတ်တဲ့လုပ်ရပ်တွေပါ...မြန်မာ့ရိုးရာယဉ်ကျေးမှုအကတွေ ဖြစ်တဲ့ ဒိုးပတ် တို့ ဦးရွှေရိုးအက တို့ မင်းသားအကတွေ အများကြီးရှိပါတယ်...ဒါတွေကိုလည်း လုပ်ပါတယ်...သို့ပေမယ့် သင်္ကြန်ယိမ်းကလိုမျိုးအရာတွေ မိန်းကလေးနဲ့တွဲ့ပြီးဖျော်ဖြေရမယ့်အရာတွေမှာ မြန်မာမိန်းကလေးမရှိတဲ့အတွက် မိန်းကလေးပုံစံလုပ်ပြီး ဖျော်ဖြေပြီး အမိနိင်ငံရဲ့ယဉ်ကျေးမှုကိုဖော်ထုတ်တာဟာ အင်မတန်မှ မွန်မြတ်တဲ့ နိုင်ငံသားကောင်းလေးတွေဖြစ်တဲ့အကြောင်းပြောချင်ပါတယ်.... အဆိုးမြင်ဝါဒီတွေကို လျှော့ပြီး အကောင်းမြင်ဝါဒီမျက်လုံးလေးတွေနဲ့ကြည့်ကြပါ
Yes, this time I agree with the above comment. Wearing girl costumes for a stage performance is nothing strange. Even, we should encourage them for their efforts to have a typical performance on a special day.
I hate SPDC. I against them. I hate militarism. But this activity is nothing more than a student activity in my view.
And to clarify my stance, I did support Ko Yan Naung's previous article about propaganda campaign from our side. But I must clearly say this article is inappropriate. I am also fighting and debating with little military thuggish officers from Russia. But on the other hand, I also have my friends there. They also participated in that activity. So I know about it well.
For my friends from Russia, I would say you don't need to get angry because of this kind of article. Because this reflects most of the majority civilian people's thought for you. You might also know what civilian people are feeling about you guys. But I just want to recommend you guys accept the views of majorities and try to behave as what people are expecting you to.
Thanks
Let me add some more. This is the time that we try to narrow the differences between us and them. I can say for sure not all of military officers are happy with what's going on in the country. Of course, there are some thuggish idiots there as well. I don't get bothered with them at all. We should be strategic in trying to get them to our side. We should pick appropriate topics at right times.
သူများကိုဝေဖန်ချင်တာဘဲရှိတယ်..သေချာအောင်လည်းကြည့်ကြဦး..နောက်ခံကသင်္ကြန်..ကတော့ဦးရွှေရိုးဖြစ်လို့ရမလားသင်္ကြန်မှာရိုးရာယိမ်းကိုမိန်းကလေးတွေမရှိလို့ဒီလိုဝတ်ပြီးကရတာဖြစ်မှာပေါ့သာမန်ယောင်္ကျားတယောက်ဥပမာခင်ဗျားကိုမိန်းမလိုဝတ်ပြီးလူရှေ့ထွက်ပြဆိုရင်ခင်ဗျားထွက်မလားအဲဒီလိုဘဲသူတို့လည်းအမျိုးသမိးတွေရှိမှတော့ဝတ်ပြမလားဘာအတွေးအခေါ်မှမရှိဘဲကန့်ကွက်ရရင်ပြီးရော...ရှက်ရမှာသူတို့လေးတွေမဟုတ်ဘူး..သေချာမကြည့်သေချာမသိဘဲနအဖကိုဆဲတတ်တိုင်းလူရာဝင်တယ်ထင်နေတဲ့ခင်ဗျားတို့လိုလူတွေ..မှတိထား
ဦးရွှေရိုးအကဆိုတာ..သင်္ကြန်က စတာပါ။ ဒေါ်မိုးနဲ့ တွဲပြီးပြွတ်တိုကလေးနဲ့  အကကိုတီထွင်ရာက ဦးရွှေရိုးလို့ ခေါ်တဲ့ ရုပ်ရှင်မင်းသား ဦးဘကလေး (ကာတွန်းဆရာ ရွှေတလေး).ပေါ်ပေါက်လာတာပေါ့.ဦးရွှေရိုး သင်္ကြန်မှာမကရဖူးဆိုကတဲက ညီငယ်ရဲံ ဗဟုသုတအတော်နည်းတာပေါ်လွင်ပါရဲ့ မသေချာရင် ရွှေရိုး ဘကလေးစာအုပ်ဖတ်ကြည့်ပါခင်ဗျား
ယောက်ျားတွေ ထမီဝတ် ကမှ ကရမယ်ဆိုတာ..စစ်သားမပြောနဲ့  တော်ရုံယောက်ျားတောင် ငွေပေးခိုင်းရင် ဟင့်အင်းပါဘဲခင်ဗျ..နအဖ..စစ်သားအချင်းချင်းတော့ မင်းထမီဝတ် ငါထမီဝတ်..အပြစ်မတင်..သွေးနီးတာတော့ အပြစ်မဆိုပါဘူး..
ရာဇ၀င် ထဲမှာ ကင်းဝန်ကို..စစ်မတိုက်ရဲလို့  သွေးကြောင်လို့ ဆိုပြီး စုဘုရားလတ်က ကျောက်ပြင်သနပ်ခါးတုန်းနဲ့  ထမီ လက်ဆောင်ပို့ တာ ကျော်ကြားပါတယ်.
စစ်တိုက်ရဲတဲ့ မြန်မာ စစ်သားတွေ ထမီဝတ်တာ ဒီခေတ်ကျမှ ကြားဖူးပါတယ်...အံ့ဖွယ်သုတပါကလား..

Post a Comment