၂၀၁၀ ရွေးကောက်ပွဲကို ကုလအတွင်းရေးမှုး ဘန်ကီမွန်း စိုးရိမ်တာထက် မြန်မာပြည်သူတွေ စိုးရိမ်တတ်ဖို့က ပိုပြီးအရေးကြီးပါတယ်။၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာက အယုံကြည်မရှိတာထက် မြန်မာပြည်သူတွေက အယုံကြည်မရှိဖို့ က ပိုပြီးအရေးကြီးပါတယ်။ ဘာလို့လဲဆိုရင် မြန်မာ့နိုင်ငံရေးအပြောင်းလဲအတွက် မြန်မာနိုင်ငံသားတွေသာ ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးရမှာ မို့ပါ။
၂၀၁၀ ရွေးကောက်ပွဲဟာ ကျွန်တော်တို့လို သာမာန်နိုင်ငံသားတွေ အတွက်အပြောင်းလဲ ( သို့ ) အကျိုးမြတ် တစ်စုံတစ်ရာထွက်ပေါ်လာမယ့် ရွေးကောက်ပွဲတစ်ခု မဟုတ်တာ သေချာ နေလို့ပါ။ ၂၀၀၈ အခြေခံဥပဒေကို တိတ်တိတ်ပုးံယူထားတဲ့ မိန်းမလို လူသိရှင်ကြားချမပြရဲဘဲ လက်သိပ်ထိုးအတည်ပြုခဲ့တဲ့အပြင် ရွေးကောက်ပွဲဝင်မယ့် အမတ်မင်းတွေကို ၂၀၀၈ အခြေခံ
ဥပဒေကို ကာကွယ်ပါ့မယ်ဆိုတဲ့ ဝန်ခံကတိထိုးခိုင်းတယ် ဆိုတာကို ကြည့်မယ် ဆိုရင်ဘာ ကြောင့် ဆေးခါးကြီး အတင်းတိုက်နေတယ် ဆိုတာရှင်းပါတယ်။
သန်းရွှေမိသားစုဟာ ဘယ်သောအခါကမျှ ပြည်သူတွေပေါ် စေတနာတစက်ကလေးမျှ ထားခဲ့သူတွေမဟုတ်ပါ။ ပြည်သူတွေကို သူတို့ အကျိုးအမြတ် အတွက် အသုးံချခံ တိရိစ္ဆာန်သာသာလောက် သဘောထားတာပါ။ သူတို့အာဏာမြဲဘို့၊ သူတို့အာဏာကို ထိပါးတယ် လို့ထင်ရင် ထောင်သောင်းမကတဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်ကို စတေးဖို့တောင် ဝန်မလေးဘူးဆို တာ၂၀၀၈ မေ နာဂစ်မုန်တိုင်းက သက်သေပါ။
အာဏာရှင်ကြီးတွေဟာ အာဏာရှင်လေး တွေကို အမွေဆိုးအဖြစ် ပေးတတ်တာကြောင့် ယခု အာဏာရှင် သက်ဆိုးရှည်ဖို့ပြုလုပ်တဲ့ ၂၀၁၀ မျက်လှည့်ရွေးကောက်ပွဲကို အချိန်ကုန်ခံပြီး ဝင်ဘို့ မဝင်ဘို့ ငြင်းခုံနေမယ့်အစား ကျွန်တော်တို့ရဲ့ မူလ ရည်မှန်းချက်ဖြစ်တဲ့ အာဏာရှင် စနစ်မြန်မာနိုင်ငံမှ လုးံဝပပျောက်ရေးကို မျက်ချေပြတ်မခံဘဲ ရောက်ရာနေရာ၊ ရရာလက်နက်နဲ့ တိုက်ပွဲဝင်ကြပါစို့လို့ နှိုးဆော် အပ်ပါတယ် ခင်ဗျာ။
ရန်နောင်
၁၉၊၀၃။၂၀၁၀
Saturday, March 20, 2010
မျက်လှည့်ပွဲကြီး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment