“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, March 15, 2010

လက်သိပ်ထိုးပေးတာ..ရနောင်တေဇကိုချည်းပေါ့

လုပ်ထားဦးပေါ့တေဇရယ်..ဒီမိုကရေစီရလို့ကတော့ ..နိုင်ငံက ပြန်တရားစွဲပြီးရှိတာ..ပြန်ချွတ်ယူတာပေါ့..
အတွင်းခံဘောင်းဘီတထည်ဘဲ အရှက်လုံရုံချန်ထားပေးမယ်..ဒီလောက် လောဘကြီးတဲ့ အကောင်ကို..
ရန်ကုန်မြို့ရှိ ကန်သာယာဆေးရုံကို ထူးထရေးဒင်းက ၀ယ်ယူ

ရန်ကုန်မြို့ရှိ ကန်သာယာဆေးရုံအား ထူးထရေးဒင်းမှ ငွေကျပ်သန်းခုနစ်ထောင်ကျော်ဖြင့် အပြီးအပြတ်ဝယ်ယူခွင့် ရရှိသွားခဲ့ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ အမိန့်ကြော်ငြာချက်အရ သိရှိရသည်။
ရန်ကုန်မြို့ တာမွေမြို့နယ် နတ်မောက်လမ်းပေါ်ရှိ ကန်သာယာဆေးရုံသည် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၏ စီမံခန့်ခွဲမှုလက်အောက်တွင်ရှိပြီး ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဇန်န၀ါရီလတွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ အစည်းအဝေးအမှတ် (၁/၂၀၀၉)၏သဘောတူခွင့်ပြုချက်အရ ထူးထရေးဒင်းက ငွေကျပ် ၇၆၁၇ ဒသမ ၇၆၉ သန်းဖြင့် ၀ယ်ယူခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ ကန်သာယာဆေးရုံကို ထူးထရေးဒင်းက ၀ယ်ယူခွင့်ရရှိခြင်းကို မြန်မာနိုင်ငံပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က ၂၀၀၉ ခုနှစ် အောက်တိုဘာလက အမိန့်ကြော်ငြာစာအမှတ် (၇၂/၂၀၀၉) ထုတ်ပြန်ပေးခဲ့ကြောင်း သိရသည်။
ကန်သာယာဆေးရုံကို ၀ယ်ယူခွင့်ရရှိခဲ့သည့် ထူးထရေးဒင်းအနေဖြင့် တန်ဖိုးငွေအကျေအလည်ပေးချေပြီးပါက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးရုံအား စနစ်တကျလွှဲပြောင်းပေးမည်ဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကလည်း မြေပိုင်ဆိုင်မှုအတွက် ဆောင်ရွက်ပေးသွားရမည်ဟု ယင်းအမိန့်ကြော်ငြာစာတွင် ဖော်ပြပါရှိသည်။ http://www.baymyanmar.com/2010/03/blog-post_2826.html

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */