နိုင်ငံရေးပါတီများ မှတ်ပုံ့တင်ခြင်း ဥပဒေသည် အလွန် တရားမမျှတသည့် အပြင် ကျေနပ်လက်ခံစရာ မရှိဟုပြော
ယနေ့ ထုတ်ပြန်လိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေသည် လွန်စွာ တရားမျှတမှု မရှိသောကျေနပ် လက်ခံနိုင် စရာ မရှိသော ဥပဒေဖြစ်သည်ဟု ဦးတင်ဦးနှင့် ဦးဥာဏ်ဝင်း တို့က ပြောကြားခဲ့ ပါသည်။
ထိုဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား ထောင်ဒဏ် ကျနေသူ အားလုံးကို NLD ပါတီဝင်အဖြစ် ပါဝင်ခွင့်မရရန် ကန့်သတ်ထားပါသည်။ ပါတီခေါင်းဆောင်များသည် ထောင်ဒဏ် ကျခံနေရလျှင် သို့ တရားရင်ဆိုင်နေလျှင် ပါတီခေါင်းဆောင်ဖြစ်ခွင့် မရှိဟု ဆိုထားသဖြင့် အကယ်၍ NLD ပါတီ အနေနှင့် မှတ်ပုံတင်ရမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထောင်ကျနေသော အီးစီများကို ထုတ်ပယ်ရမည်ကဲ့သို့ ဖြစ်နေပါသည်။
ပြီးခဲ့သောနှစ် သြဂုတ်လ ၁၁ရက်နေ့က အမေရိကန်နိုင်ငံသား ဂျွန်ယက်တော နေအိမ်တွင်းသို့ ကျူးကျော် ဝင်ရောက်သည့် ကိစ္စနှင့် ပါတ် သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်သုံးနှစ် ချမှတ်ခံခဲ့ရပြီး နေအိမ်အကျယ်ချုပ်တနှစ်ခွဲသို့ လျှော့ချပေးခဲ့သော ပြစ်ဒဏ် သည် လာမည့် နိုဝင်ဘာလမှ ပြည့်မည် ဖြစ်ပါသည်။ ထို့အတူ ထိုအမှုအတွက် အထူးအယူခံမှာလဲ လျှောက်ထားရန် ပြင်ဆင်နေဆဲသာ ရှိပါသည်။
ယခု ထုတ်ပြန်သော ဥပဒေအရ နိုင်ငံရေးပါတီအဖြစ် လျှောက်ထားမည့် ပါတီများသည် ရက်ပေါင်း၆၀ အတွင်း လျှောက်ထားရန် ပါရှိ နေသဖြင့် NLD ပါတီ၏ ရပ်တည်မှုကိုပါ ခြိမ်းခြောက်ထားသလို ဖြစ်နေ သည်ကို တွေ့ရပါသည်။
NLD ပါတီ၏ ဒုဥက္က ဦးတင်ဦးနှင့် ဗဟိုကော်မတီဝင်နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းတို့က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထောင် ဒဏ်ကျခံနေသူတွေ ပါတီမှာ ပါဝင်ခွင့်မရ ဘူးဆိုတဲ့အချက်ဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဟု ပြောပါသည်။ ထိုလုပ်ရပ်မှာ NLD ကို ဖိအားပေး လိုက်ခြင်းလည်းဖြစ်ပြီး NLD ပါတီ၏ ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားထောင်ဒဏ်ကျခံ နေရသူများကို ချန်လှပ်ပြီး ပါတီမှတ်ပုံတင်ရန်မှာ ဘယ်လိုမှ ဖြစ်နိုင်ခြေမရှိကြောင်း ၄င်းတို့က ပြောပြပါသည်။
ထို့အပြင် ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်လျှင် ၂၀၀၈ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက် ပါမည်ဟု လက်မှတ်ရေးထိုးရန် မှာလည်း သူတို့အနေနှင့် ထိုအခြေခံဥပဒေကို လက်ခံနိုင်ခြင်း မရှိ၍ ရွှေဂုံတိုင် ကြေငြာချက်ဖြင့် တောင်းဆိုထားရာ လက်မှတ်ရေးထိုးရန် လုံးဝမဖြစ်နိုင်ဟု သူတို့နှစ်ဦးလုံးက ပြောပါပြ သည်။
ထိုဥပဒေသည် အလုံးစုံ ထိပ်တိုက် ရင်ဆိုင်ရေးကို ဦးတည်ထားသကဲ့သို့ ဖြစ်နေရာ ထိုအရေးသည် မြန်မာ့ နိုင်ငံရေးအတွက် လွန်စွာ အရေးကြီးသော အခြေနေတရပ်ကို ဖြစ်ပေါ်လာစေပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)
http://saffrontoward.blogspot.com/2010/03/blog-post_10.html မှ
Wednesday, March 10, 2010
မတရားတဲ့ ဥပဒေ..မတရားသော လူအန္ဓများ..
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment