ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင်းရှိ မိုင်းနောင်၊နန်းပဒဲ၊နန်မီးလောင်၊ ညောင်ပင်၊လွဲမွန် စသည့် အင်းပတ်လည်ဒေသများတွင် သဘာဝရွှေထွက်ရှိနေမှုအရ ရွှေတူးဖော်ရေးလုပ်ငန်းအများအပြား လုပ်ကိုင် လျက်ရှိရာ ပတ်ဝန်းကျင်ထိခိုက်ယို့ယွင်းလာမှုကြောင့်
အင်းတော်ကြီးဘေးမဲ့တောအတွင်း ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းမပြုရန် တားမြစ်ချက် ထုတ်ပြန် ထား ကြောင်း သိရှိရသည်။
ဆက်လက်လုပ်ကိုင် ပါက ၀န်းကျင်နှင့်သားငှက်ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။''ရွှေအမှုံကောက်ဈေးက
မိုင်းနောင်မှာ ငါးသိန်းသုံးသောင်းခွဲနဲ့ကောက်ကြတယ်။
ကျန်တဲ့နေရာတွေကထွက်တဲ့ ရွှေဆိုရင်တော့ အရည်အသွေးပေါ်မူတည်ပြီး ကောက်ပါတယ်။ ဈေးနှုန်းက မိုင်းနောင်ကထွက်တဲ့ရွှေနဲ့ဆိုရင် နှစ်သောင်း ကျော်ဝန်းကျင်ကွာသွားတာပေါ့။ပေါက်ဈေးက မန္တလေးရွှေဈေးပေါ်မူတည်ကောက်တာမို့ ကျင်းသားတွေက
ဈေးကောင်းတဲ့ အချိန်လောက်မှပဲ ထုတ်ရောင်းကြတာများတယ်''ဟုမိုင်းနောင်ရွာရှိရွှေပန်းတိမ်ဆိုင်ရှင်တစ်ဦးက ပြောပါသည်။
''အင်းတော်ကြီး ဘေးမဲ့တောဝန်းကျင်က ရွှေထွက်တဲ့နေရာ များတဲ့အတွက်ကြောင့်ဒေသခံတွေအနေနဲ့ ရွှေကျင်တာကို အရင်က တစ်ပိုင် တစ်နိုင်လုပ်ကိုင်ခဲ့ကြတယ်။ နောက်ပိုင်း ရွှေလုပ်ကွက်ကြီးတွေများလာပြီး စက်တွေ အသုံးပြုလုပ်ကိုင်လာခဲ့တာ။လက်ရှိ မှော်တစ်ခုမှာ အ နည်းဆုံး တစ်မတ်သားကနေ ၄၊ ၅ ကျပ်သား ရပါတယ်။ကျင်းသားတွေက လေးပုံမှာ တစ်ပုံရကြတယ်။တစ်မတ်သားဆိုရင် လုပ်ငန်းပုံမှန် လည်ပတ်နိုင်ပြီလေ။ရွှေဖြူ(ပလက် တီနမ်)လည်း ရွှေနဲ့ရောပြီး ထွက်တယ်ဟု ခေါင်းတုံချောင်းဘေးရှိ ရွှေကျင်လုပ်သားတစ်ဦးက ပြောပြပါသည်။
အင်းတော်ကြီးဘေးမဲ့တောဧရိယာသည် မုဆိုးကြိုးဝိုင်း၊နန့်မွန်းကြိုးဝိုင်း၊ အင်းတော်ကြီးကြိုးဝိုင်း၊ မိုင်းနောင် ကြိုးဝိုင်း၊နန်ရင်းခါကြိုးဝိုင်း
စသည့် သစ်တောကြိုးဝိုင်း ၅ ခု၊ရေပြင်ဧရိယာ ၁ ခု စုစုပေါင်း ၆ ခုရှိပြီးဧရိယာ ၃၁၄.၆၇ စတုရန်းမိုင် ကျယ်ဝန်းကြောင်း သိရှိရသည်။
ပေးပို့သူ ကချင်ပြည်နယ် အင်းတော်ကြီးသား ၀ိုင်းတော်သားများကိုကျေးဇူးအထူးတင်ရှိပါတယ်။
http://www.wanna23.com/
Sunday, March 07, 2010
အင်းတော်ကြီးဘေးမဲ့တောအတွင်း ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းမပြုရန် တားမြစ်ချက် ထုတ်ပြန်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment