မှတ်ချက် ။ ။ လောလောဆယ်ဖြစ်ပေါ်နေသောသတင်းများအား ယ္ခု သန်းရွှေထုတ်ပြန်လိုက်သော ဥပဒေ ၏ အောက်ဖက် ပိုစ်တွင် အဆက်မပြတ်တင်လျက်ရှိပါသည် ။ သတင်း အသစ်များဖတ်ရှုလိုပါက ဤဥပဒေ ပို့ စ် ၏အောက်တွင် ဖတ်ရှုနိုင်ပါကြောင်း)
ပြောစရာစကားကို မနဲ ရှာပြီးအခုလိုရေးချလိုက်ပါတယ်။ စစ်တပ်လို့ အမည်ခံ ခေါ်တွင်နေကြတဲ့ စစ်လက်နက်ကိုင် အုပ်စုက တကယ်စေတနာမှန်ရင် အနိုင်ရပါတီဖြစ်တဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အာဃာတ ကင်းကင်းနဲ့  ပေးခဲ့ ပြီး ဖြစ်မှာပါ ထို့ အတူ ဗမာပြည်လည်း ဒီမိုကရေစီစနစ်နဲ့ လွန်ခဲ့ တဲ့  အနှစ် ၂၀ လောက်ကတည်းက လည်ပါတ်နေပြီး ဖြစ်မှာပါ။ မြန်မာပြည်မှာ စစ်အာဏာနဲ့ အုပ်ချုပ်နေတဲ့  စနစ်ကို လူထုမနှစ်သက်ခဲ့တာ မြန်မာပြည် လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းမှာ ကတည်းကပါဘဲ အနှစ်နှစ်ဆယ် မကလို့  အနှစ်တရာဘဲထား ဒီမတရားမှုကတော့ သမိုင်းပါဘဲ။ ၁၉၉၁ ရလဒ် ပယ်ဖျက်နိုင်စွမ်းတဲ့  အစိုးရ ဗမာပြည်မှာ မရှိပါဘူး၊ နိုင်ငံဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ နဲ့ တရားရေးဥပဒေများဟာ NLD အနိုင်ရပါတီရဲ့ ဦးဆောင်မှုအောက်မှာ ပြည်သူတွေရဲ့ဆန္ဒနဲ့ အညီ ဖွဲ့ စည်းတည်ဆောက်ရမှာဖြစ်ပြီး အနှစ်နှစ်ဆယ်လုံးလုံး စစ်တပ်မှာ ဘာအာဏာမှ မရှိခဲ့ပါဘူး ။ ဘယ်ပြည်သူကမှ ထောက်ခံထားတဲ့ အုပ်စုတစုမဟုတ်ဘဲ တရားမ၀င် အုပ်ချုပ်နေတဲ့  စစ်အစိုးရသာလျှင်ဖြစ်ပါတယ်။
ဒီ အခုထုတ်ပြန်တဲ့ ဥပဒေကို ကြည့်မယ်ဆိုရင်အင်မတန်ကို မတရားတဲ့ ဥပဒေဆိုတာထင်ရှားပါတယ်။ ဒီမိုကရေစီနည်းလမ်းကျကျ ဥပဒေတွေထဲမှာ မတွေ့ နိုင်တဲ့  တားမြစ်ပိတ်ပင်မှုတွေ တွေ့ ရပါတယ် နောက်ဆုံးမှာ ပုံ သန်းရွှေဆိုတာ ပြည်သူလူထုကို ပေါ်ပေါ်တင်တင် အရှက်မဲ့ စွာနဲ့  သန်းရွှေက ဆက်စော်ကားလိုက်တာပါဘဲ။ ဗမာပြည်ရဲ့ သိက္ခာဟာ လူတဦးတယောက် စစ်အာဏာရှင်အုပ်စုတစုကြောင့်  နေ့ စဉ်နှင့်အမျှ ကမ္ဘာ့ မျက်နှာအလယ်တွင် ကျလျက်ရှိပြီး ဗမာ့ဂုဏ်ရောင်ထွန်းပြောင်လာနိုင်စရာ နည်းလမ်းဘယ်နေရာမှ ရှာလို့ မတွေ့ နိုင်တော့ပါဘူး။ ပြည်သူလူထုကို ငါလုပ်ချင်သလိုလုပ်လို့ ရတယ်ဆိုတဲ့  ဥပဒေအောက်မှာ မနစ်မွန်းစေလိုသောဆန္ဒဖြင့် ။ Dtm
National Parliament Law
ရွေးကောက်ပွဲကော်မရှင် ဥပဒေ
2010-03-08-Myanmar Election Commission Law
နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေ
2010-03-08-Myanmar Political Parties Law
ပြည်သူလွှတ်တော်ရွေးကောက်ပွဲဥပဒေ
2010-03-08-Myanmar People's Parliament Law
တိုင်းဒေသကြီးလွှတ်တော် (သို့ ) ပြည်နယ်ဥပဒေ
2010 03 08 Myanmar State and Division Law
Sunday, March 14, 2010
ယုတ်ချင်သလိုယုတ်တော့မယ့် ဥပဒေ (ပုံသန်းရွှေ)
Subscribe to:
Post Comments (Atom)
2 comments:
ဒီကိစ္စက ပေါ့သေးသေး မဟုတ်ဘူးနော်..... နိုင်ငံ နဲ့ လူမျိုးရှေ့ရေးအတွက် အဓိက အကျဆုံးပဲ........... ခုအချိန်တောင် မြန်မာဆို တာ အရှေ့တောင်အာရှမှာ ....ဆက်စုပ်၇ွံရှာနေကျပြီ... မြန်မာ အစိုးရဆို စကားထဲတောင်ထည့် မပြောလောက်အောင် အနှိမ်ခံနေရပြီ.. ကြည့်လဲ လုပ်ကြပါဦး ဘဘတို့ရယ်..... လူ့သက်တမ်းဆိုတာ တိုတိုလေးပါ.......ကိုယ့်တစ်ဘ၀စာ စားရယုံပဲ ကြည့်ကြတော့မှာလား........ ဘယ် ပါတီဘက်ကမှ လိုက်ပြောတာ မဟုတ်... မတည့်တဲ့ သူတွေကို တစ်သက်လုံးမှားတယ် လက်ညှိုး ငှောက်ငှောက် ထိုးပြီး..........ကိုယ့်အမှာ ကိုမမြင်ရင်... အခန့်မသင့် ဒီဘ၀တင်မြေမြိုတတ်တယ်... အသေဆိုးတွေနဲ့ ဘ၀ဇော်သိမ်းတွေ မလှတတ်ဘူး၊ ကျုပ်အရွယ် ကလေးတစ်ယောက် အနေနဲ့ ပြောရတာ အားတော့ အားနာပါတယ်....(ဦးစောမောင်တို့၊ ဦးနေ၀င်းတို့၊ ဦးခင်ညွန့်တို့)ကိုပဲ ဘယ်ခေါင်းဆောင်များ ဘ၀ ဇာတ်သိမ်းလှ တာ တွေ့ဖူးလဲလို့... ဒီလိုပဲ သူတို့ခြေရာလိုက်နင်းတော့မလို့လား စစ်သားကြီးတွေရဲ့.... ဘုရားက ဘ၀ မကူးခိုင်းဘူးနော်... ဒီဘ၀မှာတင် သာဒကတွေကိုကြည့် ... ပြည်သူက သူတို့တွေကို သတ်စရာ မလိုဘူး၊ ခင်ဗျားတို့ အချင်းချင်း သတ်လာအောင်ပဲ ဖန်တီးပေးတာ........ တစ်နည်းအားဖြင့် ပြောရရင်..... ခွေးနဲ့ လူနဲ့ကိုက်တာ ရာဇ၀င်မရှိတော့ .... ခွေးခွေးချင်းကိုက်ခိုင်းတာပေါ့.... ရိုင်းသွားရင် ကန်တော့ဗျာ... အဲဒါကြောင့် ပြည်သူဖြစ်တဲ့ လူသားတွေခင်းဗျား.... ၀ိပသနာကိုသာ ရှုကြပါ..... ကမ္ဘာကြီးမှာ နေ့တိုင်း နေ၀င်ချိန်ရှိသလို့..... စစ်ဘဘတွေမှာလဲ...............
Supplementary pages for Law issued under the Law No. 1/2010 of the State Peace and Development Council of the Union of Myanmar on 8-March-2010.
http://www.scribd.com/doc/28187328/2010-03-08-Myanmar-Election-Commission-Law
http://www.scribd.com/doc/28187321/2010-03-08-Myanmar-Political-Parties-Law
http://www.scribd.com/doc/28187333/2010-03-08-Myanmar-People-s-Parliament-Law
http://www.scribd.com/doc/28197369/2010-03-08-National-Parliment-Law
http://www.scribd.com/doc/28241436/2010-03-08-Myanmar-State-and-Division-Law
Post a Comment