“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, March 14, 2010

ခင်ဗျားတို့  မြန်မာ ကမ္ဘာမှာ ရှက်စရာလူမျိုးမဖြစ်စေချင်ရင်

ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပေးဖို့ ဥရောပသမဂ္ဂ တိုက်တွန်း
12 March 2010

မြန်မာစစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ဖြစ်မနေဘဲ လွဲမှားတဲ့လမ်းကြောင်းကို ဦးတည်နေတယ်လို့ အီးယူ ဥရောပ ပါလီမန် ဥက္ကဋ္ဌ ဂျာဇီဘူးဇက် (Jerzy Buzek) က ပြောကြားလိုက်ပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လို ဒီမိုကရေစီရေး ဆောင်ရွက်နေသူတွေ အတွက် ရည်ရွယ်ပြီး ထုတ်ပြန်တဲ့ ရွေးကောက်ပွဲဥပဒေတွေမို့ ဒါဟာ စိန်ခေါ်မှုတခုအဖြစ်လည်း မြင်ကြပါတယ်။ ဥရောပ ပါလီမန်ရဲ့ မြန်မာစစ်အစိုးရ ရွေးကောက်ပွဲဥပဒေအပေါ် အမြင်သဘောထားကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပဖို့ပြင်နေတဲ့ရွေးကောက်ပွဲအတွက် ထုတ်ပြန်လိုက်တဲ့ဥပဒေတွေဟာ ဒေါ်အောင်ဆန်းစုကြည်လို မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး လုပ်ဆောင်နေသူတွေအတွက် ရည်ရွယ်ပြီးထုတ်ပြန်တာ ထင်ရှားနေတာမို့ ဥရောပ ပါလီမန်ဥက္ကဋ္ဌ ဂျာဇီဘူးဇက် က ကြေညာချက်ထုတ်ပြန်ပြီး ရှုတ်ချလိုက်တယ်လို့ ဥရောပ ပါလီမန်ရုံး ပြောခွင့်ရ မစ္စတာ ရစ်ချက် ဖရိဒ်မန် (Richard Freedman) က ပြောပါတယ်။

"ဥရောပ ပါလီမန် ဥက္ကဋ္ဌအနေနဲ့ ဒီရွေးကောက်ပွဲဥပဒေတွေနဲ့ပတ်သက်လို့ စိတ်မကောင်းဖြစ်ရပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို စိန်ခေါ်ရာရောက်ပြီး သူတို့ပေးထားတဲ့ကတိအတိုင်း ဒီနှစ်ကျင်းပပေးမယ်လို့ ဆိုတဲ့ ရွေးကောက်ပွဲတွေကိုလည်း ထိခိုက်ရာရောက်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် လမ်းမှား ကို ဦးတည်စေတဲ့ခြေလှမ်း ဖြစ်ပြီး လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေ မဖြစ်နိုင်လို့ပါပဲ။ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ပါဝင်ခွင့်ရနိုင်မယ့် ရွေးကောက်ပွဲလည်း မဟုတ်ပါဘူး။"

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံအတွက်သာမက နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွက် ဒီမိုကရေစီရေး မျှော်လင့်ချက် မီးရှူး တန်ဆောင်အဖြစ်နဲ့ ရပ်တည်နေတာမို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီးလွှတ်ပေးဖို့အတွက် ဥရောပသမဂ္ဂက အကြိမ်ကြိမ် တောင်းဆို ခဲ့တာပါ။ အခုလည်း ဥရောပ သမဂ္ဂရဲ့ ဥက္ကဋ္ဌမစ္စတာ ဘူးဇက် က ဒေါ်အောင်ဆန်းစုကြည်အတွက် သီးသန့်အမှာစကား ပါးလိုက်တယ်လို့ ပြောပါတယ်။

"ဥရောပ ပါလီမန် ဥက္ကဋ္ဌ ကိုယ်တိုင်အနေနဲ့ အာဏာရှင်လက်အောက်မှာ ဖိနှိပ်မှုကို ခံခဲ့ရသူတဦး ဖြစ်တဲ့အတွက် အခု ဒေါ်အောင်ဆန်းစု ကြည် ရင်ဆိုင်နေရတဲ့ အကဲစမ်းမှုတွေကို ကိုယ်ချင်းစာပါတယ်။ သူမအနေနဲ့ ခွန်အားနဲ့ ဇွဲလုံ့လမလျော့ဘဲ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် ရုန်းကန်မှုကို ဆက်ပြီး လှုပ်ရှားသွားနိုင်လိမ့်မယ်လို့လည်း ဥရောပ ပါလီမန်ဥက္ကဋ္ဌက မျှော်လင့်ထားပါ တယ်။"

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီးလွတ်ပေးဖို့သာမက တခြား နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ ဥရောပသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

"မြန်မာအာဏာပိုင်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ဥရောပ ပါလီမန်က တောင်းဆိုပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ ဥရောပ ပါလီမန်က ထပ်တလဲလဲ တောင်းဆိုခဲ့ ပြီးပါပြီ။ ဒါ့အပြင် လက်ရှိထုတ် ပြန်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေသစ်တွေကို ပြင်ဆင်ပေးဖို့နဲ့ ရွေးကောက်ပွဲတွေကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ အဖြစ် သက်ဆိုင်သူအားလုံး ပါဝင်ခွင့်ရကြဖို့ အတတ်နိုင်ဆုံး ဆောင်ရွက် သွားဖို့ကိုလည်း ဥက္ကဋ္ဌက တိုက်တွန်းပါတယ်။"
မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ပါဝင်တွန်းအားပေးနေတဲ့ ဥရောပ သမဂ္ဂရုံးစိုက်ရာ ဘရက်ဇဲလ် က ရုံးရှေ့မှာ ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်ပေးဖို့တောင်းဆိုတဲ့ စာတမ်းကြီးကို ချိတ်ဆွဲထားပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်ပွဲဝင်နေမှုကို အမြဲတမ်းအမှတ်ရနေအောင် လုပ်ဆောင်ထားတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
http://www.voanews.com/burmese/2010-03-12-voa6.cfm

10 comments:

Tun Lin said...

စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန် - မတ်လ၈ ရက်နေ့မှာ နအဖက ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေငါးခုကို ထုတ်ပြန် မြန်မာနိုင်ငံရေး ဖြစ်စဉ်မှာ နောက်ထပ် အလှည့်အပြောင်း တစ်ခု ဖြစ်လာပါတယ်။ ဒီဥပဒေတွေ ထွက်လာပြီးတဲ့ နောက်မှာ ကြိုက်သူ၊ မကြိုက်သူ အသံတွေလည်း မျိုးစုံကြားလာ ရပါတယ်။

More at
http://padaukmyay.blogspot.com/2010/03/blog-post_8476.html

Tun Lin said...

March 12, 2010 8:28 AM in Padakmyay
htoo said...

၁) ခြံစည်း၇ိုး တစ်လျောက်မှာ ၀ တွေကို ကိုးကန့်တွေ ကချင် တွေရဲ့ လက်နက်တွေ ဘယ်သူ့ဆီက ရောက်လာသလဲ။
၂) တချိန်တုန်းက ဗကပကို ဘယ်သူ ကျွှေးမွေး ထားသလဲ။
၃) တရုတ်ပြည်တွင်းကနေ နေ၀င်း အစိုးရလို့ပြောတဲ့ တရုတ်မအသံနဲ့ ရေဒီယို ဘာလို့ ပျောက်သွားလဲ။
၎) တရုတ်က စစ်အိစုးရကို ဗီတိုနဲ့ ဘာလို့ ကာကွယ်ပေး နေလဲ။
၅) အိန္ဒိယက ဘင်္ဂလား ပင်လယ်အော်မှာ ဘာကို စိုးရိမ်နေလဲ။
၆) ဒီမိုကရေစီနိုင်ငံကြီး အိန္ဒိယက ဘာလို့ စစ်အစိုးရကို မိတ်ဆွေလို ဆက်ဆံတာလဲ။
၇) အမေရိကန်က နဖအဆီ ချဉ်းကပ်တုန်းက အမတ်ဂျင်ဝက် လူသိရှင်ကြား ဘာပြောလဲ။
၈) အမေရိကန်နဲ့ အနောက်အုပ်စုက ဘာလို့ ဒေါ်စုမှ ဒေါ်စု ဖြစ်နေလဲ။
၉) ဘင်္ဂလားဒေ့ရှ် ကုလားက ဘာလို့ စွာကျယ်စွာကျယ် လုပ်နေတာလဲ။
၁၀) ပြည်တွင်းက ဒီမိုကရေစီပါတီကြီးကိုယ်တိုင် ဒီမိုကရေစီကျတယ် ထင်ပါသလား။
၁၁) ဒီနေ့တိုင်းရင်းသားတွေ ဘာဖြစ်ချင်နေလဲ။ ဆွေးနွေးရုံနဲ့ ပြေလည်မယ် ထင်လား။
၁၂) ဒီနေ့ ထိုင်းအစိုးရ ရင်ဆိုင်ရသလို မြန်မာတနေ့ မဖြစ်ဘူးလို့ ပြောနိုင်ပါသလား။
၁၃) ထိုင်းနိုင်ငံမှာ ပညာတတ်လူလတ်တန်းစားနဲ့ တောနေလူတန်းစား အချိုးဘယ်လိုရှိပါသလဲ။ မြန်မာနဲက ဘယ်လိုကွာပါသလဲ။
၁၄) ထိုင်းနိုင်ငံမှာ စစ်တပ် အခန်းကဏ္ဍ ဘယ်လိုရှိပါသလဲ။

အဲဒီမေးခွန်းတွေက မြန်မာပြည်ရဲ့ ပထ၀ီဝင် အနေအထား အင်အားကြီးနိုင်ငံတွေရဲ့ မြန်မာပြည် အပေါ်သဘောထား၊ ပြည်တွင်း အင်အားစုများ အချင်းချင်းကြားမှာရော ရှိနေတဲ့ ပကတိ အခြေအနေတွေကို မီးမောင်ထိုးပြနေတယ်။

ဒီကနေ့ အရပ်သား နိုင်ငံရေးသမား တော်တော်များများ အများစုသည် စီးပွါးရေးတိုးတက်တယ် ဆုတ်ယုတ်တယ် တစ်ခုထဲကိုပဲ ဇောင်းပေးကြည့်လေ့ ရှိပါတယ်။ ဒီမေးခွန်းများ ဖြေကြည့်ရင် စစ်တပ်နိုင်ငံရေးမှာ ပါဝင်လာခြင်းအပေါ် နားလည်နိုင်လိမ့်မည်။

သို့သော် နိုင်ငံရေးမှာ စစ်တပ်ပါစရာလိုလားမေးရင် ရေရှည်မှာ မလိုပါလို့ ဖြေပါမယ်။ လက်ရှိ အခြေအနေသည် အရပ်သား အုပ်ချုပ်မှု ခါးဆက်ပြတ်တဲ့အချိန် ဖြစ်လို့ smooth transition ဖြစ်အောင် ပါလာတယ်လို့ပဲ သဘောထားပေးပါ။ အာဏာ ၃ ရပ် ယန္တရားကြီး ချောချောမွေ့မွေ့ လည်ပတ်ပြီဆိုရင် စစ်တန်းလျာ ပြန်သွားကြမှာပါ။ အရပ်သားဆိုတဲ့နေရာမှာ ကြံ့ဖွံ့တင် ပါဝင်ခွင့်ပေးတာ မဟုတ်ပါဘူး။ NLD တွေပါ ၀င်ပြိုင်ခွင့်ပေးဖို့ ရုံးတွေဖွင့် ပေးလိုက်တာ အားလုံး အသိပဲလေ။ ဒေါ်စုပါမှ ဖြစ်မယ်ထင်သူများ စဉ်းစားပါ။ ဒေါ်စုသဘောထား ပေါ်လွင်စေချင်လို့ ရှေ့ပို့စ်မှာ တမင်မေးထားတာ။ ဒေါ်စုက အစားထိုးမရတဲ့ ခေါင်းဆောင် မဟုတ်ပါဘူး။

March 12, 2010 9:06 AM

More at
http://padaukmyay.blogspot.com/2010/03/blog-post_8476.html

Tun Lin said...

kyaw said... ဒီမိုကရေစီ စနစ်သို့အရောက်လှမ်းပြီး တိုင်းပြည် ထူထောင်နိုင်ဖို့ က အဓိကလား...
ဘယ်သူ ဘယ်ဝါ ပါမှ ဒီမိကရေစီကို ထူထောင်မယ်ဆိုတာက အဓိကလား...
အကယ်လို့ ကိုယ်အားကိုးထားတဲ့ လူက ကွေးသောလက်မဆန့်မိခင် သေပြီဆို ကျန်တဲ့ လူတွေက နိုင်ငံအတွက် ဆက်မလုပ်တော့ဘူးလား။
ဒီပုံစံ အတိုင်းပဲ ထွက်လာမယ်ဆို တာ ကိုသိသိကြီးနဲ့
မတရားဘူးတရားတယ် ပြောနေရင် လေကုန်တာပဲ အဆတ်တင်မယ်။
ဘာဆက်လုပ်မှာလဲ ကိုယ်လုပ်စရာရှိတာဆက်လုပ်ကြပါ
ကိုယ်ယုံကြည်တာဆက်လုပ်ကြပါ။
တိုက်မှာဖြင့် တိုက် ၊ ပူးပေါင်းမှာဖြင့် ပူးပေါင်း
ဘေးထိုင်ပြီး ကန့်လန့် တိုက်နေရင် တိုင်းပြည်က မွဲသထက်မွဲတောမယ်။
ကိုယ့်ယုံကြည်ချက် နဲ့ မကိုက်ညီတာနဲ့ ၊ရွေးကောက်ပွဲ ကို ထွက်ပေါက်တခုလို့ မြင်နေတဲ့ လူတွေ အားလုံးကို ဝါးလုံးရှည်နဲ့ မရမ်းပါနဲ့။
မင်းတို့ လိုပဲ သူတို့ လည်း တိုင်းပြည်ကို တိုးတက်စေချင်တဲ့ စိတ်စေတနာ အပြည့် ရှိကြပါတယ်။
လူတဦးတရောက် မပါဝင်နိုင်တာနဲ့ ရှေ့ဆက်သွားလို့ မရနိုင်ဘူးဆိုတဲ့ အဖွဲ့အစည်းလောက် ညံ့ဖျင်းတာရှိမယ်မထင်ပါ။
မင်းတို့ လိုချင်တဲ့ စားပွဲဝိုင်း မှာ ဆွေးနွေးအဖြေရှာလဲ စစ်တပ်က ၂၅% တော့ ယူမှာပဲ။ မယုံမရှိနဲ့။
စားပွဲဝိုင်းမှာဆွေးနွေးရင် သူတဝက် ကိုယ်တဝက်နဲ့ တောင် အဆုံးသတ်သွားနိုင်သေးတယ်။ ၅၀/၅၀
အခုအခြေအနေကမှ ကိုယ်လုပ်နိုင်ရင် ၇၅ % က ကိုယ့်ဘက်မှာ။
ကိုယ်မလုပ်နိုင်လို့၊ သို့ ၊ ကိုယ်မလုပ်ချင်လို့ နေရာ မရတာ တော့ ကိုယ့်သမိုင်းနဲ့ ကိုယ်ပဲ။
ပြည်သူအတွက် ဆိုရင် ဘယ်လိုနေရာကပဲ နေနေ ၊ လုပ်နိုင်သလောက် လုပ်မယ်ဆိုတဲ့ စိတ်ဓါတ် သာရှိနေပါစေ။ မုချ အောင်ပွဲခံနိုင်မှာပါ။
ကိုယ်ယုံကြည်ရာ ကိုသာ ဆုံးဖြတ်ပါ။
၂၀၁၀ မှာ ပါဝင်ချင်ပါဝင်ပါ။ ဘေးထွက်ချင်ဘေးထွက်ပါ။
ဘေးကနေတော့ ခြေမထိုးပါနဲ့ အုံး။ စောင့်ကြည့်ပါ။
၂၀၁၁ ဆိုတာ အနှစ် ၂၀ နဲ့ စာရင် နီးနီးလေးပါ။
မကောင်းတော့ ဆက်ပြီး အရေးတော်ပုံ ထလုပ်ပေါ့။ အဲဒီအချိန်မှအရေးတော်ပုံ ထလုပ်ရတာ အခု စစ်အုပ်ချုပ်ရေး အပြည့်အဝရှိနေတဲ့အချိန်ထက် ပိုလွယ်မှာပါ။ ခဏလေး သည်းခံ ပြီး ပွဲပြီးအောင် တော့ စောင့် ကြည့်ကြပါအုံး။ ပတ်မကြီးကို ထိုးခွဲ ဖို့ မကြိုးစားကြပါနဲ့ အုံး။ နိုင်ငံ နစ်နာ လွန်းလို့ပါ။

March 12, 2010 3:48 PM in Padaukmyay

အရေးကြီးတာ ပြောပါရစေ။။ တိုင်းရင်သား ရခိုင် ညီအကိုတွေ အတွက်ပါ။ အခု ဥပစေ က ဧည့်နိုင်ငံသား၊ ယာရီနိုင်ငံသားတွေ ကို ပါ ပါတီထောင်ခွင့် နဲ့ ပါတီဝင်ဖြစ်ခွင့် တွေ ပေးလိုက်ပါတယ်။
ဘင်္ဂလား ကလည်း တစ်ဘက်မှာ ရခိုင်အမျိုးသားတွေ ကိုလက်ခံ ပြီး သွေးခွဲ သပ်လျှိုနေတယ်။
ရခိုင်အမျိုးသားတွေ ကို အစိုးရဆန့်ကျင်ရေး၊ သွေးကွဲရေးတွေ ကို အားပေးအားမြောက်ပြု ကာ ယခုကျင်းပမည့် ရွေးကောက် ပွဲ ကိုမပါဝင်ချင်အောင် အခြေအနေတွေ နဲ့ လှုံ့ဆော်မှုတွေ လုပ်ပေးနေတယ်။
တဘက်မှာလည်း ရိုဟင်ဂျာ လို့ အမည်တပ်ထားတဲ့ သူတို့ ဘင်္ဂလားတွေ ရွေးကောက်ပွဲမှာ များများ ဝင်ပါနိုင်အောင် ကြိုးစားနေပါတယ်။
ရခိုင်အမျိုးသားတွေ က ရွေးကောက်ပွဲ ကို သပိတ်မှေက်လေ ရိုဟင်ဂျာတွေ က ကြိုက်လေ။
ရိုဟင်ဂျာ အများစု ရွေးကေင်ပွဲဝင်ပြီး နောက် ဖြစ်လာမယ့် ပြည်နယ်လွှတ်တော်မှာ သူတို့ တွေ ကြီးစိုးပြီး သူတို့ ထဲ ကသာ ပြည်နယ်ဝန်ကြီးချုပ်များ ဖြစ်သွားခဲ့ ရင် ရခိုင်ပြည်နယ်အတွက် မတွေးဝံ့စရာပဲ။
ရှေ့ကိုမဲနေတုန်း နောက်က နေ ဘင်္ဂလားတွေ ဝင်စီးသွားမှာ ကိုသတိထားသင့်တယ်ထင်လို့ ရေးလိုက်ရတာပါ။ ပြည်နယ်အသီးသီး မှာ ကိုယ့်လူမျိုးစု စစ်စစ်တွေ ကပဲ လွှတ်တောှ်ာအများစုနေရာယူထားပြီး၊ ပြည်နယ်ဝန်ကြီးချုပ်ကလဲ ကိုယ့်လူမျိုးထဲ က ဖြစ်သင့်ပါတယ်။
အခုရွေးကောက်ပွဲ ကို ဆန့်ကျင်နေလဲ စစ်အစိုးရက ဆက်လုပ်သွားမှာပဲ။
ဦးအေးသာအောင်ပြောသလို ဆန့်ကျင်နေလို့ ကတော့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ကုလားကြီးဖြစ်နေမှာ ကိုစိုးရိမ်လို့ သတိပေးလိုက်ရပါတယ်။
ဆန့်ကျင်ချင်တဲ့ သူဆန့်ကျင်ပါစေ၊ ကိုယ့်လူမျိုးစုအတွက် နေရာဦးထားတဲ့ သူကလည်း နေရာ ယူထားနှင့်ကျပါလို့ တိုက်တွန်းလိုက်ပါတယ်။
ပြည်နယ်နှင့် တိုင်းအသီးသီးက ညီအကို များ ကိုလည်း ဒီသဘောအတိုင်းပဲ အကြံပြုလိုက်ပါရစေ။

March 12, 2010 4:07 PM kyaw said... in Padaukmyay

More at
http://padaukmyay.blogspot.com/2010/03/blog-post_8476.html

Nayminthuria said...

ပိတောက်ကြွေဘလော့ကို အာဇာနည်ဘလော့မှာ လာကြော်ငြာနေရတဲ့ ဘ၀...သြော်..ဖြစ်မှဖြစ်ရလေ။
ပိတောက်ကြွေမိုးလုံးပြည့်မုသာဝါဒတွေကို လာကြည့်မယ့်သူတစ်ယောက်မှတောင်မရှိတော့ဘူးလားဗျာ.. အာဇာနည်ဘလော့ကလည်း အရမ်းနာမည်ကြီးလာလည်းပါတာကိုး.... :)

Tun Lin said...

Saturday, March 13, 2010
နိုင်ငံရေးကြောင်ပါး ဗကပများ

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် နိုင်ငံရေးအလှည့်အပြောင်းတွေ နိုင်ငံရေးစနစ်အကူးအပြောင်းတွေနဲ့ သူတလူ ငါတမင်း စိတ်ဓာတ်တွေ လုပ်ရပ်တွေကြောင့် ကမ္ဘာ့အလယ်မှာ အပြောခံအဆိုခံ အကဲ့ရဲခံဘ၀ကို ရောက်လို့ နိုင်ငံတကာအသိုင်းအ၀န်းမှာ မျက်နှာငယ်ကြရ မျက်နှာအောက်ချဆက်ဆံခဲ့ရတဲ့ အဖြစ်တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ လွတ်လပ်ရေးရပြီးနောက် နိုင်ငံအပေါ်မှာ ဘယ်သို့ကောင်းအောင်လုပ်ကြမယ်၊ ဘယ်စနစ်နဲ့သွားကြမယ် စတဲ့ အယူဝါဒ တွေလွန်ဆွဲကြရင်း အိမ်တစ်အိမ်ထဲမှာတောင် အယူတွေကွဲလို့ စည်းလုံးညီညွတ်မှုပြိုကွဲကြရတာကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံကြီးဟာ ၀ါးအစည်းပြေသလို ကစင့်ကလျားနဲ့ လုံးခြုံရေးတွေပျက်ပြား တိုင်းပြည်မှာ ကျီးလန့်စာစားအခြေအနေ တွေနဲ့ တွေ့ဆုံရင်ဆိုင်ခဲ့ကြရပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနယ်ပယ်မှာ ဗကပတွေရဲ့ လွှမ်းမိုးမှု အတော်ကိုများခဲ့ပါတယ်။ ဒါကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အယူဝါဒတွေကြောင့် မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းမှာ ရာဇ၀င်ချီပြီးကျန်ရစ်ခဲ့တဲ့ စနစ်ဆိုး အဖြစ်ဆိုးတွေကိုလည်း အသက်သွေးပေါင်းများစွာနဲ့ ကျော်ဖြတ်ခဲ့ကြရတာဖြစ်ပါတယ်။ ဗကပရဲ့ သမိုင်းစာမျက်နှာများမှာ သခင်စိုး၊ သခင်သိန်းဖေ၊ သခင်သန်းထွန်း ၊သခင်ဇင်နဲ့ သခင်ဗသိန်းတင်တို့ရဲ့ တစ်ဗိုလ်တစ်မင်း လုပ်ရပ်တွေ ၀ါဒစွဲအပေါ်အခြေခံပြီး တိုင်းပြည်မှာ ဘာသာတရားမဲ့ အကြောက်တရားဖက်စေတဲ့ လုပ်ရပ်တွေနဲ့ အာဏာဆုပ်ကိုင်ရေးလမ်းစဉ်တွေကြောင့် တိုင်းသူပြည်သားတွေ စိုးတထိတ်ထိတ်နဲ့ နေခဲ့ကြရတာဖြစ်ပါတယ်။ ဗကပဟာ စစ်ရေးနည်း ၀ါဒရေးနည်းနဲ့ တိုင်းပြည်ပြိုကွဲပျက်စီး အောင် ကြံစည်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို ဗကပရဲ့ ၀ါဒဆိုး ကိုင်စွဲ ရမ်းကားမှုတွေကို တပ်မတော်ကသာ ချေမှုန်းပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဗကပတွေ ကြီးစိုးခဲ့စဉ်က တိုင်းပြည်မှာ နေ့နေ့ညည ပူပင်သောကတွေနဲ့ နပမ်းလုံးခဲ့ကြရတာပါ။ ဗကပတွေ မြန်မာပြည်အလယ်ပိုင်းကနေ အင်အားချိနဲ့လို့ နယ်စပ်ဒေသတွေဆီကို ရှောင်ပြေးသွားတဲ့အချိန်တိုင်အောင် နယ်မြေခံပြည်သူလူထုကို ဒုက္ခတွေပေးခဲ့ကြတာပါ။ ဒါကြောင့် ဗကပတွေအချိန်တော်တော်ကြာ နေထိုင်ခဲ့တဲ့ နယ်စပ်ဒေသတွေဟာ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေ လုပ်မရခဲ့တာကြောင့် နယ်စပ်ဒေသနဲ့ ပြည်တွင်း ဖွံ့ဖြိုးတိုးတက်မှု ကွာဟခဲ့တာလည်း ဖြစ်ပါတယ်။

ယနေ့အချိန်ခါမှာတော့ မြန်မာနိုင်ငံ ပြည်တွင်းသာမက နယ်စပ်ဒေသတွေမှာပါ လမ်းပမ်းဆက်သွယ်မှု၊ စည်ပင်ဖွံ့ဖြိုးမှုတွေ နဲ့ အသိအမြင်ကြွယ်ဝမှုတွေ ပြည်သူအပေါင်း စိတ်ချမ်းမြေ့စွာ အသက်မွေးဝမ်းကြောင်းနိုင်ကြပြီဖြစ်ပါတယ်။ ဒါဟာလည်း နယ်စပ်ဒေသမှာရှိတဲ့ ဗကပတွေနဲ့ အဖျက်အမှောင့်အုပ်စုတွေကို မြန်မာ့တပ်မတော်က အသက်သွေးချွေးပေါင်း မြောက်များစွာနဲ့ ရင်းနှီးအရယူပေးခဲ့တာကြောင့်သာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဗကပတွေဟာ စစ်ရေးနည်းနဲ့ တိုက်ယူလို့မရမှန်းသိလေတော့ ပြည်တွင်းမှာ ဗကပဆဲလ်တွေထည့်သွင်းခြင်း မြေပေါ်မြေအောက် ယူဂျီလှုပ်ရှားမှုများ ဖန်တီးခြင်းနဲ့ ပြည်ပမီဒီယာများကနေတစ်ဆင့် ကြေညာချက်တွေ စာတမ်းတွေ ထုတ်ပြန်ချက်တွေ အစီရင်ခံစာတွေနဲ့ တစ်ဖက်လှည့် လုပ်ဆောင်လာကြတာလည်း ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဗကပရဲ့ လုပ်ရပ်တွေအပေါ် မြန်မာနိုင်ငံသူ နိုင်ငံသားတွေကတော့ အဖြူအမဲသဲကွဲစွာ နားလည်နေကြပြီ ဖြစ်ပါတယ်။ ဗကပရဲ့ တိုင်းပြည်အပေါ်ထားတဲ့ အမြင်တွေ လုပ်ရပ်တွေကို ပြည်သူတွေက ဘယ်လိုမှ လက်မခံနိုင်တဲ့ အခြေအနေကို နားလည်သင့်ပါပြီ။ တိုင်းသူပြည်သားတွေရဲ့ သဘောထားအမှန်ကို သိနေသော်လည်း ဆက်လက်ပြီး တိုင်းပြည်ဆူပူအုံကြွမှုတွေဖြစ်အောင် မြေအောက်မြေအောက် အဖျက်လုပ်ရပ်တွေကို ဗကပကတော့ဖြင့် နည်းလမ်းမျိုးစုံနဲ့ ဆက်လက်ဖန်တီးနေမယ်ဆိုတာ အလွန်ကို ထင်ရှားလှပါတယ်။ ဘယ်လိုနည်းလမ်းတွေကို သုံးသုံး ဗကပရဲ့ ဘီလူးခေါင်း ကို မင်းသားခေါင်းစွပ်ထားတဲ့ နိုင်ငံရေးကြောင်ပါးများ ဆိုတာကို နိုင်ငံတော်အစိုးရကရော နိုင်ငံသူနိုင်ငံသားတွေကပါ သိမြင် နားလည်နေပြီဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ မောင်မင်းချင်း

Posted by Kyee Say Ta Man at 6:25 PM 0 comments

Tun Lin said...

ဒေါ်စုကြည်မရှိလည်း ရပ်တည်နိုင်တဲ့ ပါတီတစ်ခုဖြစ်ကြောင်း ( NLD) သက်သေပြရမယ့် အချိန်ရောက်

အားလုံးမျှော်လင့် နေကြတဲ့ ရွေးကောက်ပွဲ ဥပဒေတွေ ကတော့ ထွက်လာခဲ့ပါပြီ။ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေထွက်လာတာနဲ့ တစ်ပြိုင်းတည်း ထုံစံအတိုင်းပဲ မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်မလာတဲ့ အခါကျတော့ ဝေဖန်မှုတစ်ချို့လည်း ပေါ်ထွက် လာခဲ့ ပါတယ်။

ရွေးကောက်ပွဲမှာ ဒေါ်စုကြည်ကို ပါဝင်ခြင်း မပြုနိုင်အောင် ရေးဆွဲးထားတယ်လို့ ဒေါ်စုကြည် ကိုယ်တိုင်က ဝေဖန် ပြောဆို ခဲ့သလို၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာကင်တာနား အပါအဝင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့က ဝေဖန်ပြောဆိုခဲ့ပါတယ်။

အခန်း ( ၅ ) မှာ ဖော်ပြထားတဲ့ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူများနှင့် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိသူများတွင်

၁ဝ။ အောက်ပါပုဂ္ဂိုလ်များသည် ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေရ -

(က) ထောင်ဒဏ်ကျခံနေရသူ၊

( ခ ) ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာမတည်မီက ဖြစ်စေ၊ အာဏာ တည်ပြီးမှဖြစ်စေ လွှတ်တော် ကိုယ်စားလှယ် အရည်အချင်း ပျက်ယွင်းစေသော ပြစ်မှုဖြင့် ပြစ်ဒဏ်ချမှတ် ခံရခြင်းကြောင့် သို့မဟုတ် ရွေးကောက်ပွဲ ဆိုင်ရာ တရားမဲ့ ပြုကျင့်မှု ကျူးလွန်ခြင်း ကြောင့် သို့မဟုတ် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေနှင့် အညီ ဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်ထားသည့် ကာလ ကုန်ဆုံးခြင်း မရှိသေးသူ ဆိုပြီး ဖော်ပြထားပါတယ်။

ဒါဟာ အတိုက်အခံ ခေါင်းဆောင် ဒေါ်စုကြည်ကို တမင်ရည်ရွယ် ရေးဆွဲထားတာ ဖြစ်တယ်၊ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ရည်ရွယ်ထားတာ ဖြစ်တယ်ဆိုပြီး ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။ တကယ်တော့ ရွေးကောက်ပွဲ ကော်မရှင်က အစ အနာဂတ် နိုင်ငံတော်ရဲ့ တာဝန်ကိုယူကြမယ့် ပါတီ ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေ အနေနဲ့ ပြစ်မှုကင်းရှင်းသူတွေ ဖြစ်သင့်တဲ့ အတွက် ဒီဥပဒေကို ထည့်သွင်းခဲ့ခြင်းသာ ဖြစ်ပါတယ်။ ဥပဒေ တစ်ရပ်ဟာ တစ်ဦးတစ်ယောက်ကို ငဲ့ကွက်ပြီး ရေးဆွဲတဲ့ ဥပဒေ မဖြစ်သင့်သလို တစ်ဦး တစ်ယောက်ကို အကာအကွယ်ပေးတဲ့ ဥပဒေမျိုးလည်း မဖြစ်သင့်ပါဘူး။ ဥပဒေနဲ့ လွတ်ကင်းတဲ့ ဘယ်နိုင်ငံသားမဆို ပါဝင်ခွင့်ရသင့်တဲ့ ဥပဒေဖြစ်သင့်သလို၊ ဥပဒေနဲ့ ညိစွန်းတဲ့ ဘယ်နိုင်ငံသားကိုမှ ပါဝင်ခွင့် မပြုတာဟာ တရားမျှတတဲ့ ဥပဒေတစ်ရပ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

တကယ်တော့ ဒေါ်စုကြည်သာ အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံယက်တော ဝင်ရောက်လာတာကို လက်ခံ တွေ့ဆုံခဲ့ခြင်း မရှိဘဲ နေအိမ် အကျယ်ချုပ် ဥပဒေကို ချိုးဖောက်ခဲ့ခြင်း မရှိဘူးဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်( NLD) အတွက်ရော၊ ဒေါ်စုကြည်အတွက်ပါ တကယ်ကို ကောင်းတဲ့ အခွင့်အလမ်း တစ်ရပ် ရရှိသွားမှာပါ။ အခုတော့ ဒေါ်စုကြည်က နေအိမ် အကျယ်ချုပ် ဥပဒေချိုးဖောက်မှုနဲ့ တရားစွဲဆိုခြင်း ခံခဲ့ရပြီး နေအိမ်အကျယ်ချုပ် ဥပဒေ သက်တမ်းတိုးခြင်း ခံခဲ့ရတယ်။ အဲဒီအတွက် ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ ပါတီဥပဒေတွေနဲ့ ငြိစွန်းသွားခဲ့ပါတယ်။ ဘယ်သူမပြု မိမိမှု ခံခဲ့ရတာလို့ပဲ ဆိုရတော့မှာ ဖြစ်ပါတယ်။ ကိုယ့်အတွက်း အသေးအဖွဲကိစ္စလေးလို့ ထင်ရပေမယ့် နိုင်ငံရေးပါတီခေါင်းဆောင် တစ်ယောက် အနေနဲ့ သတိပြုဆင်ခြင်သင့်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် နောင်တဟာ နောင်မှရနေလို့ အပိုပဲဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်( NLD) အနေနဲ့ ချိတ်ပိတ်ထားတဲ့ ရုံးခန်းတွေလည်း ပြန်လည်ဖွင့်လှစ်ခွင့် ရနေပြီဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်( NLD) အနေနဲ့ ပါတီအနေနဲ့ ပုဂ္ဂိုလ်ရေးကို ရှေ့တန်းမတင်ဘဲ တိုင်းပြည်နဲ့ လူမျိုးအတွက် ရှေ့တန်းတင်မယ်ဆိုရင် ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲဥပဒေတွေ၊ ပါတီဥပဒေတွေနဲ့အညီ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲမှာ ဝင်ရောင်ယှဉ်ပြိုင်ခြင်းဖြင့် သက်သေပြ ဖို့သာ ရှိပါတယ်။ ဒီလိုလုပ်ခြင်း အားဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်( NLD) ဟာ လူပုဂ္ဂိုလ်တစ်ယောက်ရဲ့ လင်းရိပ်ပိနေတဲ့ ပါတီတစ်ခု၊ အဖွဲ့အစည်းတစ်ခု မဟုတ်ဘူး ဆိုတာကိုလည်း ပြသရာ ရောက်ပါလိမ့်မယ်။ ဒေါ်စုကြည် မရှိလည်း (NLD) ပါတီဟာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရဲတဲ့ ပါတီတစ်ခုဖြစ်တယ်ဆို ပြသရမယ့် အကောင်းဆုံး ဖြစ်ပါတယ်လို့ အကြံပြု လိုက်ချင်ပါတယ်။

ကိုပြည်ချစ်


Posted by Kyee Say Ta Man at 2:10 PM

Unknown said...

NLD ဥက္ကဌ ဒုဥက္ကဌ တွေက လက်အောက် အတွင်းရေးမှူး ဒေါ်စုကြည် ကိုကြောက်ရ ဒေါ်စုကြည်စကားကိုပဲ နားထောင်နေရတာ..ဒေါ်စုကြည်က ဒါဆိုဒါ ဟိုဟာဆိုဟိုဟာပဲ...ဗူး ဆို ဖရုံမသီးတတ်ဘူး...(ဒေါ်စု=ဒီမိုအမည်ခံ အာဏာရှင်).....တပ်မတော်မှာအကြီးဆုံး ဗိုလ်ချုပ်သန်းရွှေ ကို လက်အောက်ငယ်သားတွေက ကြောက်တာ အထူးဆန်းမဟုတ်ဘူး သဘာဝကျတယ်...NLD ကတော့ လက်အောက်ငယ်သားကို ခေါင်းဆောင်ကြီးတွေက ပြန်ကြောက်နေရတာ ရှက်ဖွယ်အလီလီ

niro said...

ခွေးသတောင်းစား၊ဦးနှောက်မရှိတဲ့ငကြောက်ဖား။ရိုင်းရိုင်းစိုင်းစိုင်းဆိုလို့အဲ့ဒီလောက်ပဲပြောတတ်ပါတယ်။ဖြစ်နိုင်ရင်အဲ့ဒီထက်ပို၍ဆဲချင်၏

Unknown said...
This comment has been removed by the author.
Tun Lin Naing said...

ဟေ့ ထွန်းလင်း။ စစ်ပုလိပ်နောက်လိုက်ခွေး။ မင်းဘယ်သူလဲ ငါသိတယ်။ မင်းနာမည်ရင်းနဲ့ လိပ်စာကို ပြောလိုက်ရင် မင်းသေသွားလိမ့်မယ်။

 
----------------------------------------- */ /* EOT ----------------------------------------- */