သန်းရွှေဟာ သေမှ အာဏာလက်လွှတ်မှာပါ။ သူဟာ အာဏာကို လက်လွှတ်လို့မရတဲ့ အခြေနေ ကို ရောက်နေပါပြီ။ တပ်ထဲမှာလဲ သူဒီနေ့ဆင်း နောက်နေ့ဆော်မယ် ဆိုတဲ့ဟာတွေကလည်း တပုံကြီးပါ။ သူ့မိသားစုတွေကလည်း မာနထောင်လွှားပြီး တပ်မတော်သား တွေနဲ့မိသားစုတွေကို ကျွန်တွေလိုဆက်ဆံပါတယ်။ သန်းရွှေသမီးတွေ နယ်တွေသွားရင် ဗိုလ်ကတော်တွေကသနပ် ခါးသွေးပေး ရတာမျိုးလို အလုပ်တွေနဲ့ အခစားဝင်ရပါတယ်။ ဗိုလ်ကတော်တွေကို စိတ်အခန့်မ သင့်ရင်သူတို့ ယောက်ျားတွေကို တစ်ချက်လွှတ်အမိန့်နဲ့ နယ်စွန်နယ်ဖျားတွေ ပို့ပစ် တတ်ပါတယ်။ ဒါကြောင့်တပ်ထဲမှာ သူတို့မိသားစုကို ရွံကြောက်ကြီးတွေ ဖြစ်နေကြပါတယ်။
ဦးနေဝင်းက အာဏာရှင်ပေမဲ့ စစ်တပ် ကြီးစိုးရေးဝါဒကို ကိုင်စွဲသူမို့စစ်တပ်ကတော့သူကို ထောက်ခံတယ်။ ဒါကြောင့် ၈၈ မှာ ရဲရဲဝံ့ဝံ့ ဆင်းသွားရဲတာပါ။ ဦးနေဝင်းခောတ်မှာ သူ့ကို ပခုးံချင်းယှဉ်မဲ့လူ မရှိဘူး၊ တပည့်ဘဲရှိတယ်။ သန်းရွှေကျတော့ မိသားစုကောင်းစားရေးဝါဒ
ကို လက်ကိုင်စွဲတဲ့အပြင် မောင်အေး၊ မြင့်လှိုင်တို့လို ယှဉ်ပြိုင် အုပ်စုတွေ ရှိတော့ သူဒီနေ့ဆင်း နောက်နေ့ဘာဖြစ်မယ် ဆိုတာသိလို့ မိုက်ဇာတ် ဆက်ခင်းနေတာပါ။ သူရဲ့တပည့်တွေကိုလဲ ခုဘဝတော့ မတတ်နိုင်တော့ဘူး နောက်ဘဝတွေ ကျမှဘဲ ဘာဘဲဖြစ်ဖြစ်၊ ဘယ်လိုဘဲ ခံရခံရခံ မယ်ဆိုပြီး သူမဟုတ်တာ လုပ်တာတွေကို တိတ်တဆိတ် ဝန်ခံတတ်ပါတယ်။
သန်းရွှေနဲ့အပေါင်းပါတွေဟာ သူတို့ သွားရမဲ့လမ်းကိုသူတို့သိပြီး လုပ်စရာရှိတာကို ပြတ်ပြတ်သားသား လုပ်ပါတယ်။ ကျွန်တော်တို့ ဒီမိုကရေစီ လိုလားသူတွေ ကျတော့ ကန့်ကွက်ရ၊ ထောက်ခံရ၊ကြိုဆိုရ၊ မျှော်လိုက်ကြ၊ ရာသီစာစားလိုက်နဲ့ ဘာမှဖြစ်မလာသေးပါဘူး။ ရာသီစာဆိုတာကတော့ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ၊ လုံခြုံရေးကောင်စီ ဆုးံဖြတ်ချက်တွေ၊ တပ် တွင်းအကွဲပြဲတွေကနေ ဟိုဟာဖြစ်လာတော့မလို၊ ဒီဟာဖြစ်လာတော့မလို ကိုယ့်အလုပ်ကိုယ် မလုပ်ဘဲ ယောင်စိန်လုပ်တာကို ဆိုလိုတာပါ။ ကျွန်တော်တို့ဆီ ပြတ်သားတဲ့အမြင်နဲ့ ခိုင်မာတဲ့ ရပ်တည်ချက်မရှိတာ ကျွန်တော်တို့ရဲ့ အဓိကအားနည်းချက်ပါ။
ခုချိန်မှာ ကျွန်တော်တို့ဟာ ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေးဆိုတာတွေကို ငြင်းခုန် အချိန်ဖြုန်းနေရမဲ့အချိန် မဟုတ်ပါဘူး။ တော်လှန်ရေးကောင်စီကနေ ဆိုရှယ်လစ်ပါတီကို ဘယ်လိုအသွင်ပြောင်းခဲ့သလဲ၊ အာဏာရှင်ပေးမယ့် ဒီမိုကရေစီဆိုတာကို ပြည်လမ်းမပေါ်က လွှတ်တော်အဆောက်ဦးကြီးကို ကြည့်ပြီး သင်ခန်းစာယူကြပါလို့ မေတ္တာရပ်ခံပါတယ်။
ရန်နောင်
၁၀၊၀၃၊၂၀၁၀
Wednesday, March 10, 2010
အသေထွက် မဲ့ သွေးစုတ်ဖုတ်ကောင်
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment