“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, March 19, 2010

မသိတာက ပိုလို့ခက်

ရွေးကောက်ပွဲဝင်ဖို့၊ မဝင်ဖို့ဆိုတာ ၂၀၀၈ မေ မုဒိန်းကျင့်ခံ အခြေခံဥပဒေ အတည်ပြု ပြီးကတည်းက အဖြေကရှင်းနေပြီ။ ရွေးကောက်ပွဲ ဝင်ရအောင် ရွေးကောက်ပွဲ အပြီး ကျင့်သုးံမယ့် အခြေခံဥပဒေကို မြန်မာပြည်သူပြည်သား ဘယ်နှစ်ယောက်က ဖတ်ဘူးပါသလဲ၊ ဘယ်လောက် နားလည်ပါသလဲ၊ နအဖကကော ပြည်သူတွေကြားထဲမှာ ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေ၊ ရှင်းပြခဲ့သလဲ။

မြန်မာနိုင်ငံရဲ့ အနီးဆုးံနိုင်ငံတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသားသိန်းကျော်နေထိုင်တဲ့ စင်္ကာပူမှာဆို ရင် အခြေခံဥပဒေစာအုပ်လေးအုပ်ကိုဘဲ သံရုးံကိုလာရောက်ဖတ်ခွင့်ပြုပြီး အများပြည်သူကို လုးံဝမဖြန့်ဖြူးခဲ့ပါဘူး။ သြစတြေးလျနိုင်ငံမှာဆိုလည်း သံရုးံက အခြေခံဥပဒေ စာအုပ်နှစ်အုပ် ဘဲရှိလို့ဘယ်သူကိုမှ မငှါးနိုင်၊ မပေးနိုင်ပါဘူးတဲ့။ မြန်မာနိုင်ငံတွင်းမှာလဲ ထိုနည်းလည်းကောင်း ပါဘဲ နားလည်အောင် မီဒီယာကနေ ပညာပေးတာတို့၊ အများပြည်သူ အလွယ်တစ်ကူ သိရှိအောင် အခမဲ့ဖြန့်ဝေတာတို့ မလုပ်တဲ့အပြင် စာပေဗိမ္မာန်က နေ ရောင်းချခဲ့ပါတယ်။

ရွေးကောက်ပွဲကို ကလေးကစားသလို ဖြတ်ချင်သလိုဖြတ်၊ ၅၅ သန်းပြည်သူတွေနားမလည်၊မထောက်ခံတဲ့အခြေခံဥပဒေကို ကြိုင်ကြိုင်တန်ခိုးနဲ့ အနိုင်ဂိုး သွင်းပြီး အတည်ပြု ပေးခဲ့တဲ့ ဓားပြတွေ လုပ်ပေးတဲ့ ရွေးကောက်ပွဲကို ဝင်မယ်ဆိုတဲ့သူတွေကို ဒေါ်အောင်ဆန်းစုကြည် စကားနဲ့ ပြောရမယ်ဆိုရင် ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ပြီး၊ ပြည်သူမျက်နှာ မထောက်တဲ့လူတွေမို့ ရှက်ဖို့ ကောင်းပါတယ်လို့။ နောက်ပြီးပါလီမန်ထဲက ပြုပြင်ပြောင်းလဲရေး လုပ်ခြင်သူတွေ။ စစ်တပ်ကို ပူးသတ်မယ် ထူးခတ်မယ်ဆိုသူတွေ ကိုလည်း စကားလေးပါးပါရစေ၊ အခြေခံဥပဒေ ဆိုတာကြီးကို အရင်ဆုံး အစအဆုံး ဖတ်ကြည့်ပါအုးံလို့၊ နို့ မို့ ဆို ဖွတ်မရ ဓါးမဆုံး..အဖေတွေထားခဲ့တဲ့ နာမည်လေးတလုံး..တသက်လုံးမွေးထားရတဲ့ အမည်တလုံး..စစ်တပ်ကို ပူးမသတ်ရဘဲ စစ်ဖိနိပ်က ဖိနင်းလိုက်လို့  မဲမှောင် ပျောက်ကွယ် သွားမှာ ကိုလည်း သတိပေးပါရစေ။ ဒီအချိန်ဟာ တွေဝေနေရမဲ့အချိန်မဟုတ်တော့ဘူး။ ပြတ်သားရမဲ့အချိန်ဆိုတာသတိရှိပါ။

ရန်နောင်။၁၈။၀၃။၂၀၁၀

(ရှင်းရှင်းပြောရမယ်ဆို..နာဂစ်ကြောင့်သေကြေတဲ့ ပြည်သူပြည်သား သိန်းကျော်ရဲ့ အသက်ကို ကယ်ဖို့ တောင်ဂရုမထား..ရက်မရွှေ့ နိုင်ဘဲ ဖုတ်ပူမီးတိုက် အတင်း အတည်ပြုခိုင်းတဲ့ အခြေခံဥပဒေ ဆို
တာ သူတို့ စစ်တပ်တည်မြဲရေး..ဘယ်သူဘဲနိုင်နိုင် စစ်တပ်ကအချိန်မရွေး အာဏာသိမ်းနိုင်သော..မတရားဥပဒေသာဖြစ်ပါတယ်။ ဒါကြောင့် ၀န်မင်းလုပ်ချင်သူတွေ က ရွေးကောက်ပွဲဝင်ချင်တာနဲ့ ..ကိုယ်လည်ပင်းကိုယ် ကြိုးကွင်းစွပ်မဲ့ဥပဒေကို လက်ခံပါတယ် လက်မှတ်ထိုးတယ်ဆိုကတည်းက ပြည်သူကို သစ္စာဖောက်သူ ပြည်သူကိုစော်ကားသူ အာဏာမက် စစ်အစိုးရရဲ့ အလိုတော်ရိများစာရင်းဝင်သွား လိမ့်မည်သာ ဖြစ်ပါကြောင်း..)
(အာဇာနည်များ.)

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */