ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ၁၇ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဖွဲ့စည်းခြင်းကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ကြေညာချက်အမှတ် (၁/၂၀၁၀) မတ်လ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
ယင်းကြေညာချက်ကို နိုင်ငံ တော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး၏ လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။
၂၀၁၀ ပြည့်နှစ်အတွင်း ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ များ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားချက် အရ သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် ပါဝင်သူများမှာ ဦးသိန်းစိုး ဥက္ကဋ္ဌ ဖြစ်ပြီး အဖွဲ့ဝင်များ မှာ ဦးအင်ဇော်နော်၊ ဦးခင်မောင်နု၊ ဦးစောဘလှိုင်၊ ဒေါက်တာဘမောင်၊ ဦးညွန့်တင်၊ ဦးမောင်သာလှ၊ ဒေါက်တာစိုင်းခမ်းလှိုင်၊ ဦးအောင်မြင့်၊ ဦးမြင့်နိုင်၊ ဒေါက်တာတင်အောင်အေး၊ ဒေါက်တာဒေါ်မြင့်ကြည်၊ ဒေါ်ခင်လှမြင့်၊ ဦးသာဦး၊ ဒေါက်တာမောင်ထူး၊ ဦးသာဌေး၊ ဦးဝင်းကြည်တို့ ဖြစ်ကြ သည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် ဒုတိယတရားသူကြီးချုပ်၊ ဒုတိယရှေ့နေချုပ်နှင့် တရားရုံးချုပ် တရားသူကြီးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ဖူးသူများ ပါဝင်ပြီး ၄င်းတို့မှာ ဒုတိယ တရားသူကြီးချုပ်အဖြစ် ထမ်းဆောင်ဖူးသူ ဦးသိန်းစိုး၊ ဒုတိယ ရှေ့နေချုပ်အဖြစ် ထမ်းဆောင်ဖူးသူ ဦးမြင့်နိုင်၊ တရားရုံးချုပ်တရားသူကြီး အဖြစ် ထမ်းဆောင်ဖူးသူ ဒေါက်တာ တင်အောင်အေးတို့ဖြစ်သည်။ ထို့ပြင် အဖွဲ့ဝင်အချို့မှာ တက္ကသိုလ်များတွင် ပါမောက္ခ တာဝန်ထမ်းဆောင်ခဲ့ဖူးသူများ ဖြစ်ကြသည်ဟု သိရှိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ပထမအကြိမ်အစည်း အဝေးကို မတ်လ ၁၂ ရက်နေ့၌ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ကျင်းပခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကာ လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု တရားဝင်ထုတ် ပြန်ချက်အရ သိရသည်။
http://www.baymyanmar.com/2010/03/blog-post_4291.html မှ
Monday, March 15, 2010
အလိုတော်ရိ..ရုပ်သေးရွေးကောက်ပွဲကော်မရှင်အဖွဲ့သားများ..ချီတက်လာကြပြီ..
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment