11/5/2008
အလုပ်သမား ၂၀၀ ခန့် ပါဝင်သော ဆန္ဒပြပွဲတရပ် စစ်တွေမြို့တွင် လွန်ခဲ့သော အောက်တို ဘာလ ၂၇ ရက်နေ့က ပေါ်ပေါက်ခဲ့ကြောင်း သတင်းရရှိသည်၊
အဆိုပါ ဆန္ဒပြပွဲမှာ အလုပ်သမားများအပေါ် လစာဖြတ်တောက်မှုနှင့် ဖယ်ရီကား အစီအစဉ်ကို စက်ရုံပိုင်ရှင်များက ရုတ်သိမ်းမှုစသည်တို့ ကို အခြေခံပြီး ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
တရုတ်စီးပွားရေးသမားများနှင့် ဒေသခံ စီးပွားရေးသမားများ ပိုင်ဆိုင်သော ယမင်းသော်တာ ပုဇွန်ထုတ်လုပ်ရေးစက်ရုံမှ အလုပ်သမား တဦး တနေ့ အလုပ်ပျက်ကွက်လျှင် ကျပ်ငွေ ၁၅၀၀ ဖြတ်တောက်ပြီး ယခင်က အလုပ်သမားများ ရုံးတက်ရုံးဆင်းတွင် စီစဉ်ပေး ထား သော ဖယ်ရီကား အစီအစဉ်ကို ဖြတ်တောက်ခဲ့သည်။
အလုပ်သမားတဦး၏ လစာမှာ တလ ၁၈၀၀၀ ကျပ်သာရှိသော်လည်း အကြောင်း အမျိုးမျိုး ကြောင့် တနေ့အလုပ်ပျက်ကွက်လျှင် ကျပ် ငွေ ၁၅၀၀ ဖြတ်တောက်မှုအပေါ် အလုပ်သမား မကျေနပ်ရာမှ အောက်တိုဘာလ ၂၇ ရက်နေ့က စက်ရုံသို့ သွားခဲ့ကြသော်လည်း အ လုပ် မဆင်းဘဲ နေခဲ့ကြသည်။
၎င်းပြင် နောက်ထပ် သုံးရက်တိတိ အလုပ်မဆင်းဘဲ နေထိုင်နေစဉ် စက်ရုံပိုင်ရှင်များမှ ဖယ်ရီကားကို ဆက်လက် စီစဉ်ပေးနိုင်မည်မဟုတ် သော်လည်း လစာဖြတ်တောက်မှုကို ပြုလုပ်မည် မဟုတ်တော့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သဖြင့် နောက်ပိုင်းတွင် အလုပ်သမား များ အလုပ်ပြန်ဆင်းခဲ့ကြသည်ဟု သိရသည်။
ယမင်းသော်တာ ပုဇွန်စက်ရုံမှာ ဒိုးဝန်းရွာ ရပ်ကွက်တွင် တည်ရှိပြီး ရခိုင်ပြည်ထွက် ပုဇွန်များကို ထုတ်ပိုးပြီး ရန်ကုန်အပါအ၀င် နိုင်ငံခြား သို့ ပုဇွန်များ တင်ပို့သည့် စက်ရုံတရုံ ဖြစ်သည်။ http://www.narinjara.com/detailsbur.asp?id=1571
Friday, November 07, 2008
အလုပ်သမား ၂၀၀ ခန့် ပါဝင်သည့် ဆန္ဒပြပွဲ စစ်တွေတွင် ပေါ်ပေါက်ခဲ့
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment