ကျိုင်းတုံ-တောင်ကြီး ကုန်ကားကြီးများ ကျပ်သန်းချီ အခွန်ဆောင်နေရ
စနေနေ့၊ 15 နိုဝင်ဘာလ 2008 သျှမ်းသံတော်ဆင့်
E-mail Print
ကျိုင်းတုံ- တောင်ကြီး ၁၀ ဘီးကုန်ကားကြီးများ လမ်းတစ်လေဋာက် ဘီးလှိမ့်ခွန်၊ ဂိတ်ကြေး ကျပ်သန်းချီ ပေးဆောင်ခဲ့ရသော်လည်း နအဖအာဏာပိုင်များ ကားလမ်းပျက်စီးနေသည်ကို မိံပပြင်ပေးကြောင်း နယ်စပ်သတင်းရပ်ကွက်က ဆိုပါသည်။
“ဆီဖိုးနဲ့ စရိတ်မပါသေးဘူး။ အားလုံးကျပ် ၁၀ သန်းလောက်ကုန်တာက္မမ့အ၀င်အထွက် ဂိတ်ကြေး၊ ဘီးခွန်၊ လမ်းခရီးမှာ ပြည်သူ့ စစ်တို့၊ စစ်ကြောင်းတို့ကိုပေးရတာ အဲဒါတွေပေါ့ ” ဟု ကျိုင်းတုံ-တောင်ကြီး ကုန်ကားပိုင်ရှင်တစ်ဦးကပြောပြသည်။
ကျိုင်းတုံကားကြီးကွင်းအထွက်၌ပင်ကျပ် ၉ သိန်း၊ တုံတာဂိတ်တွင် ကျပ် ၂ သောင်း ၈ ထောင်၊ မိုင်းပြင်း္မမ့အ၀င် ကျပ် ၅ သိန်း၊
တာ့ကော့တံတား ဌာနပေါင်းစုံအတွက် ကျပ် ၁ သန်း ၆ သိန်း၊ တာ့ကော့ တံတား၌ ကျပ် ၃ သောင်း၊ ကွန်ဟိန်းတံတား၌ ကျပ် ၈ သိန်း၊ ခိုလမ် အုပ်စု ဖြတ်သန်းခွန် ကျပ် ၁ သိန်း ၅ ထောင်၊ နမ့်ဇန်္မမ့ဖြတ်သန်းခွန် ကျပ် ၄ သိန်း လွယ်လင်စစ်ဆေးရေးဂိတ်၌ ကျပ် ၁ သန်း ၆ သိန်း၊ စသည်ဖြင့် ပေးခဲ့ရပြီး မိုင်းပွန်္မမ့ဖြတ်သန်းစဉ် စစ်တပ်နှင့် ဌာနဆိုင်ရာက ကျပ် ၇ သောင်းထပ်တောင်းသည်ဟုဆို၏။ ‚င်းအပြင် တောင်ကြီး္မမ့အ၀င်ဂိတ်တွင်ပေးရသည့် ကျပ် ၁ သန်း ၅ သိန်းအပါအ၀င် လမ်းခရီး၌ စစ်ကြောင်း၊ ကင်းတဲ၊ ပြည်သူ့စစ် အဖွဲ့တို့နှင့် တွေ့တိုင်းပေးရသည့် ပမာဏနှင့်ပေါင်းပါက ကျိုင်းတုံ- တောင်ကြီးခရီးစဉ် တစ်လေဋာက် ကျပ် ၁၀ သန်းခန့်ကုန်ကျ သည်ဟု အဆိုပါ ကုန်ကားပိုင်ရှင်က ထပ်မံရှင်းပြသည်။
ကားဒရိုင်ဘာတစ်ဦးကလည်း“ ကညနကတော့ ကုန်ပစ္စည်းကို ပိဿာ ၂ သောင်းထက် ပိုမတင်ရဘူးလို့ သတ်မှတ်ထားတယ်။ ဒါပေမဲ့ အဲလောက်အခွန်ကောက်နေတော့ အနည်းဆုံး ပိဿာချိန် ၃ သောင်းလောက်မတင်ရင် ကုန်ပိုင်ရှင်တွေအတွက်က မကိုက် ဘူး။ ကုန်တင်ကားကမနည်းဘူးလေ။ အစီးတိုင်း အဲလောက်အလေးချိန်တင်တော့ လမ်းပျက်တယ်။ ဒီနှစ်ဆိုပိုတောင် ပျက်သေး တယ်။ အာဏာပိုင်တွေ အဆမတန်အခွန်ကောက်စားပြီး ကားလမ်းကျတော့မပြင်ဘူး” ဟု ဆို၏။
ထို့အပြင် တာ့ကော့ - ကွန်ဟိန်းကြား ချက်ပွိုင့်တွင် ကုန်တင်ကားအားလုံး တစ်စီးလဋင် တစ်နှစ်စာ အခွန်ငွေ ကျပ် ၃ သောင်း ထပ်မံ သွင်းရသေးသည်ဟုဆို၏။ ကျိုင်းတုံ-တောင်ကြီးကားလမ်းမှာ ၂၈၁ မိုင် (၄၄၉ ကီလိုမီတာ) ရှည်လျား၏။
Saturday, November 15, 2008
အမိန့် ရ သူတောင်းစားများ
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment