“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, November 20, 2008

ထိုင်းနိုင်ငံ အစိုးရအိမ်တော်တွင် ပေါက်ကွဲမှုဖြစ်ပွား


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်တွင် ဗုံးပေါက်ကွဲမှုတစ်ခု နိုဝင်ဘာလ (၂၀)ရက်နေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ မနက်(၃း၂၅)နာရီတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် အစိုးရအိမ်တော်အနီး ဆန္ဒပြနေသူ တစ်ဦးသေဆုံးပြီး (၁၁)ဦးမျှ ဒဏ်ရာရရှိခဲ့သည်။ တော်ဝင်မိသားစု ဈာပနအခမ်းအနား ကျင်းပပြီး တစ်ရက်အကြာတွင် ဖြစ်ပွားခဲ့သော အဆိုပါ ဗုံးခွဲမှုအတွင်း ဒဏ်ရာရရှိခဲ့သူများကို အစိုးရ အိမ်တော်ရှေ့ရှိ အာဏာရ PADပါတီရုံးချုပ်မှ လုံခြုံရေး အစောင့်တပ်သားများက ဆေးရုံလေးခုသို့ အလျင်အမြန် ပို့ဆောင်ပေးခဲ့ကြရသည်။ ပေါက်ကွဲမှုအပြီးကတည်းက အိမ်တော်စောင့် တပ်သားများက အစိုးရအိမ်တော်အတွင်း ရှိနေသူများအားလုံးကို ထွက်ခွာခွင့်မပေးဘဲ ထိန်းသိမ်းထားပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။ ယခုပေါက်ကွဲသောဗုံးမှာ အိမ်တော်အတွင်းရှိ ပြည်သူ့ဝန်ဆောင်မှု ကော်မရှင် ဗဟိုဌာန (သို့မဟုတ်) အိမ်တော် ပရ၀ုဏ်အတွင်းရှိ အခြားသော အဆောက်အအုံတစ်ခုမှ လှမ်းပစ်လိုက်ခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းထားကြသည်။ အာဏာရ PADပါတီသည် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများအား မေလ (၂၅)ရက်နေ့ကတည်းက ရင်ဆိုင်နေခဲ့ရပြီး ဆန္ဒပြသူများသည် သြဂုတ်လ(၂၆)ရက်နေ့မှ စတင်ပြီး အစိုးရအိမ်တော်အနီး စုရုံးဆန္ဒပြမှုများ ပြုလုပ်နေခဲ့ကြောင်း သတင်းရရှိသည်။
XinhuaNet

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */