ဖတ်ဖြစ်အောင်ဖတ်ပါ ပြီးတော့ကြည့်ပေါ့ မြွေပွေးခါးပိုက်နှိုက်တယ်ဆိုတာထက် ရေမြွေ ပါးစပ်ထဲ ထည့်မိမှာစိုးလို့ 
ကိုဇော်ဝင်းထွဋ်ဖျော်ဖြေမဲ့ဂျပန်ကနာဂစ်ရံပုံငွေပွဲ နှင့် ဆန္ဒပြလိုသူရဲဘော်များ
ပထမဆုံး ဒီပွဲ အကြောင်းနဲနဲပြောချင်ပါတယ်။ ဆိုမှာက ကိုဇော်ဝင်းထွဋ်၊ အယ်လ်ဆိုင်းဇီ(ကချင် တိုင်းရင်းသူလေး)၊ နဲ့ ဆုန်သင်း ပါရ် (ချင်းတိုင်းရင်းသူလေး)၊ စီစဉ်သူတွေကဂျပန်က စတာရာတီးဝိုင်းအဖွဲ့ သားတွေ မြန်မာဂျပန် မိသားစုများ အသိုင်းအဝိုင်း ဆိုတဲ့ အစုအဖွဲ့ လေးနဲ့ ဂျပန်ကမြန်မာနိုင်ငံသားတချို့ ဖြစ်တယ်လို့ သိရပါတယ်။
ရည်ရွယ်ချက်က မုန်တိုင်းသင့် ဖျာပုံမြို့  မင်္ဂလာသောင်တန်းရွာက ကလေးများအတွက်တဲ့၊
ကျွန်တော်ကရိုးရိုးလေးစဉ်းစားလိုက်တယ်။ ဂျပန်ရောက်မြန်မာမိသားစုတွေက မြန်မာပြည်ကနာဂစ်ဘေးသင့် ကလေးတွေ ကို အကူ အညီပေးဖို့ ရန်ပုံငွေရှာတယ်၊ အဆိုတော်တွေကလာပြီးကူညီသီဆိုတယ်။ရိုးရိုးလေးပါ။
ရိုးရိုးလေးထဲမှာရှုတ်လာတာကတော့ အသံတွေကြားနေရတယ်ဘာသံတွေလဲ(ကိုကျော်ဟိန်း သီချင်းစာသားလေးနော်)
(၁)ကိုဇော်ဝင်းထွဋ်ဟာတေဇ(ကိုတေဇ) နဲ့ သူငယ်ချင်းဖြစ်ကြောင်း၊
(၂)ကိုဇော်ဝင်းထွဋ်ဟာ ကိုတေဇနဲ့ ပေါင်းပြီးစီးပွားရေး လုပ်နေကြောင်း ။
(၃)ကိုတေဇ ဂျပန်ကိုရောက်နေကြောင်း
ဒီ ကြောင်းသုံးကြောင်းကြောင့်ဆန္ဒပြကြမယ်ဆိုပြီး တချို့ နိုင်ငံရေး လုပ်နေသူတွေက ဆော်သြ နေတာတွေကြားနေရပါတယ်။ ဒီအသံကို စကြားရတာက ကျွန်တော့်မိတ်ဆွေ တိုကျိုစတား စားသောက် ဆိုင်ပိုင်ရှင် ကိုအောင်မြင့်က လာပြီးအားပေးပါဦးလို့  ဖုန်းဆက် လို့ ဒီပွဲအကြောင်းသိရတာပါ။ကျွန်တော်တို့ သမဂ္ဂအစည်းအဝေးနဲ့ ရက်ရော အချိန်ရောတိုက်နေလို့ အားပေးချင်ပေမဲ့ မလာနိုင်တဲ့ အကြောင်း ပြန်ပြောလိုက်ပါတယ်။ဂျပန်ကနိုင်ငံရေးလုပ်နေသူတွေအားလုံးထမင်းစားဖို့  နိုင်ငံရေးလုပ်ဖို့ ငွေရအောင်
သီးသန့် အလုပ်တွေလုပ်ကြရတာဆိုတော့ ကိုအောင်မြင့်ဖုန်းဆက်ချိန်မှာ ကျွန်တော်ကအလုပ်ထဲမှာလေ ဒီပွဲအကြောင်းအလုပ်ထဲ ကသူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေပြောကြတော့ စောစောက ကြောင်း သုံးကြောင်းကိုကြားရတော့တာပါဘဲ။ အလုပ်ထဲမှာလဲနိုင်ငံရေးအကြောင်းအမြဲပြောနေကြတာဆို တော့ကျွန်တော်တို့ ရဲ့အမြင်တွေဖလှယ်ကြပြီးကျွန်တော်တို့ ကတော့ဆန္ဒမပြသင့်ဘူးလို့ အားလုံး သဘော တူညီခဲ့ကြတယ်လေ။
ကိုဇော်ဝင်းထွဋ်ဟာ တီတီစီကျောင်းထွက်ကျွန်တော့်အကိုနဲ့ ကျောင်းနေဖက်ဆိုတော့ ကိုတေဇ ဟာလည်းတီတီစီ ထွက်များဖြစ်နေမ လားဘဲ ကျွန်တော့်အကိုအသက်က ၄၆ ဆိုတော့ ကိုဇော်ဝင်းထွဋ်လဲ ဒီလောက်ပဲရှိဦးမယ်ထင်ပါတယ်။
ကျွန်တော်လဲတီတီစီထွက်ပါဘဲ။တီတီစီ ကျောင်းကကျောင်းသားတွေကို အကြမ်းအားဖြင့်သုံးမျိုးခွဲလို့ ရပါတယ်။အာဏာပိုင် အဖွဲ့ အစည်း တွေက အကောင်ကြီးတွေရဲ့သားသမီးတွေ၊ ပညာရေးဌာနနဲ့ အရပ်ဖက်ဌာနတွေကလူကြီးသားသမီးတွေ၊ နဲ့  ငွေကြေး ချမ်းသာတဲ့  လုပ်ငန်းရှင်ကြီးတွေရဲ့ သားသမီးတွေ ဒီလိုကလေးတွေဘဲများပါတယ်။ ကျွန်တော်ကတော့ ရှေ့နေသားပါ။
ဒီကျောင်းထွက်ဖြစ်တဲ့ကိုဇော်ဝင်းထွဋ်မှာကိုတေဇဆိုတဲ့ငယ်သူငယ်ချင်းတယောက်ရှိမယ် ဆိုရင်ထူးဆန်းတယ် လို့ မဆိုနိုင်ပါဘူး။ကျွန်တော့်မှာလည်းအဲ့ဒီတုံးကသူငယ်ချင်းတွေထဲမှာဒီအက်အေကို ရိုးနံပါတ် ၁၊ ၂၊ ၃၊ နဲ့ ဝင်သွားတဲ့ သူငယ်ချင်း ၃ယောက်ရှိခဲ့ပါတယ်။
၁ က ပညာရေးဝန်ကြီးဌာနကညွန်ကြားမှူးရဲ့သား၊
၂ က မဆလ စွမ်းအင်ဝန်ကြီး ဦစိန်ထွန်းရဲ့သား။
၃ က တနသာင်္ရီတိုင်းရေတပ်တိုင်းမှုးရဲ့သားပါ။ နောက်ထပ်ထပ်ရေးရင်အများကြီးပေါ့။
ဒီသူငယ်ချင်းတွေနဲ့ နောင်တချိန်ပြန်တွေ့ ကြရင် ဘယ်လိုပုံစံမျိုးနဲ့ တွေ့ ဖြစ်ကြမလဲမသိဘူး။ ကျွန်တော့် အခုအချုပ်အနေနဲ့ ပြောချင်တာငယ်ငယ်တုံးကသူငယ်ချင်းတွေဖြစ်ခဲ့တာအပြစ်မဟုတ်ပါဘူး ကြီးလာတော့ ကိုယ်သန်တဲ့လိုင်း ကိုယ်လိုက်ကြတာဘဲ။
စောစောက ကိုတေဇဆိုပြီး ကိုတပ်ခေါ်တာက ကိုယ့်ထက်အသက်ကြီးတဲ့လူဆိုပြီးယဉ်ကျေးမှုအရသုံးတာပါ သူ့ ကိုကျွန်တော်မသိပါဘူး။ စစ်တပ်အာဘော်ဗမာသတင်းစာတွေမှာ ဗိုလ်ချုပ်မြကို ဗိုလ်မြခေါ်လိုက် ငမြခေါ်လိုက် ဗိုလ်ချုပ်မြခေါ်လိုက် ဖထီးခေါ်လိုက် လိုရင်တမျိုး မလိုရင်တမျိုးခေါ်လေ့ရှိတာကို လူတိုင်းသိမယ်ထင်ပါတယ်။ ကျွန်တော်တို့ ဒီမိုကရေစီသမားတွေ ကအမှန်ဘက်ကရပ်တည်မယ် ဆိုတဲ့စိတ်ဓါတ်နဲ့ လှုပ်ရှားနေကြတာပါ။ သူတို့ လို လိုတမျိုးမလိုတမျိုးကျွန်တော်တို့ လုပ်ရင် ကျွန်တော်တို့ လဲ ကျွန်တော်တို့ တိုက်နေတဲ့ စစ်အာ ဏာရှင်တွေ နဲ့ တတန်းတစားထဲဖြစ်သွားမှာပါ ဒါကို အမြဲသတိရှိဖို့ လိုပါတယ်။
ကိုဇော်ဝင်းထွဋ်ကကိုတေဇနဲ့ စီးပွားရေးပေါင်းပြီးလုပ်နေတယ်ဆိုတော့ မြန်မာပြည်တွင်းက စီးရေးလုပ်ငန်းလုပ်နေသူတွေဟာ နအဖ နဲ့ ကင်းလို့ မရဘူးဆိုတာလူတိုင်းသိကြပါတယ်။ ဒါဆိုရင်ကိုဇော်ဝင်းထွဋ်ဟာ နအဖနဲ့ ပေါင်းပြီးကိုယ်ကျိုးရှာနေသလား။ ဆိုတဲ့ မေးခွန်းနဲ့  သူစီးပွားရှာလို့ ရတဲ့ အကျိုးအမြတ်တွေကိုဘာလုပ်နေသလဲဆိုတဲ့မေးခွန်းမေးပြီး သူ့ ဘယ်သူလဲ ဘာလဲဆိုတာကို ဆုံးဖြတ်ကြ ရမှာ ပေါ့။ ဂျပန်က သတင်းစုံသိတဲ့မိတ်ဆွေတွေဆီတယ်လီဖုန်းနဲ့ ရော လူတွေ့ ပြီးတော့ရောမေးကြည့်တယ် ခုနက မေးခွန်းနှစ်ခုကိုလေ ဘယ်သူမှ ဘာမှမသိကြဘူး။ တခုတော့အစထွက်လာတယ် နယ်စပ်ကလှမ်းပြောတာတဲ့ မင်းတို့ ဇော်ဝင်းထွဋ်ကို ဆန္ဒမပြဘူးလားဆိုပြီး၊နယ်စပ်ကလူတွေကတော့အကုန်သိတယ်လို့ ပြောပါတယ်။ ကိုဇော်ဝင်း ထွဋ်ကိစ္စက အခုနယ်စပ်မှာလမ်းဆုံးနေတယ်။နယ်စပ်ကကိစ္စကို အောက်မှ နောက်ထပ် နဲနဲထပ်ရေးပါဦးမယ် အခုကိစ္စနဲ့ တိုက်ရိုက်မဆိုင်လို့ ပါ။
ပြည်တွင်းစီးပွားရေးသမားတွေထဲမှာတဖက်မှာ နအဖနဲ့ ပေါင်းပြီးစီးပွားရေးလုပ်နေပြီး တဖက်မှာ တိတ်တိတ်ပုံး အတိုက်အခံပါတီတွေ အထူးသဖြင့် ပြည်တွင်းအန်အယ်ဒီပါတီကို ဘက်ပေါင်းစုံက ထောက်ပံ့နေတဲ့သူတွေ တပုံတပင်ကြီးရှိပါတယ်။
တာတွေကိုပြည်တွင်းမှာထဲထဲဝင်ဝင်လုပ်ပြီးမှပြည်ပရောက်လာတဲ့လူတိုင်းသိပါတယ်။ ဒီထောက်ပံ့ရေး လမ်းကြောင်းမရှိခဲ့ရင် ပြည်တွင်း အန်အယ်ဒီရော ဘယ်အတိုက်အခံမှ မရပ်တည်နိုင်ပါဘူး။
ဒီနေရာမှာကိုဇော်ဝင်းထွဋ်ကို အတိုက်အခံတွေကိုတိတ်တိတ်ပုံးထောက်ခံနေသူလို့ ပြောနေတာမဟုတ်ပါဘူး ပြည်တွင်းအကြောင်း တစေ့တစောင်းပြောတာပါ အခုလို မရှင်းရင် ကိုဇော်ဝင်းထွဋ် အပြန်မှာလေဆိပ်ရောက်တာနဲ့ ဆွဲစိခံနေရဦးမယ်။ ဂျပန်လိုစစ်အာဏာရှင် စနစ်ကို တက်တက်ကြွကြွဆန့် ကျင်နေတဲ့နိုင်ငံကို လာပြီး သီချင်းဆိုပေးနေတဲ့အဆိုတော်တွေကို ကျွန်တော်တို့ ကကျေးဇူးတောင် တင်ရဦး မှာပါ။ ကျွန်တော်ပြောချင်တာက ကိုဇော်ဝင်းထွဋ် ဟာ ကိုတေဇနဲ့ ပေါင်းပြီး စီးပွားရေးလုပ်နေတယ် ဆိုတာတောင် နယ်စပ်ကပြောတာပါလို့ ပြောနေတာလေ၊ ဒါဆိုရင်ဂျပန်ကလူတွေ ကိုဇော်ဝင်းထွဋ်နဲ့  ကိုတေဇနဲ့ ဘယ်လိုပတ်သက်သလဲဆိုတာကိုကိုယ်တိုင်ဘာမှမသိဘူးလို့ ကောက်ချက်ဆွဲ ရတော့မှာပါ။ သိတဲ့သူတွေရှိရင် ပြောကြပါ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ ပေါ့နော်။
ဒီနေရာမှာ ဖြတ်ပြောချင်တာတခုရှိပါတယ် ကျွန်တော်ဒီ peaceful burma blog လုပ်ဖြစ်သွားတဲ့ အကြောင်း လေးပါ။ ကျွန်တော်က fwubc မြန်မာနိုင်ငံသားအလုပ်သမားသမဂ္ဂအဖွဲ့ ချုပ် ဂျပန်နိုင်ငံရဲ့ အလုပ် အမှုဆောင်တစ်ဦးပါ။ဂျပန်မှာ နအဖ ဖွဲ့ စည်းပုံကိုကန့် ကွက်ဖို့ campaign တွေလုပ်ကြတော့ ကျွန်တော်တို့ သမဂ္ဂကိုဘက်ပေါင်းစုံကပန့် ပိုးနေတဲ့ JAM လို့ အတိုကောက်ခေါ်တဲ့ ဂျပန်စက်ရုံနဲ့ သံမဏိလုပ်ငန်း အလုပ် သမားများ သမဂ္ဂ က ဂျပန်အရာရှိတွေနဲ့ ဆွေးနွေးတဲ့အခါမှာ နအဖ ဖွဲ့ စည်းပုံကိုကျွန်တော်တို့ နဲ့ အတူဝိုင်းဝန်းကန့် ကွက်ကြဖို့  ဆော်အောတဲ့ အခါမှာ အဲ့ဒီအရာရှိတွေထဲက တယောက်က ဘာပြောလဲဆိုတော့
ဒီဖွဲ့ စည်းပုံ မကောင်းကြောင်းအချက်အလက်နဲ့ ပြောပြ ပါ ဒေတာပေးပါ ဒီဖွဲ့ စည်းပုံက ဘာတွေမကောင်းတာလဲ ဆိုတာကိုသိမှတို့ တတွေက အတူပူးပေါင်းပြီးကန့် ကွက်နိုင်မှာပေါ့။ ဘာမှမသိဘဲနဲ့ ဘယ်လိုလုပ်ပြီးကန့် ကွက်မှာလဲ လို ပြောခဲ့လို့ ရှင်းပြခဲ့ရပါတယ်။ အဲ့ဒီအချိန်ကစပြီး ဒီဘလောက်ကို စလုပ်ဖြစ်သွားတာပါ။ဂျပန်က ဂျပန်လူမျိုးတွေကြားထဲမှာမြန်မာပြည်အကြောင်းအဖြစ်မှန်တွေသိရအောင် အင်ဖော်မေးရှင်း ပေးရအောင် လုပ်ခဲ့တာပါ။
ဘလောက်အကြောင်းပြောရတာက ကိုယ်ပြောချင်တာကို ကိုယ်ကိုယ်တိုင် သေသေချာချာသိပြီး တခြားသူ တွေကိုလဲအထောက်အထားနဲ့ တင်ပြဖို့ လို တယ်ဆိုတာကိုဆိုလိုချင်တာပါ။ သူများပြောသံကြားနဲ့ ကိုယ်ကိုယ် တိုင် သေသေချာချာမသိဘဲနဲ့ ရမ်းမစွတ်စွဲသင့်ဘူးလို့ ပြောချင်တာပါ။ သိတယ်ရှိတယ်ဆို ရင် သေသေချာချာ တင်ပြစေချင်ပါတယ်။
ကိုဇော်ဝင်းထွဋ်အကြောင်းသေသေချာချာမသိဘဲနဲ့  ကိုတေဇနဲ့ စီးပွားရေးအတူလုပ်နေတယ် ဆိုပြီး နယ်စပ်ကလှမ်းပြောတာတခုထဲနဲ့ ကိုဇော်ဝင်းထွဋ်ကို နအဖလူလို့ ကျွန်တော်တို့ သတ်မှတ်လို့ မရပါဘူး။ အခုလို တကူးတက ရေးနေရတာ က ကိုဇော်ဝင်းထွဋ် ဘက်ကရှေ့ နေလိုက်ဖို့ အတွက်မဟုတ်ပါဘူး ၊ နောက် ထပ်ဇော်ဝင်းထွဋ်ပေါင်းမြောက်မြားစွာကို အလားတူစွဲချက်တွေထုတ်ပြီး နအဖ ဘက် တကယ် ရောက်သွားအောင် တွန်းပို့ မိတာမျိုး ဖြစ်လာနိုင်စရာအလားအလာတွေ ရှိ နေတယ်ဆို တာကိုစဉ်းစားမိ လို့ ပါ။
အပေါ်ကအချက်နှစ်ချက်နဲ့ ဘဲ ကိုတေဇဂျပန်ကိုတကယ်ရောက်နေတယ်ဆိုရင်တောင်မှ ဒါဟာ သိပ်အရေး မပါတော့ဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ ကိုတေဇအကြောင်း မဟုတ်ပဲနဲ့ ကိုတေဇလို သနားစရာ မြန်မာပြည်တွင်း က စီးပွားရေး လုပ်ငန်းရှင်ကြီးတယောက် အကြောင်းကိုကျွန်တော့်သူငယ်ချင်းက ပြောပြတာကို ပြန်ပြီး နဲနဲလောက် ဖောက်သယ်ချချင်ပါတယ်။ သူငယ်ချင်းပြောပြတာက သူသိတဲ့လုပ်ငန်းရှင်ကြီးတဦးဟာပထမ သူ့ ဘာသာ ကိုယ်ပိုင်လုပ်ငန်း တခုလုပ်ပြီးအောင်မြင်တဲ့လုပ်ငန်းရှင် တစ်ဦးဖြစ်လာပါတယ်တဲ့ ။ သူ့ ရဲ့ကြိုးစားမှု ကိုသတိထားမိတဲ့ နအဖနဲ့ ချိတ်ဆက်ထားတဲ့ငွေရှင်ကြီးတွေကသူကို တော်ကောက်ပြီးသူ့ နာမယ်ခံခိုင်းပြီး
စီးပွားရေးအမျိုးမျိုးလုပ်ခိုင်းပြီးကောင်းကောင်းလဲပန့် ပိုးပေးတယ် ဆိုပါတယ်။ အခုဆိုရင် ကျိကျိတက်အောင် ချမ်းသာပေမဲ့ အနဖ စက်ဝိုင်းထဲကထွက်လို့ မရတော့ပါဘူးတဲ့ သူတို့ အကြောင်းတွေဖော်မှာစိုး လို့  ငွေထုတ်ပိုက်ပြီး တိုင်းပြည် အပြင်ဖက်ထွက်ပြေးမှာစိုးလို့ မိသားစုတစုလုံး နိုင်ငံခြားကိုထွက်ခွင့်မပေးပါဘူးတဲ့ ယုတ်စွအစဆုံး တရုတ်ပြည်ထဲ ကုန်းလမ်းကသွားတာတောင်ယောက်ျားသွားရင် မိန်းမနဲ့ ကလေးတွေကို ရန်ကုန်မှာ ချန်ထားခဲ့ရတယ်လို့ ဆိုပါတယ် ။ ငွေပုံပေါ်ထိုင်နေပြီးအမြဲတန်းသူတို့ ရဲ့မျက်နှာတွေဟာ တခုခုကိုစိုးရိမ်တဲ့မျက်နှာတွေအမြဲပဲထွက်နေတယ်လို့ ဆိုပါတယ်။ ကိုတေဇရောအခု ဒီလို မျိုးဖြစ်နေပြီလား။
ဘယ် တော့ဖြစ်လာမှာလဲဆို တာကို အပူရုပ်ဟန်လုပ်နေနေရတာလား ခင်ဗျားတို့ စဉ်းစားကြည့်ကြပေါ့ဗျာ။ လူနာမယ်တွေကိုထည့်မရေးတာကိုနားလည်ကြမယ်လို့ ထင်ပါတယ်။
နယ်စပ်ကသတင်းတပုဒ်
အပေါ်မှာနယ်စပ်အကြောင်းရေးမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ အဲ့ဒါက ကျွန်တော့်တို့ ဂျပန်ကနေ ထူးထူးချွန်ချွန်မဲဆောက်မှာသွားပြီးနယ်စပ်ကကလေးတွေကို ကွန်ပျူတာ၊ အင်္ဂလိပ်စာနဲ့ တခြားဘာသာရပ်တွေကိုကျောင်းဖွင့်ပြီး သွားသင်ပေး နေတဲ့အဖွဲ့ တခုရှိပါတယ် အဖွဲ့ နာမယ်က Human Resource Developement Programme(HRDP) လို့ ခေါ်ပါတယ်။
အဲ့ဒီအဖွဲ့ ရဲ့ မဲဆောက်ကျောင်းတာဝန်ခံဒါရိုက်တာ ရဲ့နာမယ်က ကိုစည်သူလို့ ခေါ်ပါတယ်။ ကိုစည်သူကို ကျွန်တော်စသိခဲ့တာကအခုမိုးသောက်ကြယ်စာကြည့်တိုက်အမှုဆောင် နဲ့ ဖန်မီးအိမ်ဖောင်ဒေးရှင်း ဂျပန်ရဲ့အတွင်းရေးမှူးဖြစ်တဲ့ ကိုမောင်မောင်အေး အိမ်မှာပါ။
၂၀၀၂-၂၀၀၃ ခုနှစ်လောက်ကပါ။စည်သူဆိုရင် ဂျပန်ကဝါရင့်ဗမာနိုင်ငံရေးသမားတိုင်းသိပါတယ်။ အဲ့ဒီကိုမောင်မောင်အေး အိမ်မှာဘဲကျွန်တော့်တို့ ရဲ့မိတ်ဆွေ လုပ်ဖော်ကိုင်ဖက် ကိုမျိုးသနု့် နဲ့ တွေခဲ့တာပါ ။ အဲ့ဒီအိမ်မှာဘဲ 8888 Documentation net work ဆိုတဲ့ ဝက်ဆိုက်ကိုစခဲ့ကြတာပါ ကိုမျိုးသန့် ကခေါင်းဆောင် ကျွန်တော်နဲ့  ကိုစည်သူက ဝိုင်းကူပေး အကြံဥာဏ်ပေးခဲ့ကြတာပါ။မှတ်မှတ်ရရပြောရရင် အဲ့ဒီဝက်ဆိုက်ပေါ်က ဒေါမာန်ဟုန် ပီဒီအက်ဖ် ဖိုင်ဟာကိုစည်သူကိုယ်တိုင် စကင်ဖတ်ပြီးတင်ခဲ့တာပါ။ ကိုစည်သူ ဟာကျွန်တော်တို့ ဂျပန်က အန်အယ်ဒီအယ်လေဂျပန်ရဲ့အဖွဲ့ ဝင်ဟောင်းတယောက်ပါ ဂျပန်ကတခြားအင်အားကြီးနိုင်ငံရေးအဖွဲ့ အစည်းတခုဖြစ်တဲ့ ဘီဒီအေ အဖွဲ့ ကိုစပြီးဖွဲ့ တဲ့အချိန်မှာ ကိုမောင်မောင်အေးရော ကိုစည်သူရော ကိုမျိုးသန့်  ပါ founding member တွေပါ ။ founding member ၁၂ ယောက်ပါ။
၂၀၀၃ ဒီပဲယင်းအရေးအခင်းအပြီးမှာဒီအဖွဲ့ ကိုစဖွဲ့ ခဲ့တယ်လို့ ထင်ပါတယ်။အဲ့ဒီတုံးကကျွန်တော်ကဖွဲ့ ဖွဲ့ ခြင်းစဝင်တဲ့အဖွဲဝင်ဖြစ်ခဲ့ပါတယ် founding member တွေအတွက် နံပါတ်စဉ်ကိုအရင်ပေးတဲ့အတွက် ကျွန်တော့်ရဲ့အဖွဲဝင်နံပါတ်က ၁၃ ဖြစ်သွားပါတယ်။
နောက်ပိုင်း fwubc အဖွဲ့  ဥက္ကဌ ဦးတင်ဝင်းက ကျွန်တော့်ကို ကိုမောင်မောင်အေးကနေတဆင့် fwubc အဖွဲ့ ကို လာရောက်လေ့လာစေလိုကြောင်း စိတ်ဝင်စားပါက ဝိုင်းဝန်းအကူအညီပေးပါလို့ ပြောလို့ ဦးတင်ဝင်းကိုလဲ နဂိုကထဲကလေးစားပြီးသားဖြစ်လို့ သွားလေ့လာပြီး ကိုယ်ကိုယ်တိုင် လဲ ဂျပန်စကား အထိုက် အလျောက်တတ်ပြီး အလုပ်သမားသမဂ္ဂမှာအမှုတိုင်တဲ့လူနဲ့ ဂျပန်ဘာသာပြန်တဲ့လူ အင်အားမမျှဖြစ်နေတာရယ် အဖွဲ့ အ နေနဲ့ လဲ ဂျပန်ရောက်မြန်မာအလုပ်သမားတွေရဲ့ အလုပ်သမားရေးရာပြဿနာတွေကို JAM အဖွဲ့ အကူ အညီနဲ့ တကယ်ကို ထဲထဲဝင်ဝင်ကိုင်တွယ်ဖြေရှင်းပေးနေတာကိုတွေ့ လိုက်ရလို့  fwubc အဖွဲ့ ထဲကို ခြေစုံပစ်ပြီး ဝင်ခဲ့တာ အခုအထိပါဘဲ။ နောက်ပိုင်း ဘီဒီအေ အဖွဲ့ ဟာအဖွဲ့ ဝင်အင်အား တောင့်တင်းလာပြီးနောက် ကိုမျိုးသန့်  ကိုစည်သူ ကိုမောင်မောင်အေးတို့ လဲ နောက်ပိုင်းမှာ ကိုယ်ပိုင် သီးခြားအစီအစဉ်နဲ့ လူခွဲလုပ်ကြဖို့ အသီးသီးထွက်လာခဲ့ကြတာခုဆိုရင် မိုးသောက်ကြယ်၊ HRDP ၊ 8888 BURMA DOCUMENTATION NET WORK ၊ ဆိုပြီး ဒီမိုကရေစီ အရေးလုပ်နေတဲ့ တောင့်တင်း ခိုင်မာတဲ့အဖွဲ့ တွေပေါ်ထွက်လာတာပါဘဲံ။ ဒါက ကိုစည်သူဘယ်သူလဲ ကိုစည်သူနဲ့ ကျွန်တော်ဘယ်လိုပတ်သက်သလဲဆိုတာသိအောင်ရေးရတာပါ ။
ကိုစည်သူတို့ အဖွဲ့ နယ်စပ်မှာကျောင်းသွားဖွင့်ပြီး ပြီးခဲ့တဲ့လေးငါးခြောက်လလောက်မှာ နယ်စပ်ကနေ စည်သူဆိုတာနအဖလူဆိုပြီးစွတ်စွဲသံတွေဆူဆူညံညံနဲ့ နက်ပေါ်မှာတက်လာပါတယ်။ ဒေါက်တာလွန်းဆွေ ဘလောက်ကစီဘောက်မှာ အဆိုးဆုံးလို့  ကြားမိပါတယ်။ ကျွန်တော်က ကိုစည်သူ အကြောင်း ကောင်းကောင်းသိနေတော့ သိပ်ပြီးဂရုမစိုက်ပါဘူး ကိုယ့်လူက နအဖ လူမဟုတ်ဘူးဆိုတာ ကို သိနေတာကိုး ၊ ဒါပေမဲ့စီဘောက်ကိုအဆင့်ကျော်လာပြီး အာဟာရစာပေအင်အားစု အာဟာရစာစောင်ရဲ့ ဦးဆောင်အယ်ဒီတာလဲဖြစ်ကျွန်တော်တို့  fwubc ရဲ့ ဒုတိယဥက္ကလည်းဖြစ်တဲ့ ကိုသက်လင်းကို ဖုန်းဆက်ပြီး တိုင်တော တာ တွေ လုပ်လာပါတယ်။ ကိုစည်သူဘယ်သူလဲ ဆိုတာကိုမေးတာမဟုတ်ပါဘူး။
နယ်စပ်ကလူတွေအနေနဲ့ လဲ ဒီအဖွဲ့ ဟာဂျပန်ကအဖွဲ့ ဆိုတာကိုသိရင် မသင်ကာဘူးဆိုရင် ဂျပန်ကလူတွေကိုမေးပြီးမှ ဆုံးဖြတ်သင့်တယ်လို့ ထင်ပါတယ်။ အခုတော့ ကိုသက်လင်းကိုလှမ်းပြီး မေးတာမဟုတ်ဘဲ တိုင်တာဖြစ်နေတာကို ဝမ်းနဲစွာနဲ့ ဘဲ ကြားခဲ့ရပါတယ်။ ကိုစည်သူနဲ့ ပတ်သက်ပြီး ကျွန်တော် ဝင်ဖြေရှင်းပေးခဲ့တာ ၃ကြိမ် ရှိပါတယ်။ ပထမ တကြိမ်တုံးက
အေဘီ က ကိုသံခဲလာတုံးက စည်သူ ဆိုတာဘယ်သူလဲဆို ပြီးကိုသက်လင်းကိုမေးလို့  ကိုသက်လင်းက လူကိုခင်ပေမဲ့ဘာတွေလုပ်နေသလဲဆိုတာမသိလို့  ကျွန်တော့်ကို မေးလာလို့ ရှင်းပြခဲ့ရပါတယ်။ နောက်ထပ် ကိုသံခဲဆီက ဘာမှ ထပ်ပြောလာတာ မကြားရပါဘူး။ အခုတခါ ကိုသက်လင်းဆီကို တိုင်တန်းလာသူဟာ နယ်စပ်မှာ ရဲရဲတောက် ပုဂ္ဂိုလ်တစ်ဦးလို့ လူတိုင်းက လေးစားနေတဲ့သူ တစ်ဦးဖြစ်လို့  ကျွန်တော် ဒီအတိုင်း မနေနိုင်တော့ပါဘူး ။ နယ်စပ်မှာ လက်နက်ကိုင် အဖွဲ့ အစည်းတွေ များလို့ တကယ်လို့ ပါးစပ်နဲ့ မဖြေရှင်းကြဘဲနဲ့ လက်နက်နဲ့ ဖြေရှင်းမယ်ဆို ရင် ကိုစည်သူလို လူတယောက် ရေတိမ်နစ်နိုင်ပါတယ်။
ဒါနဲ့  ကိုစည်သူတို့ အဖွဲကအဓိကခေါင်းဆောင်တယောက်ဟာကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်လဲဖြစ်လို့ သူ့ ကိုမေးရပါတယ်
ဒေါက်တာလွန်းဆွေစီဘောက်ထဲမှာ ရေးနေတာတွေကို ကျွန်တော်ဂရုမစိုက်ပေမဲ့ အခုကိုသက်လင်းဆီကို ဖုန်းဆက်လာတဲ့သူဟာ နယ်စပ်မှာလူတွေလေးစားတဲ့လူဖြစ်နေလို့  ဘာတွေဖြစ်နေတာလဲ တခုခု တော့ လွဲနေပြီ လို့  ပြောဆို မေးမြန်းခဲ့တဲ့အခါ မလိုအပ်ဖဲ နယ်စပ်ကနိုင်ငံရေးအင်အားစုတွေက အထင်လွဲမယ် ဆိုရင် လွဲလောက်တယ် ဆိုတဲ့အချက်တွေကိုတွေ့ ခဲ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးသမားတွေ ရှေ့လောကြီးတဲ့ ကိစ္စကလေးတွေပါ။ ပညာရှိသတိဖြစ်ခဲဆိုသလို ဒါမျိုးအလားတူ ထပ်မဖြစ်ရအောင် သင်ခန်းစာယူသင့်တယ်လို့ ထင်ပါတယ်။
-ကိုစည်သူတို့ အဖွဲ့ နယ်စပ်ကိုသွားပြီးကျောင်းသွားဖွင့်တဲ့အခါ မဲဆောက်ကအခြေတကျရှိနေတဲ့အဖွဲ့ အစည်း တွေကို ဖိတ်ပြီးဒီကျောင်းရဲ့ ရည်ရွယ်ချက် နဲ့ ဘယ်သူတွေကဘယ်လို ပန့် ပိုးနေသလဲဆိုတာကို မရှင်းပြခဲ့ပါဘူး။
-ဒီကျောင်းဖွင့်ပြီးတဲ့နောက်မှာ မဲဆောက်က တချို့ NGO အကူအညီနဲ့ ဖွင့်ထားတဲ့ကျောင်းတချို့ ကို NGO က အကူအညီ ပေးတာတွေ ဖြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။ ကိုစည်သူတို့ အဖွဲ့ ဟာ ဘယ် NGO ဆီကမှ အကူအညီ မယူဘဲလုပ်ခဲ့တာဆိုတော့နယ်စပ်က အဖွဲ့ အစည်းတွေအနေနဲ့  စဉ်းစားစရာဖြစ်လာတာက ဒီကောင်တွေ ဘယ်ကငွေနဲ့  ဒီလောက်ကြီးတဲ့ကျောင်းကို လာဖွင့်တာလဲ ဘာဖြစ်လို့ ဗီဇာရတာလဲ ဆိုတဲ့လဲ ပေါင်းများစွာ နဲ့ သံသယ ဝင်စရာ ဖြစ်ခဲ့တော့တာပါပဲ ဒီကြားထဲမှာငွေရေးကြေးရေးအကြပ်အတည်း အမျိုးမျိုး ကြားထဲ ကနေ ရုံးကန်နေရတာ ဆိုတော့ ဝင်ငွေနဲနဲ ရလဲမနဲဘူးဆိုပြီးတော့ refugee အနေနဲ့  အမေရိကား ကိုသွားမဲ့မဲဆောက်က မြန်မာနိုင်ငံရေးလှုပ်ရှားသူတစ်ဦး ထောင်ထားတဲ့မိတ္တူကူးလုပ်ငန်းကို ဝယ်ယူ လိုက်တဲ့အခါမှာ သံသယတွေ ပိုပြီးကြီးကုန်ကြတော့တာပါပဲ။
(သူတို့ ရဲ့ကျောင်းကို မဲဆောက်မှာရုံးခွဲဖွင့်ထားပြီး အမေရိကားမှာအခြေဆိုက်တဲ့ မြန်မာဒီမိုကရေစီ အရေးဦး ဆောင်အဖွဲ့ အစည်းကြီးတစ်ခု ကလည်း သူတို့ နာမယ်နဲ့ ဖွင့်ပါ ငွေကြေးလိုအပ်တာထောက်ပံ့ပါမယ်လို့ ကမ်းလှမ်း လာကြောင်းလဲသိခဲ့ရပါတယ်။
ဒါပေမဲ့ကိုစည်သူတို့ အဖွဲ့ ဝင်တွေ အစည်းအဝေး ဂျပန်မှာထိုင်ပြီး နယ်စပ်မှာ ကျောင်းတွေ အများကြီး လိုအပ်နေတာကြောင့် ကိုယ့်ဘာသာကိုယ်ကျောင်းဖွင့်ပါ မိမိတို့ ကဝိုင်းဝန်းကူညီပါမယ် လို့ စကားပြန်ကြားခဲ့ကြောင်းသိခဲ့ရပါတယ်။)
အဲ့ဒါတွေကိုမေးမြန်းပြီးကိုသက်လင်းကို ပြန်ရှင်းပြခဲ့ရပါတယ်။ဒါပေမဲ့ အသံတွေတိတ်မသွားခဲ့တဲ့အပြင် ဂျပန်က
ကိုစည်သူနဲ့ အရင်က လုပ်ဖော်ကိုင်ဖက်တွေ ကတောင်စည်သူနာတော့မယ်ဆိုတဲ့အသံတွေ သံသရ စိတ် တွေပွားကုန်ကြလို့ လိုက်ပြီးရှင်းပြတော့ ဂျပန်မှာတော့ အသံတိတ်သွားပေမဲ့နယ်စပ်မှာတော့ ဆူညံနေ ဆဲပါပဲ။
-ဂျပန်က ကိုစည်သူတို့ ရဲ့အဖွဲ့ မှာလည်း ဘာဖြစ်လာသလဲဆိုတော့ ကျွန်တော်တို့ က ရိုးရိုးသားသား နဲ့  နယ်စပ်က ကလေးတွေအတွက် တတ်နိုင်သလောက် သွားလုပ်နေတာ ကျွန်တော်တို့ ကို မယုံဘူးဆို ရင် ဒီကျောင်းကို ပိတ်လိုက်ရုံပဲရှိတယ်လို့ ဒေါသနဲ့ တုံ့ ပြန်လာကြလို့ ၊ ကျွန်တော်က ကျွန်တော့် လုပ်ဖော်ကိုင်ဖက် တစ်ဦးလည်းဖြစ် နိုင်ငံရေး ဆွေးနွေးဖော်တစ်ဦးလဲဖြစ်တဲ့ ကိုစည်သူတို့ အဖွဲ့ ကလူကို နားချခဲ့ရပါတယ်။ ဘယ်လိုနားချခဲ့ရသလဲဆိုတော့ ခင်ဗျားတို့ ဒီကျောင်းကို ပိတ်လိုက်ရင် ခင်ဗျားတို့ ရှုံးပြီ ကိုယ့်နိုင်ငံအတွက် ရိုးရိုး သားသားနဲ့ ကိုယ်လုပ်နိုင်တာကိုလုပ်နေတာ ကိုယ့်ရည်မှန်းချက်တွေမဖျက်ပါနဲ့ ၊ပိတ်လိုက်ရင် ကလေးတွေဘဲနစ်နာမယ် သည်းညီးခံပြီးဆက်လုပ်ပါလို့ တိုက်တွန်းခဲ့ပြီး အကြံပေးခဲ့ရပါတယ်။ ပြီးတော့ နယ်စပ်မှာ ရဟန်းခံပွဲ လုပ်တဲ့အခါ ဧရာဝတီဝက်ဆိုက်နဲ့ ပူးတွဲတာဝန်ယူခဲ့တာရယ်၊ ပြီးတော့ ကေအင်ယူ က ကလေးတချို့ ကျောင်းအိပ် ကျောင်းစားလာနေသွားတာတွေကို ကြည့်ရင် ခင်ဗျားတို့ ကို ဧရာဝတီနဲ့  ကေအင်ယူက ယုံကြည်မှုရှိတယ်ဆိုတာကိုပြတာ ဒါကြောင့်ဆက်လုပ်ပါ ကိုစည်သူကိုတော့ သွားတာလာတာ ဆင်ချင်ပါစေလို့ ဝေဖန်သတိပေး ခဲ့ရပါတယ်။
ဒါပေမဲ့ ကယ်တင်ရှင်ပေါ်လာပါတယ်။သူကတော့ ဒေါက်တာနိုင်အောင်ရဲ့ ဇနီး ဒေါ်ခင်ဥမ္မာပါ(လေးစားမှုအနေနဲ့ ဒေါ်တပ်လိုက်တာပါ၊တကယ်တော့အသက်ခြင်းကမတိမ်းမရိမ်းပါ) ပြီးခဲ့တဲ့ ၂ လလောက်ကလို့ ထင်ပါတယ် ဒေါ်ခင်ဥမ္မာဂျပန်ကိုရောက်လာပြီးဂျပန်ကနိုင်ငံရေးအဖွဲ့ အစည်းတွေနဲ့ ဆွေးနွေးပွဲ တွေ လုပ်ပါတယ်။
တိုက်ဆိုင်သွားတာကဂျပန်မှာ မြန်မာ့အရေးဆောင်ရွက်နေတဲ့ဂျပန်လူမျိုးအများစု ခေါင်းဆောင် ပါဝင်ပြီး မြန်မာခေါင်းဆောင်တွေလဲပါတဲ့ PFB -PEOPLE FORUM OF BURMA အဖွဲ့ ဆိုတာရှိပါတယ်
အဲ့ဒီ PFB အဖွဲ့ မှာ ကျွန်တော်ကလဲအဖွဲ့ ဝင်တစ်ဦးပါ။ကျွန်တော်တို့ fwubc အဖွဲ့ ဥက္ကဌ ဦးတင်ဝင်းက ဦးဆောင် ကော်မတီဝင်တစ်ဦးပါ။ဂျပန်မှာ နိုင်ငံရေးအဖွဲ့ အစည်းတွေရဲ့ အစည်းအဝေးတွေကို တနင်္ဂနွေနေ့ မှာလုပ်ကြပါတယ်။ ဒေါ်ခင်ဥမ္မာနဲ့ ဂျပန်ကမြန်မာ့နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ JAC နဲ့  တွေ့ ဆုံပွဲလုပ်တဲ့နေ့ မှာ PFB ရဲ့ နှစ်ပတ်လည် ညီလာခံကို ကျင်းပခဲ့ပြီးအဲ့ဒီညီလာခံကို ဒေါ်ခင်ဥမ္မာကို ဖိတ်ကြားခဲ့ပါ တယ် ။ အဲ့ဒီပွဲ မှာ ဦးဆောင်ကော်မတီဝင်အဖြစ် ဘီဒီအေအဖွဲ့ ဥက္ကဌ ဦးသန်းဆွေ ကိုတိုးချဲ့ ရွေးချယ်ခဲ့ပါတယ်။ ဦးသန်းဆွေက ဒေါ်ခင်ဥမ္မာရဲ့ ရဲရဲတောက် ဆွေးနွေးချက်တွေကို နားထောင်ပြီး အမျိုးသမီးတွေထဲမှာ အမျိုးသား တွေ နဲ့ ရင်ပေါင်တန်းပြီးထက်ထက်မြက်မြက်လုပ်နေတာ တွေ့ ရတာအလွန်ဝမ်းသာစရာ ဂုဏ်ယူစရာဘဲလို့ မှတ်ချက်ချခဲ့ပါတယ်။ကျွန်တော်ကသူ့ မှတ်ချက်ကို စကားတခွန်းဖြည့်ပေးခဲ့ပါတယ် အကိုရေဒေါ်ခင်ဥမ္မာ(အဲ့ဒီတုံးကမခင်ဥမ္မာလို့ ပြောခဲ့တာပါ)
ပြောနေတာတွေက ဟောဒီပါးစပ်ကြီးနဲ့ ပြောနေတာမဟုတ်ဘူး နှလုံးသားထဲက လာတဲ့အသံတွေ ဒ်ါကြောင့်သူလိုငါလို ပါးစပ်ကြီးနဲ့ ပြောနေတဲ့လူတွေနဲ့ ဘယ်တူပါ့ မလဲလို့ ဖြည့်ပေးခဲ့ပါတယ်။
အစည်းအဝေးတုံးက ဒေါ်ခင်ဥမ္မာကစင်ပေါ်က ကျွန်တော်တို့ ကစင်အောက်က ပွဲပြီးတော့လဲ သူ့ နားမှာ လူတွေဝိုင်းဝိုင်းလည်နေလို့ အနားတောင်ကပ်လို့ မရပါဘူး။ ပွဲလဲပြီးရောနောက်တပွဲဆက်ဖို့ လာခေါ်သူတွေနောက်ကိုလိုက်သွားရပါတယ်။ မသွားခင်လေးမှာPFB ရဲ့နှစ်ပတ်လည် အကျဉ်းချုံးပါတီကလေး တခုလုပ်မှာဖြစ်လို့  တက်နိုင်ရင်တက်ပေးပါလို့  PFB ကဒေါ်ခင်ဥမ္မာကိုဖိတ်ခဲ့ပါတယ်။
သူနဲ့ စကားပြောခွင့်ကြုံချင်တော့ ကျွန်တော့်ကို fwubc အဖွဲ့ ဥက္ကဌ ဦးတင်ဝင်းကရော ဘီဒီအေ အဖွဲ့ ဥက္ကဌ ဦးသန်းဆွေ ကပါ ဒီပါတီကိုလိုက်ဖို့ ခေါ်လို့ ကျွန်တော်လိုက်သွားခဲ့ပါတယ်။
အဲ့ဒီမှာကျွန်တော်နဲ့  ဘီဒီအေဥက္ကဌဦးသန်းဆွေ တို့ အုပ်စုကဓါတ်လှေကားစောင့်နေရလို့ နောက်ကျသွားလို့ လွတ်တဲ့နေရာဝင်ထိုင်တဲ့အခါ ကျွန်တော်ရယ် ဦးသန်းဆွေရယ်ဟာ PFB ဥက္ကဌ နာဂအိဆင်းဆေးနဲ့  ဆရာဦး ရွှေဘ -တာနာဘေးစံ တို့ ကြားထဲရောက်သွားပါတယ်။ ပါတီပွဲပြီးခါနီးမှာ ဒေါ်ခင်ဥမ္မာ ရောက်လာပါတယ်။ နေရာလွတ်ကကျွန်တော်တို့ ရှေ့ (ဝါတာနာဘေးဆင်းဆေး ရှင်ကန်းဆင်မမီမှာစိုးလို့ စောစောထပြန်သွားလို့ နေရာလွတ်သွားတာပါ)တဲ့တဲ့ဖြစ်နေတော့ ကျွန်တော်လဲဒေါ်ခင်ဥမ္မာကို ကျွန်တော့်နာမယ်ပြော အဖွဲ့ ကို မိတ်ဆက်ပြီး ကိုစည်သူတို့ ကိစ္စကို ရှင်းပြလိုက်ပါတယ်။
(၁) ကိုစည်သူတို့ အဖွဲ ရဲ့ ကျောင်းဖွင့်တဲ့ကုန်ကျစရိတ်ကို ဂျပန်မှာရှိတဲ့အဖွဲ့ ဝင်တွေရဲ့လစာငွေထဲက စုပေါင်း ထည့်ဝင်ခြင်းဖြစ်ကြောင်း ဘယ်အဖွဲ့ အစည်းဆီက မှ ထောက်ပံ့ကြေး ယုနေတာမဟုတ်ကြောင်း။
(၂)ကိုစည်သူဟာ ကျွန်တော်တို့ ရဲ့လုပ်ဖော်ကိုင်ဖက် ဖြစ်ကြောင်း သူ ဟာ နအဖလူလို့ သံသယ ဖြစ်နေကြတာ မဟုတ်ကြောင်း ကျွန်တော့်အနေဖြင့်တာဝန်ယူကြောင်းပြောကြားခဲ့ပါတယ်။
ဒေါ်ခင်ဥမ္မာက ကိုသက်လင်းကို လှမ်းဖုန်းဆက်ပြီး တိုင်တဲ့ပုဂ္ဂိုလ်ရဲ့နာမယ်ကို ကျွန်တော်က ပြောလိုက်တဲ့အခါ သူဟာ ကျွန်မတို့ ရဲ့ အမာခံလုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်လို့ မဲဆောက်ကိုပြန်ရင် သေသေချာချာ ရှင်းပြပေးပါမယ် လို့ ကတိပေးပြီး ကျွန်တော့်ရဲ့ မဲရှိ -Name Card တောင်းလို့ ပေးလိုက်ပါတယ်။ ဒေါ်ခင်ဥမ္မာ ပြန်သွားပြီး ဘယ်လို ဖြေရှင်းပေးလိုက်လဲတော့မသိပါဘူး ။ အခုတော့ အသံတွေတိတ်သွားပါပြီ၊ ဒေါ်ခင်ဥမ္မာကို အထူးကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။
အဲ့ဒီတုံးကကျွန်တော့်မျက်စောင်းထိုးမှာထိုင်နေတဲ့ ဆရာဦးရွှေဘက ကျွန်တော်ကကိုစည်သူ့ အကြောင်း ရှင်းပြအပြီးမှာလက်ညိုးနဲ့  လက်မဝိုင်းပြပြီး (ဂျပန်လူမျိုးတို့ ရဲ့ good ဆိုတဲ့ အမှတ်အသားပါ) ပြုံးပြုံးရွှင်ရွှင်နဲ့ အားပေးခဲ့တာကိုလဲ မှတ်တမ်း တင်လိုက်ပါရစေ။
သူကလဲကိုစည်သူ့ အကြောင်းကောင်းကောင်းသိတဲ့လူတယောက်လေ။
နိဂုံးအနေနဲ့ အခုရေးပြီးသမျှကို ခြုံပြီးပြောရရင် ကိုဇော်ဝင်းထွဋ် ပွဲကို သွားပြီးဆန္ဒပြ ဖို့ ပြင်ဆင်နေတဲ့ ရဲဘော်များ ဒီဆောင်းပါးကို ဖတ်ပြီး ပြသင့် မပြသင့် စဉ်းစားဆင်ချင်တုံတရားရှေ့ထားပြီး ဆုံးဖြတ်ကြပါလို့ ပြောကြားရင်းနိဂုံးချုပ်ပါတယ်။
လေးစားစွာဖြင့်-
ဘုန်းလှိုင်-FWUBC
ဇော်ဝင်းထွတ် တို့ ပွဲ ကို ဆန္ဒပြ သင့် ပါတယ်။ ဘာဖြစိလို့ လည်း ဆိုတော့ သူုတို့ ဟာ နဖအ နဲ့ အလွန် နီးစပ် သူ တွေ လူရော မူရော ခြေစုံပစ် ပတ်သက်နေသူတွေဖြစ်ပါတယ်။ သူသား ကို လည်း ခေါင်းခန်းထီ ( ပအို အဖွဲ့  က ) လူ ရဲ့ သား နဲ့ ပေးစားခဲ့တာ အားလုံး အသိဖြစ်ပါတယ်။ မြန်မာ ပြည်မှာ စာရိတ္တ တွေ ပျက်ဆီးနေ တာ အားလုံး အသိဖြစ်ပါတယ်။ ဒီထဲမှာ တေဇနဲ့ ပအို အဖွဲ့ တွေက ရှေ့ ဆုံးက ပါတယ်။ ဒီလိုလူတွေ ကို အမေရိကန် အစိုးရကတောင် ပြစ်ဒဏ်ပေးထားပါတယ်။ ဒီလိုလူတွေနဲ့  မပေါင်းဖေါ်သင့် ပါဘူး။ ပြည်သူတွေက ဇော်ဝင်းထွတ်ကို အားပေးခဲ့လို့ ဇော်ဝင်းထွတ်ချမ်းသာ လာတာဖြစ်ပါတယ်။ တီတီစီကျောင်းသားတွေ က အားပေးလို့ မဟုတ်ပါဘူး။ ဇော်ဝင်းထွတ် က ပြည်သူရန်သူတွေ ကို မရှောင် ကျဉ်ပဲ ပေါင်းသင်းခြင်း ပြုလုပ် နေလို့ ဖြစ်ပါတယ်။
We Fight We Win Strategic Team
မှတ်ချက်.
ကျနော်အနေနဲ့ကတော့ အချင်းချင်း စိတ်ဝမ်းကွဲ သွေးထိုး မညီညွတ်ကြရင်..ကိုယ်နေရာကလေးကို မမျှကြရင်..နောင် အနှစ် ၂၀ ထပ်မဆုံးရှုံးစေချင်ပါဘူး။ ဘယ်အဖွဲ့ အစည်းဘဲဖြစ်ဖြစ် ၁၀၀ % ကောင်းတယ် တည့်တယ် ဆိုတာ မရှိပါ။ ဦးတည်ချက်တခုထဲ သွားကြတဲ့နေရာမှာ တဦးချင်းစီရဲ့ စွန်းရည် အသိဥာဏ် လုပ်ဆောင်နိုင်မှူ စည်းရုံးနိုင်မှုအပေါ် လုပ်ဆောင်ချက်က ကွဲပြားနိုင်ပါတယ်။ ဒီအတွက် သူက ငါ သွားသလိုမဟုတ် ငါလုပ်သလိုမဟုတ် ဆိုတာကြည့်ပြီး ဆုံးဖြတ်လို့မရပါ။ အရေးကြီးဆုံးက ပန်းတိုင်ရောက်ဖို့ ပါ။ ခြေလှမ်းလျှောက်ပြီးဘဲသွားသွား။ ပြေးပြီးဘဲသွားသွား၊ ခြေတပေါင်ကျိုးဘဲခုန်ခုန်၊ ရှေ့  ဂျွမ်းထိုးပြီးဘဲ ထိုးထိုး။ စကိတ်စီး၊ စက်ဘီးစီးပြီးဘဲ သွားသွား။ ဒုတ်ထောက်ခုန်ပြီး ဘဲသွားသွား ရောက်ရင်ပြီးရောပေါ့ဗျာ။
အရေးအကြီးဆုံးက ကျနော်တို့ ရဲ့ ရဲဘော်တွေ ၆၅ နှစ် ထောင်ကျနေပါတယ်။ ဆက်လည်းဖမ်းဆီး ထောင်ချဆဲပါဘဲ။ သူတို့ ကိုရော..မြန်မာပြည် ကိုရော ကယ်ဆယ်ဖို့  ကျန်ရစ်သူတွေ မှာ တာဝန်ရှိပါတယ်။ အသေးအဖွဲ ကိစ္စလေးတွေနဲ့ ငြင်းခုံရင် အားကုန်တာပေါ့ဗျာ။
ဒီလို စိတ်ဝမ်းကွဲလေ နအဖက ပိုပြီးကြိုက်လေပေါ့။ ရံပုံငွေပွဲ ကတော့ ကောင်းတာ လုပ်တဲ့အတွက် ကြည့်ရှူအားပေးလည်း အပြစ်တော့မဟုတ်ပါဘူး။ ဇော်ဝင်းထွဋ္ဋ် က မုန်တိုင်း အတွင်းတုန်းက တကယ်လည်း လူသားချင်းစာနာစွာ သွားရောက်ကြည့်ရှူလှူဒါန်းခဲ့သူပါ။
ကိုတေဇနဲ့ သူငယ်ချင်းဖြစ်ဖူးလည်း..သူက ကိုတေဇ မဟုတ်ပါဘူး။ အကယ်၍ ကိုတေဇ ကိုယ်တိုင်ကလည်း အမြင်မှန်ရ ပြီး ပူးပေါင်းမယ် ဆိုရင် ကျနော်တို့ က လက်တွဲခေါ်ရမှာပါ။ အလံဖြူပြရင် စစ်သုံပန်းတောင် သတ်ရိုးထုံးစံမရှိပါ။ ထုံးစံအတိုင်း စောင့်တော့ကြည့်ခံရမှာပေါ့လေ။ ကိုယ် အလင်းဝင်လည်း ဒီအတိုင်းဘဲ ရှိမှာပေါ့။ အရေးကြီးတာက ပန်းတိုင်ပါ။ ဘာခွက်နဲ့ဘဲ ထည့်လာလာ ရေပါရမယ်။ ပါးနပ်မှူအပေါ်မူတည်ပြီး လူတိုင်းရဲ့ အောင်မြင်ခြင်းကို ရတဲ့အရာမှာ ကွာတာကိုတော့ သတိပြူရမှာပါ။ အချင်းချင်း ရန်ဖြစ်တာတွေနဲ့တော့ အလဟသ အားမကုန်ပါစေနဲ့ ။ ပါးနပ်နိုင်ကြပါစေခင်ဗျား။
လေးစားစွာဖြင့်
အာဇာနည်

0 comments:
Post a Comment