“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, November 19, 2008

ကြောက်ရမလားနအဖ..ဆန့် အောင်သာထောင်ထဲ ထည့်ကြစမ်း

Promise to aganist SPDC without threat of SPDC" Campaign News of Sittwe
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ တွင် (နအဖ) စစ်အုပ်စုအား မကြောက်မရွံ့ ဘဲ ဆက်လက်ဆန့် ကျင်သွားပါမည်ဟု သစ္စာဆို ကတိပြုသည့် လှုပ်ရှားမှုတခုအား (နအဖ) ဆန့် ကျင်ရေး လှုပ်ရှားသည့်အရေးအခင်းများအတွင်း ကျဆုံးသွားသည့် သူရဲကောင်းများ. အုတ်ဂူများရှေ့ မှောက်တွင် (၁၇-၁၁-၀၈) နေ့  ညနေပိုင်းတွင် ပြုလုပ်ခဲ့ ကြ ကြောင်း လှုပ်ရှားမှုအ တွင်းပါဝင်သည့် သံဃာတော်တပါး.မိန့် ကြားချက်အရ သိရှိရသည်၊။






ဦးဇင်းက ဒီလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ကို “ ဦးဇင်းတို့  ဒီလိုပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အခု (နအဖ) စစ် အုပ်စုဟာ သံဃာခေါင်းဆောင်တွေ၊ ၈၈-ကျောင်းသားခေါင်းဆောင်တွေနဲ့  ဒီမိုကရေစီလှုပ်ရှားသူတွေကို မတ ရား ဥပဒေ ပုဒ်မအမျိုးမျိုးတွေ တပ်ပြီးတော့ နှစ်ရှည်ထောင်ဒါဏ်တွေ ချမှတ်နေတယ်။ ဒီမိုကရေစီ လှုပ်ရှားသူ တွေကို ခြိမ်းခြောက် လိုက်တဲ့သဘောဘဲ။ ဒါပေမဲ့ ဦးဇင်းတို့ ကတော့ မကြောက်မရွံ့ ဘူး။ (နအဖ)ဆန့် ကျင်ရေး လှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့  (နအဖ) ဆန့်ကျင်ရေး လှုပ်ရှားမှု တွေမှာ အသက် ပေးသွားတဲ့ သူရဲကောင်းတွေရဲ့ အုတ်ဂူတွေ ရှေ့ မှောက်မှာ သစ္စာဆိုကတိပြုပွဲအခမ်းအနား ပြုလုပ် တာဖြစ်တယ်။”လို့  မိန့် ကြားပါတယ်။
သစ္စာဆိုကတိပြုပွဲမှာပါဝင်သော အမည်မဖေါ်လိုသူတဦးကတော့ “လှုပ်ရှားဦးရေကတော့ သံဃာတော်တွေနဲ့ ဆိုယင် ၁၈-ဦးဖြစ်တယ်။ ပထဆုံးကတော့ ကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့  အုတ်ဂူတွေရှေ့ မှောက်မှာ စီတန်းပြီးတော့ အလေးပြုကြတယ်။ နောက်ပြိး ဒီ(နအဖ)စစ်အုပ်စု မကျဆုံးသရွေ့  ဒူးမထောက်လက်မမြှောက်။ မကြောက်မရွံ့  ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟု ကဂိသစ္စာပြုကြပြီးတော့ အုတ်ဂူတွေကို ရဲ့ ရင့်တဲ့ အ ရောင်ဖြစ်တဲ့ ဆေးနီပက်ဖြန်းကြ တယ်။ ဆေးနီပက်ဖြန်းပြီးတော့ ၈၈-အရေးအခင်းအတွင်း အသတ်ခံခဲ့ရတဲ့ စစ် ထောက်လှမ်းရေး တွေရဲ့  အုတ်ဂူတွေမှာ စစ်အုပ်စု ကျဆင်းပါစေ စာတန်းရေးထိုးကြတယ်။ စစ်ထောက် လှမ်း ရေး တွေရဲ့ အုတ်ဂူတွေကိုလဲ (နအဖ)စစ်အစိုးကျ ဆင်းရမည်ဆိုပြီးတော့ အုတ်ခဲတွေနဲ့  ပစ် ပေါက်ကြတယ်။

နောက် သင်္ချို င်္င်းအုတ်နံရံတွေ။ အုတ်တိုင်တွေမှာ စစ်အုပ်စု ကျဆင်းပါစေ စာတန်း ဆက်လက် ရေးထိုး ကြ တယ်။”လို့  သူတို. လှုပ်ရှားမှုများကို ပြောပြပါတယ်။

ဒီ လှုပ်ရှားမှုကို စစ်တွေမြို့ မ သင်္ချို င်္င်းမှာရှိတဲ့ အုတ်ဂူများရှေ့ မှောက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း လှုပ်ရှားသူ သံဃာတော်များ. မိန့် ကြားချက်အရ သိရှိရသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */