“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, November 15, 2008

ထိုင်းနိုင်ငံမြောက်ပိုင်း ကြက်ငှက်တုတ်ကွေး ပြန်ထ




ထိုင်းနိုင်ငံမြောက်ပိုင်း ကြက်ငှက်တုတ်ကွေး ပြန်ထ နယ်စပ်မြို့တွင်လည်း သတိပေး

နွယ်လေး။
နိုဝင်ဘာလ ၁၄ရက်၊ ၂၀၀၈ ခုနှစ်။

ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွင် ကြက်ငှက်တုတ်ကွေး ရောဂါပြန်လည်ဖြစ်ပွားကြောင်း ထိုင်းကျန်းမာရေး ၀န်ကြီး ဌာနက ထုတ်ပြန်ကြောင်း ယနေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာလူမျိုးအများစု နေထိုင်သည့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင်လည်း သက်ဆိုင်ရာ ရပ်ရွာလူကြီးများ က ယနေ့နံနက်တွင် ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုးနှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ သတိပေးနိုးဆော် သည်ဟု မဲဆောက်မြို့မှ မြန်မာအလုပ်သမားအရေးကို ဆောင်ရွက်နေသူ ဦးမိုးကြိုး ကပြောသည်။

"ဒီမနက်မှာ လော်စပီကာနဲ့ ပြောတာ နားလည်သလောက်က ထိုင်းနိုင်ငံရဲ့နေရာဒေသ ၉ခုမှာ ကြက် ငှက်တုပ်ကွေး

ပြန်လည်ထကြွလာပြီ ဖြစ်တဲ့အတွက် ကြက်တွေနဲ့ ပတ်သက် ပြီးတော့ သတိထားစား သောက်ကြဖို့။ နီးစပ်ရာ ဆေးရုံ


ဆေးပေးခန်းတွေနဲ့ ဆက်သွယ်ပြီး မသင်္ကာတာတွေ့ရင် အကြောင်း ကြားဖို့ ကျန်းမာရေး အစစ်ဆေးခံဖို့ သတိပေး ပြောပါတယ်။"

မဲဆောက်မြို့တဖက်ကမ်း မြ၀တီမြို့ အာဏာပိုင်များကလည်း ကြက်သားနှင့် ကြက်ဥများ ကို ဆင်ခြင်စားသောက် ကြရန်နှင့် ကြက်ငှက်တုပ်ကွေးနှင့် ပတ်သက်ပြီး မသင်္ကာစရာ အချက်များ တွေ့ပါက နီးစပ်ရာ ဆေးခန်းတွင် သွားရောက် အစစ်ဆေးခံရန် သတိပေး နိုးဆော်သည်ဟု ပြောသည်။

မဲဆောက်မြို့တောင်ဖက် ဖုတ်ဖရဒေသရှိ ရွှေပြောင်း အလုပ်သမားများ နေထိုင်ရာသို့ ထိုင်းကျန်းမာရေး လုပ် သားများနှင့်အတူ ကြက်ငှက်တုပ်ကွေးနှင့် ပတ်သက်သည့် ရောဂါ လက္ခဏာ ရှောင်ရန် ကြိုတင်ကာကွယ်ရန် လုပ်ဆောင်ရမည့် အချက်များကို ပညာပေး အစီစဉ်များ ပြုလုပ်ပေးနေသည်ဟု အစိုးရမဟုတ်သော ကျန်းမာရေး ပညာပေးအဖွဲ့မှ ကျန်းမာရေးမှုး မခင်လေးနွယ် ကပြောသည်။

ပြီးခဲ့သည် တစ်ပတ်ခန့်က ထိုင်းနိုင်ငံ မြောက်ပိုင်း ဆူခိုထိုင်း(Sukhothai )နှင့် ဥထိုင်းဌာနီ (Uthai Thani )ခရိုင် တွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားသည်ကို သိရှိပြီးနောက် ထိုင်းနိုင်ငံ ပြည်နယ် ၉ ခုတွင် ကြက်ငှက် တုပ် ကွေး ရောဂါနှင့်ပတ်သက်၍ အနီးကပ် စောင့်ကြည့်လေ့လာရန် ထိုင်းကျန်းမာရေး ၀န်ကြီးဌာနက ကြေငြာ ခဲ့သည်။

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၀၄-၂၀၀၅ ခုနှစ်တွင် ကြက်ငှက်တုပ်ကွေးနှင့် ပတ်သက်ပြီး ကူးစက်သူ ၂၅ ဦး အနက် ၁၇ဦး သေဆုံးခဲ့ရသည်။

ကြက်ငှက်တုတ်ကွေး ရောဂါပိုးကို ၂၀၀၆ ခုနှစ် သြဂုတ်လတွင် နောက်ဆုံးတွေ့ရှိပြီး၊ ယခု ၂၀၀၈ ခုနှစ်တွင် ပထမဆုံး အကြိမ် တွေ့ရှိခြင်း ဖြစ်သည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */