“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, November 17, 2008

ကုန်ဈေးကျဆင်းရေး ဆန္ဒပြသူ ကိုထင်ကျော် ထောင်ဒဏ် ၁၂ ခွဲ ချမှတ်ခံရ

သန်းထိုက်ဦး
တနင်္လာနေ့၊ နိုဝင်ဘာလ 17 2008 17:02 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ကုန်ဈေးနှုန်း ကျဆင်းရေး ဦးဆောင်ဆန္ဒပြခဲ့သူ ကိုထင်ကျော်အား အင်စိန်ထောင်ထဲမှာပင် တင်္နလာနေ့တွင် ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်လိုက်သည်။

မြင့်တက်လာနေသော ကုန်ဈေးနှုန်းဒဏ် လူအများ ခံစားနေရခြင်းအတွက် အစိုးရအနေဖြင့် ကုန်ဈေးနှုန်းကျဆင်းရေး လုပ်ဆောင်ပါရန် မြောက်ဥက္ကလာမြို့နေ ကိုထင်ကျော်က ဦးဆောင်ကာ တောင်းဆိုဆန္ဒပြခဲ့ရာ ဖမ်းဆီးပြီး ထောင်ချလိုက်ခြင်း ဖြစ်သည်။

ခုခံလျှောက်လှဲခွင့် မရဟု တရားဆိုင်ဘက်မှ ထုတ်ဖော်ပြောကြားသော အင်းစိန် အကျဉ်းထောင်တွင်းရှိ ခုံရုံးမှ တရားသူကြီး ဦးကျော်ဆွေက ကိုထင်ကျော်သည် သူတပါးထံမှ ခြိမ်းခြောက်ငွေ တောင်းယူခြင်း၊ ဗုဒသာသနာကို အကြည်ညိုပျက်အောင်


လုပ်ဆောင်ခြင်း၊ ဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေးတွင် ပါဝင်ခြင်းနှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားအောင် လုပ်ဆောင်ခဲ့သည်ဟု စီရင်ချက် ချမှတ်ခဲ့သည်။

"သူက အရင်က အင်းစိန်ထောင်တွင်း အထူးတရားရုံး တရားရုံးလေးတွေ ရှိတယ်။ အဲဒီ တရားရုံးကို အရင်က ထွက်တယ်။ နောက်ပိုင်း အယုံအကြည် မရှိတဲ့အတွက် တရားရုံးကို လုံးဝ မထွက်ဘူး။ မထွက်တော့ သူ့ကို ထောင်းဗူးထဲမှာပေါ့ ဒီထောင်သားတွေထားတဲ့ ဗူးထဲက နေရာမှာ စစ်တော့တယ်။ အဲဒီကနေ ချလိုက်တာ" ဟု တရားရေးဌာနနှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း စစ်အစိုးရက ခွဲတမ်းဖြင့် ရောင်းချပေးသည့် လောင်စာဆီ ဈေးနှုန်းများ အဆမတန် တိုးမြှင့်ခဲ့ရာ အခြေခံ စားသောက်ကုန် ဈေးနှုန်းများ ရုတ်တရက် တရှိန်ထိုး မြင့်တက်လာသဖြင့် အစိုးရက ပြန်လည်လျော့ချနိုင်ရေး လုပ်ဆောင်ရန် ရန်ကုန် သိမ်ကြီးဈေး၌ ဆန္ဒပြသဖြင့် ကိုထင်ကျော် ဖမ်းဆီးခံခဲ့ရသည်။

ယနေ့တွင် အခြားသော ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြခဲ့သူ အချို့ကိုလည်း ထောင်ဒဏ် စီရင်ချက်များ အင်းစိန်ထောင်တွင်း တရားရုံးနှင့် တာမွေ တရားရုံးတို့မှ စီရင်ချက် ချခဲ့ပြန်သည်။

ကြည်ဖြူမောင် (မြောက်ဒဂုံမြို့နယ်)၊ ကိုဇင်လင်းအောင်၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်မှ ကိုမျိုးသန့် (ခေါ်) ဂျွန်နော်တန် (လှိုင်မြို့နယ်)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ကိုရဲမင်းဦး၊ ကိုရဲမြတ်ဟိန်းနှင့် ကိုသိန်းဆွေ (ဖျာပုံမြို့နယ်) တို့ကိုလည်း ဆူပူမှုဖြစ်ပွားစေရန် လှုံ့ဆော်မှုနှင့်အတူ အင်းစိန်ထောင်အတွင်းရှိ အနောက်ပိုင်း ခရိုင် အထူးတရားရုံးက ထောင်ဒဏ် ၆ နှစ်ခွဲစီ ချမှတ်လိုက်သည်။

ထို့အပြင် ကိုစည်သူမောင်နှင့် ကိုရဲမြတ်ဟိန်းတို့ကို တရားမ၀င် အသင်းအဖွဲ့ဖွဲ့စည်းခြင်းနှင့် ဆူပူမှု ဖြစ်ပွားစေရန် လှုံ့ဆော်မှုတို့ဖြင့် တာမွေတရားရုံးက ထောင်ဒဏ် ၁၁ နှစ်နှင့် ၁၀ နှစ် အသီးသီး ချမှတ်လိုက်သည်။

ကိုရဲမြတ်ဟိန်း ၏ မိခင် ဒေါ်စမ်းအေးက "နိုင်ငံရေး အကျဉ်းသားတွေကို ဒီလောက် နှစ်ရှည်လများ ထောင်တွေချနေတဲ့ ဥစ္စာဟာ သူတို့ပြောတဲ့ (စစ်အစိုးရ) ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံသစ်ဆီသို့ဆိုတဲ့ စကားက တမျိုးဖြစ်လာပေါ့နော်။ အမှန်ဆိုလို့ရှိရင် ခောတ်မီဖွံ့ဖြိုး တိုးတက်သောနိုင်ငံ မဖြစ်ဘဲနဲ့ အခုဟာက ဘယ်လိုဖြစ်နေလဲဆိုတော့ ဟိုး ကျန်စစ်သားတို့၊ အနော်ရထားတို့ခေတ်ကို ပြန်ရောက်နေသလို ကျမ ခံစားရတယ်" ဟု ပြောသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */