စစ်သင်္ဘောများ စစ်တွေတွင် ဆက်လက် ရှိနေဆဲ
11/18/2008
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ရေတပ်သင်္ဘော အများအပြားကို ဆက်လက် ဆိပ်ကပ်ထားဆဲ ဖြစ်ပြီး တချို့ စစ်သဘောင်္များမှာ မြစ်ပြင်တွင် ခုတ်မောင်း သွားလာနေကြကြောင်း သတင်းရရှိသည်။
အဆိုပါ သင်္ဘောများမှာ နိုဝင်္ဘာလ ၈ ရက်နေ့ ဘင်္ဂလာ-မြန်မာ ရေပြင်ပိုင်နက် အငြင်းပွားပြီးနောက်ပိုင်း စစ်တွေ ဆိပ်ကမ်းသို့
ရောက်ရှိလာပြီး ယခုအချိန်ထိ ဆိပ်ကပ်ထားဆဲဖြစ်သည်။
မျက်မြင် တဦး အပြောအရ အရွယ်အစား စုံလင်သော မြန်မာ့ ရေတပ် သင်္ဘော အနည်းဆုံး ၇ စီးမှ ၁၀ ထိ စစ်တွေ တွင် ဆိပ်ကပ်ထားဆဲ ဖြစ်သည်ဟု ပြောသည်။
ဘင်္ဂလာနှင့် မြန်မာနိုင်ငံအကြား နှစ်ဘက် နိုင်ငံစလုံး အနေဖြင့် စစ်ရေးကို တိုးမြှင့်ချထားဆဲဖြစ်ပြီ်း အငြင်းပွားရာ ရေပြင်ပိုင်နက် အနီးတ၀ိုက်တွင်လည်း နှစ်ဘက် နိုင်ငံ ရေတပ် သင်္ဘောများ ရှိနေသေးသည်ဟု သိရသည်။
အလားတူ နှစ်ဘက်နိင်ငံများ အနေဖြင့် ကုန်းပိုင်းတွင် တပ်များအား ဖြန့်ကျက် ချထားမှုကိုလည်း ယခုအချိန်ထိ ရုတ်သိမ်းခြင်း မရှိသေးကြောင်း သိရသည်။
ယမန်နေ့ ဘင်္ဂလာဒေခ်ျ့ ဒက္ကားမြို့တော်တွင် ပြုလုပ်ခဲ့သော မြန်မာ- ဘင်္ဂလာ ရေပြင်ပိုင်နက် အငြင်းပွားမှု ဆွေးနွေးပွဲမှာလည်း တစုံတရာ အဖြေမရဘဲ ပြီ်းဆုံးသွားခဲ့ပြီ ဖြစ်သည်။
ယခုကဲ့သို့ သဘောတူညီမှု တစုံတရာ မရရှိဘဲ ဆွေးနွေးပွဲ ပြီးဆုံးသွားသဖြင့် နယ်စပ် အခြေအနေ ပြန်လည် တင်းမာ လာနိုင်သည်ဟု လေ့လာ သုံးသပ်သူများက ပြောသည်။
Tuesday, November 18, 2008
အခုထိ ဟန်ရေးပြလို့မပြီးသေးဘူးလား
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment