“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, November 11, 2008

ဘုန်းကြီးသော ပလီဆရာသော ပုပ်ရဟန်းသော..ငါမသိ

ဘာသာသာဝင် ဖြစ်ဖြစ် နအဖကို အမြင်ကတ်ရင်..နအဖက အမြင်ကတ်ရင်.ထောင်ထဲသာတန်းပို့ ထားလိုက်

မောင်းတောမြို့မှ မူဆလင်ခေါင်းဆောင် ၉ ဦးထောင် ၁၀ နှစ်ကျော် ချမှတ်ခံရ 11/11/2008


ရခိုင်ပြည်နည် မောင်တောမြို့မှ မူဆလင်ဘာသာဝင် ခေါင်းဆောင် ၉ ဦးကို ထောင် ၁၀ နှစ်မှ ၁၃ နှစ်ခွဲထိ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ရှေ့နေကိုသန်းထွန်းအား မတရားအသင်းဖွဲ့မှုကြောင့် ထောင် ၁၀ နှစ်၊ မတရားအသင်းနှင့် ဆက်သွယ်မှုကြောင့် ထောင် ၃ နှစ်နှင့် ခွင့်ပြုချက်မရှိဘဲ အိမ်ပေါ်တွင် အစည်းအဝေးလုပ် မှုကြောင့် ထောင် ၃လ စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ်နှင့် သုံးလ ချမှတ်လိုက်သည်။

မောင်တောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်သူ ကိုကျော်ဝင်း၊ စိန်သုံးလုံးရွှေဆိုင် ပိုင်ရှင်အပါအ၀င် ကျန်လူ ၈ ဦးကို ထောင် ၁၀ နှစ်စီ ချမှတ်လိုက်သည်ဟု သိရသည်။

သူတို့အား ယခုနှစ် မတ်လအတွင်းက ရှေ့နေ ကိုသန်းထွန်းအိမ်တွင် အစည်းအဝေးလုပ်နေ စဉ် စစ်ထောက်လှမ်းရေးမှ ဖမ်းဆီးခဲ့ပြီး မတရား အသင်းဖွဲ့စည်းမှုဖြင့် တရားစွဲဆိုခဲ့သည်။

ဖမ်းဆီးစဉ်က ၁၂ ဦး ဖြစ်သော်လည်း ကျန် ၃ ဦးကို တရားသေလွတ်ပေးခဲ့သည်။ တရားသေ လွတ်ပေး ခံခဲ့ရသူများမှာ ဒေါက်တာလှမြင့်၊ သွားဆရာဝန် အဏ္ဏ၀ါနှင့် နော်ရုလ်ကော်ဘီတို့ ဖြစ်သည်။ သူတို့ ၃ ဦးမှာ အစိုးရ၏ တရားလိုအဖြစ် လိုက်ပါဆောင်ရွက်ရန် သဘောတူ ခဲ့သဖြင့် မောင်တောမြို့နယ်တရားရုံးက တရားသေ လွှတ်ပေးခြင်းဖြစ်ကြောင်း မောင်တောက ရှေ့နေတဦးက ပြောသည်။
http://www.narinjara.com/detailsbur.asp?id=1581

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */