“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, November 15, 2008

ကြားရ နားဝမသက်သာ ရွှေဘချည်းခံနေရပါလား

စစ်သားများ၏ ရိုက်ပုတ် ထိုးနက်မှုကိုခံရသူ ကိုထွန်းအေးနိုင် အခြေအနေဆိုးရွား 11/15/2008

မင်းပြားမြို့တွင် တန်ဆောင်းမုန်းလပြည့်နေ့က စစ်သားများ၏ ရိုက်ပုတ် ထိုးကြိတ်ခြင်း ကိုခံရသူ ကိုထွန်းအေး နိုင် ၏ အခြေအနေမှာ အထူးစိုးရိမ်စရာ အနေအထားသို့ ရောက်ရှိနေကြောင်း သိရသည်။
အမည်မဖေါ်လိုသူ သူ့ဆွေမျိုးတဦးက “သူ့ကို စိုးရိမ်ရတဲ့အတွက် မနေ့က စစ်တွေဆေးရုံကို ယူလာရပါတယ်။ စစ်တွေ မှာ မကောင်းရင် ရန်ကုန်ကို ဆက်ယူသွားရ ပါလိမ့်မယ်။ ” ဟု ပြောသည်။

ကိုထွန်းအေးနိုင်မှာ မင်းပြားစာရင်းစစ်ရုံးမှ ဦးသာထွန်းအေးနှင့် ဒေါ်အေးခိုင်ညိုတို့ သားဖြစ်ပြီး မင်းပြားဘီအိုစီ ကမ်းနားလမ်းမှ ဖြစ်သည်။

၎င်းပြင်ကိုထွန်းအေးနိုင်မှာ “ကဗျာရိပ်” အခွေငှားဆိုင်တွင် အလုပ် လုပ်ကိုင်နေသူ လူငယ်တဦးလည်းဖြစ်သည်။
သူ့အား ရိုက်ပုတ်သူများမှာ မင်းပြားအခြေစိုက် ခမရ ၃၇၉ မှ ဒုတပ်ရင်းမှူး ဦးဆောင် သော အဖွဲ့ဖြစ်ပြီး တန်ဆောင်မုန်း လပြည့်ည ၉ နာရီအချိန်တွင် ၀င်ရောက် ရိုက်ပုတ် သွားခြင်း ဖြစ်သည်။

ခမရ ၃၇၉မှ ဒုရင်းမှူး ဦးဆောင်သော စစ်သားများသည် တန်းဆောင်မုန်း လဆန်း ၁၄ ရက်နေ့က ဈေးနား လမ်း ဦးမြင့်ဦးအိမ်တွင် အပျော်ထမ်း ထမင်းချက်စားရာမှ ဆူပူသောင်းကျန်းပြီး အမျိုးသမီးငယ်များကို နှောင့်ယှက် ရာမှ အရပ်သားများနှင့် စတင် ရန်ပွဲ ဖြစ်ပွားခဲ့သည်။

ရန်ပွဲမှာ အရပ်သားများကတဘက်၊ စစ်သားများကတဘက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရန်ပွဲမှာ ပြင်းထန်သဖြင့် မင်းပြားရဲက လာရောက်ထိန်းသိမ်းပြီး လူစုခွဲခဲ့ရသည်။
အဆိုပါ ပြဿနာဖြစ်ပွာပြီး နောက်တနေ့ လပြည့်နေ့ ည ၉ နာရီတွင် ၃၇၉ မှ ဒုရင်းမှူး ဦးဆောင်သော စစ်သား ၃၀ ခန့်သည် စစ်ကားများနှင့်အတူ မင်းပြားမြို့တွင်းသို့ ၀င်ရောက်လာပြီး လမ်းသွားလမ်းလာသူ မည်သူ့ ကိုမဆို ရိုက်ပုတ် ထိုးကြိတ်ခဲ့ သည်။

ထိုသို့ စစ်သားများ တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၀ ခန့် ဒဏ်ရာရရှိခဲ့ပြီး ၄ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံတင် ခဲ့ ရသည်။ ထိုအထဲတွင် ကိုထွန်းအေးနိုင်လည်း ပါဝင်သည်။

နောက်ဆုံးရရှိသော သတင်းအရ စစ်သားများသည် မင်းပြားမြို့မှ ကိုထွန်းအေးနိုင် အပါအ၀င် လူငယ် အများ အပြားကို မင်းပြားရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အကြီးအကျယ် ညှဉ်းပမ်းထိုးကြိတ်မှုများ ပြုလုပ်ခဲ့ သည်။ ကိုထွန်းအေးနိုင်နှင့် လူငယ်တချို့မှာဒဏ်ရာပြင်းထန်သဖြင့် အဆိုပါညတွင်ပင် မင်းပြားဆေးရုံသို့ ပို့ပေး ခဲ့ ရ သည်။

သို့သော် မင်းပြားရဲက စစ်သားများကို တစုံတရာ တရားစွဲဆို အရေးယူခြင်းမရှိဘဲ အရပ်သားများကိုသာ ခေါ်ယူ စစ်ဆေးနေသဖြင့် လူငယ်အများအပြားမှာ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု သိရသည်။http://www.narinjara.com/detailsbur.asp?id=1588

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */