“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, November 20, 2008

နမ့်ဇန်-ကျိုင်းတုံရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်း- ဒေသခံတို့ အဓမ္မလုပ်အားပေးခိုင်းခံရမည့်အရေး တွေးပူနေ



နောင်ချို - ကျောက်မဲကြား နာမည်ကျော်ဂုတ်ထိပ်တံတားပေါ် ရထားဖြတ်သန်းစဉ်

ဗုဒ္ဓဟူးနေ့၊ 19 နိုဝင်ဘာလ 2008 သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း သံလွင်မြစ်အနောက်ဘက်ခြမ်းမှ သျှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံအထိ မီးရထားလမ်းဖောက်လုပ်ရေးအတွက် ရပခတိုင်းမုးနှင့် တြိဂံစစ်ဒေသတိုင်းမုးတို့ စစ်ဆေးကြည့်ရှုခဲ့ကြစဉ် ဒေသခံတို့အဓမ္မ လုပ်အားပေးခိုင်းစေခြင်းခံရတော့မည့်အရေး တွေးပူနေကြသည်ဟု ကျိုင်းတုံသတင်းရပ်ကွက်ကဆိုပါသည်။

ယခုဖောက်လုပ်မည့် ရထားလမ်းသစ်နှင့်ပတ်သက်၍ ကျိုင်းတုံဒေသခံ ကုန်သည်တစ်ဦးက “အသေချာဆုံးတစ်ခုက ကျေးလက် ဒေသခံတွေမှာ အရင်ကလို အဓမျလုပ်အားပေး ခိုင်းမှာဘဲ။ သံလွင်အရှေ့ခြမ်း တာ့ကော့ဆိပ် - မိုင်းပြင်း္မမ့ -တုံတာ အုပ်စုကြား မှာ လမ်းကြမ်းတယ်။ တောင်ကမ်းပါးယံ လဋိုမြောင်တွေ မတ်စောက်မြင့်မားတယ်။ ဆိုတော့ ဒေသခံတွေအတွက် အတော့ကို

ဒုက္ခရောက်ရမယ်” ဟု ပြောပြသည်။

အသက် ၄၀ ကျော် အဆိုပါကုန်သည်က “ ကျနော်တို့ ငယ်ငယ်တုန်းက ဗမာစကားပြောရင် ‘သံလွင်မြစ် အရှေ့ခြမ်းကဗမာ စကား သိပ်နားမလည်ဘူး’ လို့ ကျနော်တို့ လှောင်ပြောင်ခံရတယ်။ မ၀တ ခေတ်နောက်ပိုင်းကျတော့ ဗမာစကားမပြောတတ်တဲ့ ကျိုင်းတုံ္မမ့ခံ မရှိသလောက်ဖြစ်နေပြီ။ အခု ကျိုင်းတုံအထိ ရထားလမ်းထပ်ဖောက်မယ်ဆိုတော့ ရထားလမ်းအနီးအနားက ရွာသားတွေ အဓမျလုပ်အားပေးခိုင်းစေတာတွေရှိမယ်။ အညာကလူတွေ ရထားနဲ့ကပ်ပါလာကြမယ်။ သူခိုး၊ ဓါးပြ၊ သူတောင်းစားတွေ ပေါလာ မယ်။ နောက်ပိုင်း ကျိုင်းတုံဟာလည်း ဗမာစကားအဓိကထားပြောရမယ့် တောင်ကြီးလိုဖြစ်လာမှာ မလွှဲဘူး ” ဟု ဆက်ပြောသည်။

စီးပွါးရေးလုပ်ငန်းရှင်များ ကုန်သည်များအတွက် ကူးသန်းရောင်းဝယ်ရေးအဆင်ပြေမည်ဟု (တပ်တွင်းမှ) တချို့က ပြော သော်လည်း ကလော-နမ့်ဇန် ရထားလမ်းကိုကြည့်ခြင်းအားဖြင့် အသစ်ဖောက်မည့် ရထားလမ်းမှာ အားထားနိုင်ဖွယ်ရာမရှိကြောင်း၊ကောင်းကျိုး ထက် သျှမ်းပြည်လူထု ဆိုးကျိုးóကံရမည်ဖြစ်သဖြင့် အဆိုပါရထားလမ်းသစ်ကို မလိုလားကြကြောင်း အဆိုပါကုန်သည်က ရင်ဖွင့် သည်။

သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်္မမ့အရှေ့ဘက်ဖြတ်သန်းစီးဆင်းသော နမ့်တိန်းချောင်းနှင့် ကွန်ဟိန်း္မမ့အနီးဖြတ်သန်း စီးဆင်းသော နမ့်ပန် ချောင်းကူးမည့် မီးရထားလမ်းတံတားဆောက်သင့်သောနေရာကြည့်ရှုရန် အောက်တိုဘာ ၂၆ ရက်က သွားသော ရပခ တိုင်းမုး ဗိုလ်မုးချုပ်ရာပြည့် တာ့ကော့ သံလွင်မြစ်ကူးတံတား၌ တြိဂံစစ်တိုင်းမုး ဗိုလ်ချုပ်ကျော်္မဖးနှင့်တွေ့ဆုံခဲ့ပြီး နှစ်ဦးစလုံး ကျိုင်းတုံသို့ ခရီးဆက်ခဲ့ကြသည်ဟု ကျိုင်းတုံဒေသခံတစ်ဦးကပြောပြ၏။

“ ရပခတိုင်းမ–းနဲ့အတူ မီးရထားဝန်ကြီး ဗိုလ်ချုပ်မင်းအောင်၊ ဒုဝန်ကြီး ဦးဖေသန်းနဲ့ လမ်းအင်ဂျင်နီယာ တချို့ပါတယ်။ သံလွင် မြစ်ကူး ရထားလမ်း တံတားဆောက်တဲ့နေရာကြည့်ဖို့ တာ့ကော့မှာ တြိဂံတိုင်းမ–းနဲ့ အောက်တိုဘာ ၂၇ ရက်မှာ တွေ့တယ်တဲ့။ ရထားလမ်းသစ်ကို နမ့်ဇန်ကနေ ကျိုင်းတုံအထိ ဖောက်မှာ” ဟုဆို၏။

သျှမ်းပြည်နိုင်ငံရေးစောင့်ကြည့်လေ့လာသူတစ်ဦးကလည်း“ တရုပ်က မီးရထားစက်ခေါင်း ၉ ခု ပို့လာတယ်။ အခု မန္တလေးတိုင်း သာစည်မှာရှိတယ်လို့ကြားတယ်။ နမ့်ဇန်ကနေ သံလွင်မြစ် တာ့ကော့ဆိပ်အထိ ဖောက်မယ်။ ကျိုင်းတုံဘက်ကလည်း္မမ့အနောက် ဘက် ကျိုင်းတုံတက္ကသိုလ်နားမှာ ဘူတာဆောက်မယ်။ တာ့ကော့ဆိပ်အထိ ဖောက်ပြီး တာ့ကော့မှာဆုံမှာပေါ့ ” ဟု ဆို၏။

သျှမ်းပြည်တောင်ပိုင်းရှိ ရထားလမ်းမှာ ရန်ကုန်-မန္တလေး ရထားလမ်းမှ သာစည်၌ခွဲ၍ ကလော-ဟဲဟိုး-ရွှေညောင်-ညောင်ရွှေ- ဘန်းယဉ်-လွယ်ပွတ်- မောက်မယ် (မြောက်ဘက် မိုင် ၂၀ ကျော်တွင်ဖြတ်သန်း၍)- မိုးနဲ-နမ့်ဇန် အထိဖောက်လုပ်ဖွင့်လှစ်ပြီး သော်လည်း ကလောမှ နမ့်ဇန်အထိ တိုက်ရိုက်ပြေးဆွဲခြင်းမရှိသေးဟု ကြားသိရ၏။ နမ့်ဇန်မှ မိုးနဲ အထိသာ (တစ်လ တစ်ကြိမ်- နှစ်ကြိမ် ခန့်) အသွားအလာရှိသည်ဟု မိုးန္မဲမ့ခံတစ်ဦးကလည်း ပြောပြဖူးသည်။

သျှမ်းပြည်မြောက်ပိုင်းရထားလမ်းမှာ မန္တလေး-လားရှိုးရထားလမ်းဖြစ်ပြီး အင်္ဂလိပ်ခေတ်ကတည်းက ဖောက်ထားသော လမ်းဖြစ်၏။ နောင်ချို-ကျောက်မဲကြား တစ်တောင်နှင့်တစ်တောင်ကြား ရှိုနက်ကြီးဖြတ်ကူးသော ဂုတ်ထိပ် တံတားမှာ နာမည် ကျော်လျက်ရှိပြီး တံတားသက်တမ်းကုန်ခဲ့ပြီဖြစ်သော်လည်း အာဏာပိုင်တို့ တခါတရံသာ အနဲအကျဉ်းပြင်ဆင်၏။ ယနေ့တိုင် ရထား နေ့စဉ်ပြေး ဆွဲလျက်ရှိသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */