လူကုန်ကူးမှု့သတင်း ဖော်ပြသဖြင့် သတင်းထောက်နှင့် အယ်ဒီတာကိုဖမ်းဆီး
2008-11-13
RFA
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့က အပတ်စဉ်ထုတ် စောင့်ကြည့်သတင်းဂျာာနယ် (News Watch) က သတင်းထောက် မနောထွန်းခေါ် ထွန်းထွန်းသိန်းနဲ့ အယ်ဒီတာ ဦးခင်မောင်အေးတို့ကို လူကုန်ကူးမှု့ အကြောင်းဖော်ပြခဲ့တဲ့ သတင်းတပုဒ်နဲ့ပတ်သက်ပြီး အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ရန်ကုန် သတင်းဂျာာနယ်အသိုင်းအဝိုင်းက ပြောပါတယ်။ ဒီသတင်းမှာ အာဏာပိုင်တွေရဲ့ လာဘ်စားမှု့တွေကို ဖော်ပြခဲ့တယ်လို့ သိရပါတယ်။
စာနယ်ဇင်းများကို ရောင်းချရန် ပြင်ဆင် ခင်းကျင်းနေသော ဈေးသည်တဦး ဖြစ်ပါသည်။
သူတို့နှစ်ဦးစလုံးကို ဗဟန်းတရားရုံးကနေ မျက်ကွယ်အမိန့် ထောင်သုံးလစီ ချမှတ်ခဲ့တဲ့လို့ နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့နဲ့ မြန်မာ့သတင်းသမဂ္ဂတို့ရဲ နိုင်ဝင်ဘာ ၉ရက်နေ့ထုတ် ပူးတွဲကြော်ငြာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာ့သတင်းသမဂ္ဂက ပြုစုထားတဲ့အချက်အလက်တွေ အရဆိုရင်
၂၀၀၇ စက်တင်ဘာ ရွေဝါရောင်တော်လှန်ရေး အပြီး အဖမ်းခံရတဲ့ သတင်းစာနယ်ဇင်းသမားပေါင်း တဒါဇင်ကြော် ရှိပါတယ်။ အဲဒီစာရင်းတွေထဲမှာ ဒီနှစ် ဇန်နဝါရီလက အချစ်ဂျာနယ်မှာ အာနာရူးကြီး မှူးကြီး သန်းရွှေလို့ အဓိပါယ် ကဗျာကိုရေးခဲ့ ကဗျာဆရာစောဝေ အပါအဝင် မြန်မာနေရှင်းဂျာနယ် အယ်ဒီတာ ကိုသက်ဇင်နဲ့ ထုတ်လုပ်ရေးမန်နေဂျာ ဦးစိန်ဝင်းမောင်၊ နာဂစ်မုန်တိုင်းဒုက္ခသည်တွေအတွက် ကူညီဆောင်ရွက်ပေးခဲ့တဲ့ အားကစားသတင်း အယ်ဒီတာ ကိုဇော်သက်ထွေးနဲ့ အီကိုဗီးရှင်းဂျာနယ်က မအိမ့်ခိုင်ဦးတို့တွေလည်း ပါဝင်ပါတယ်။မြန်မာ့သတင်းသမဂ္ဂက ပြုစုထားတဲ့အချက်အလက်တွေ အရဆိုရင်
Rest of your post

0 comments:
Post a Comment