လူတို့၏ဒုက္ခကို အသုံးချနေခြင်း
Sara Flounders ၏ U. S. Hostility Hampers Relief နှင့် ပတ်သက်၍ Workers World ၏ အယ်ဒီတာ့ထံပေးစာကဏ္ဍတွင် ဇွန်လ ၁ ရက်နေ့ရက်စွဲဖြင့် ဖော်ပြခဲ့သော Manoa ရှိ ဟာဝိုင်ယီတက္ကသိုလ်မှ အာရှရေးရာလေ့လာရေး ပါမောက္ခဖြစ်သူ မိုက်ကယ်အောင်သွင်မှ ရေးသားပေးပို့ခဲ့သည့် ပေးစာတစ်စောင် ဖြစ်ပါသည်။ အခြားသူများနှင့် မတူသော အမြင်တစ်မျိုးကို ရရှိနိုင်မည်ဟု မျှော်လင့်ပါသည်။
အစက ကျနော့်အနေဖြင့် အမေရိကန် ၀ါဒဖြန့်စက်ကြီးမှ ဧရာမ အရိပ်မည်းကြီး ကျရောက် အောင်ပြု လုပ်နေ သည်ဟု တွေးထင်ခဲ့သည်မှာ ကျနော်တစ်ယောက်တည်းဟု တွေးထင်ခဲ့ရပါသည်။ သို့သော်လည်း Sara Flounders မှ မြန်မာဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်၍ အမေရိကန်၏ခေါင်းပေါ်သို့ သံရိုက်သွင်းခဲ့သည်ကို ဖတ်ရှုခဲ့ရပါသည်။
မြန်မာနိုင်ငံနှင့်ပတ်သက်လာလျှင် တစ်ခုသော တွေးခေါ်ပုံကြီးသည် အားလုံးသော အနောက်တိုင်း (အနောက်ဆန်သူများ အပါအ၀င်) မီဒီယာများ၏ အဖြစ်အပျက်များအပေါ် ဖော်ဆောင်ရေးသားမှုကို လွှမ်းမိုးနေပုံရပါသည်။ လူအားလုံးသည် အမေရိကန်က ဒီမိုကရေစီဟုမှတ်ထင်သော အရာနှင့်ပတ်သက်လျှင် စိစစ်မှုမရှိဘဲ စိတ်အားထက်သန်စွာဖြင့် ဟောချင်ပြောချင်လွန်းသော တူညီသည့် ပုံသေတွေးခေါ်မှု ရှိကြပုံရပါသည်။
ယင်းအလေ့အထသည် မြန်မာနိုင်ငံ၏ ၁၉၈၈ အရေးအခင်းက အစပြုခဲ့ပြီး လွန်ခဲ့သော အနှစ် ၂၀ ကာလတစ်လျှောက်လုံး တစ်စိမ့်စိမ့်နှင့် မိုးစွေခဲ့ပြီး ၂၀၀၇ စက်တင်ဘာ အရေးအခင်းကာလတွင် အရှိန်မြင့်တက်လာခဲ့သည်။ ယခုတစ်ကြိမ် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြန် သောအခါ လူသားချင်းစာနာထောက်ထား အကူအညီပေးရေးကို အာရုံစိုက်ရမည့်အစား မြန်မာနိုင်ငံသည် နိုင်ငံရေးအရ ထပ်မံကျော်ကြားလာခဲ့ပြန်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်းက အဖြစ်အပျက်အားလုံးအား တစ်ပေါင်းတစ်စည်းတည်း ထည့်သွင်းကာ လူကောင်းလူဆိုး ခွဲခြားပုံမျိုးဖြင့် မတူညီသောအခြေအနေများကို မျက်ကွယ်ပြု၍ ကြိုတင်ခန့်မှန်းနိုင်သော နိဂုံးကို ဦးတည်ကာ စိတ်ရှိတိုင်း ကြဲခဲ့ကြပါသည်။
Sara Flounders ထောက်ပြခဲ့သည့်အတိုင်း ယခု ဆိုးရွားသော အဖြစ်ဆိုးကြီးအား စနစ်တကျ ပုံစံချ၍ အသုံးချ ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း ဆိုင်ကလုန်းတိုက်ခတ်ပြီးနောက် ချက်ချင်းလိုလိုပင် ပြုလုပ်ခဲ့သည့် အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတွင် စတင်၍ မစ္စတာဘုရှ်မှ သဘာဝဘေးအန္တရာယ်ကို နိုင်ငံရေးအရ အမြတ်ထုတ်ခဲ့ပါတော့သည်။ အဖြစ်ဆိုးကြီးနှင့်ပတ်သက်၍ ပြောကြားခဲ့သည်မှာ စာကြောင်းတစ်ကြောင်းစာခန့်သာ ရှိခဲ့ပြီး ကျန်သော သတင်းစာရှင်းလင်းပွဲစကားများမှာ ယခင် နိုင်ငံရေးအစီအစဉ်အတိုင်း အစိုးရ ပြောင်းလဲရေးသာ ဖြစ်နေခဲ့ပါသည်။
အင်အားကြီး အမေရိကန်မီဒီယာများနှင့် အခြားအင်္ဂလိပ်စကားပြော မီဒီယာများသည်လည်း အိမ်ဖြူ တော်လေသံအတိုင်းလိုက်ကာ နောက်နှစ်ပတ်ခန့်ကြာသည်အထိ နားကြားပြင်ကပ်လောက်အောင် အော်နေခဲ့ကြသည်။ ယခုကဲ့သို့ လူပေါင်း ၁၃၀၀၀၀ နီးပါး သေကြေပျက်စီးခဲ့ရသည့် သဘာဝဘေး ဒုက္ခကြီးတွင်ပင် မြန်မာအစိုးရ၏ပုံရိပ်အား ယခင် အနှစ် ၂၀ က ဖြစ်ရပ်များအတွင်းသို့ အတင်း သွတ်သွင်းခဲ့ကြသည်။ မြန်မာအစိုးရ၏လုပ်ရပ်အားလုံးအားလည်း ယခင်အနှစ် ၂၀ ကအတိုင်းပင် မနှစ်မြို့ဖွယ် လုပ်ဆောင်ချက်များအဖြစ် ပုံစံပြောင်းပေးကြသည်။
မြန်မာနိုင်ငံမှ မည်သို့သော အပြုသဘောဆောင်သည့် သတင်းမျိုးကိုမဆို ၀ါဒရေးရာအရ ဖုံးဖိ ကွယ်ဖျောက်ပေးခဲ့ရကြောင်း ဘန်ကောက်ရှိ ထင်ရှားသော နိုင်ငံခြားသတင်းထောက်များကလပ်မှ သတင်း ထောက်တစ်ဦးက ကျနော့်အား ပြောကြားဖူးပါသည်။
တူညီသော စုပေါင်းအမြင်မျိုးရှိသည့် ကွန်ဂရက်နှင့် အခြားအဖွဲ့အစည်းများသည် အနှစ် ၂၀ ကာလအတွင်းတွင် ထိုသို့သော ပုံရိပ်မျိုး တည်ဆောက်နိုင်ရန် ဒေါ်လာ သန်း ၂၀၀ ကျော် အသုံးပြုခဲ့ကြပါသည်။ Soros Foundation နှင့် National Endowment for Democracy တို့ကဲ့သို့သော အမည်ခံ ပုဂ္ဂလိက အဖွဲ့အစည်းများသည်လည်း ထိုနည်းတူစွာပင် ဆောင်ရွက်ခဲ့ကြပြီး NED သည် ယင်း၏ ၂၀၀၆ ခုနှစ် ဘတ်ဂျက် တွင် မြန်မာဘုန်းတော်ကြီးကျောင်းများအတွက် ဒေါ်လာ ၄၀၀၀၀ ထည့်သွင်း ရေးဆွဲခဲ့သည်။ ထိုရံပုံငွေကို မြန်မာဘုန်းကြီးများအား ဒီမိုကရေစီ ဆန္ဒပြပွဲများ မည်သို့မည်ပုံ ဆောင်ရွက်ရမည်ကို ပညာပေး သင်ကြားရန်အတွက် အသုံးပြုခဲ့ပါသည်။ ယင်းနောက်တွင် အနည်းငယ်သော အယောင်ဆောင် ဘုန်းကြီးများမှဦးဆောင်သော ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာသည်မှာ အံ့သြစရာ မရှိပါ။ (ကျနော့်အနေဖြင့် အမေရိကန်အနေဖြင့် ကျူးဘားနိုင်ငံနှင့်ပတ်သက်၍ ၀ါဒဖြန့်မှုများဆောင်ရွက်ရန် နှစ်ပေါင်း ၆၀ အတွင်း မည်မျှအသုံးပြုခဲ့ပါလိမ့်ဟုပင် တွေးတောမိပါသည်။)
ကွန်ဂရက်မှ ခွင့်ပြုပေးခဲ့သော ငွေအများစုဟာလည်း နှစ်စဉ်လိုလိုပင် အစိုးရဆန့်ကျင်ရေးအုပ်စုများနှင့် ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီ သတင်းစာကဲ့သို့သော ၎င်းတို့၏ ၀ါဒဖြန့်သတင်းစာများနှင့် စာနယ်ဇင်းများ၊ အစိုးရများနှင့် ချိတ်ဆက်နေသည့် ဥပဒေပြု အမတ်များအား ထောက်ပံ့ပေးမှုထံသို့ ရောက်ရှိသွားပါသည်။ ယင်းသတင်းအဖွဲ့အစည်းများသည် မတူညီသော နိုင်ငံ ဒါဇင်ပေါင်းများစွာတွင် အခြေစိုက်ကာ သတင်းရေးသားခဲ့ကြခြင်းကြောင့် အထက်ပါရံပုံငွေများကို မှီခိုနေရသည့် အဖွဲ့ငယ်ကလေးတစ်ခုစာမျှသာ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အစိုးရဆန့်ကျင်ရေးစိတ်ဓါတ်များသည် အောက်ခြေလူတန်းစားအလွှာအထိ ရှိဟန် ထင်မြင်ရပါသည်။ (ယင်းအချက်ဟာ ကျူးဘားအရေးကိစ္စများ ဆောင်ရွက်ခဲ့သည့် မီယာမီ ကျူးဘား အဖွဲ့ကို ပြန်လည်သတိရစေပါသည်။)
အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ အထက်ပါအဖွဲ့များရဲ့ ရည်ရွယ်ချက် ဖြစ်မနေသည့် အကြောင်း အရင်းတစ်ခုမှာလည်း ထိုသို့ဖြစ်လာပါက ၎င်းတို့၏ ငွေရပေါက်ရလမ်းကြီး ပိတ်သွားမည် ဖြစ်သောကြောင့်ပါပေ။ ၎င်းတို့ အဓိကဖိအားပေးနေသည့်အချက်မှာ အစိုးရ ပြောင်းလဲရေးပင် ဖြစ်ပါသည်။ သို့သော်လည်း ထိုသို့ အစိုးရပြောင်းခြင်းသည် ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မြန်မာနိုင်ငံရှိ သာမန်လူတန်းစားအများစု၏ ဘ၀များကို မြှင့်တင်ပေးနိုင်မည်ဟု ထင်မြင်သည်ဆိုပါက နောက်တစ်ကြိမ် ပြန်လည်စဉ်းစားစေလိုပါသည်။ ထိုသို့သော အခြေအနေမျိုးတွင် ဖြစ်နိုင်ချေအများဆုံးမှာ အရပ်သားအများအပြား သေကျေပျက်စီးစေနိုင်သည့် ပြည်တွင်းစစ်ကြီးပင်ဖြစ်ပြီး အမေရိကန်အတွက်တော့ အလွယ်တကူ ယူစားနိုင်သော အခြေအနေမျိုး ဖြစ်ပါသည်။
Ms. Flounders ထောက်ပြခဲ့သည့်အတိုင်း ရေနံနှင့် သဘာဝဓါတ်ငွေ့သည် အရေးပါလှပါသည်။ သို့သော်လည်း ဘင်္ဂလားပင်လယ်အော်မှ ပစိဖိတ်သမုဒ္ဒရာသို့သွားရာတွင် အမြန်ဆုံးနှင့် အလွယ်ကူဆုံးဖြစ်သည့် ထိုင်း၊ စင်္ကာပူနှင့် အင်ဒိုနီးရှားတို့၏ နယ်ခြားမျဉ်းများပေါ်တွင်ရှိသော မလက္ကာရေလက်ကြားအား ထိန်းချုပ်ရေး သို့မဟုတ် တိုက်ရိုက်ကိုင်တွယ် ဆောင်ရွက်နိုင်ရေးသည် လည်း အခြားအကြောင်းပြချက်တစ်ခု ဖြစ်နိုင်ပါသည်။
ထို့ပြင် စစ်အေးခေတ် မူဝါဒဟောင်းဖြစ်သော တရုတ်ပြည်ဝိုင်းရံရေးဝါဒ (Encirclement of China) သည်လည်း အကြောင်းရင်းတစ်ရပ် ဖြစ်နိုင်ပါသေးသည်။ အနောက်ဘက်တွင် အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များနှင့် မဟာမိတ်များဖြစ်သည့် ပါကစ္စတန်နှင့် အိန္ဒိယ၊ အနောက်တောင်ဘက်တွင် အမေရိကန်အိတ်ကပ်အတွင်း ရောက်ရှိပြီးဖြစ်သည့် ထိုင်း၊ အနောက်တောင်ဘက် မကျတကျတွင် အမေရိကန်မှ မက်လုံးပေး စည်းရုံးနေသည့် ကမ္ဘောဒီးယားနှင့် ဗီယက်နမ်၊ တရုတ်တောင်ပိုင်းတွင် တောင်ကိုရီးယားနှင့် ထိုင်ဝမ်၊ အရှေ့ဘက်တွင် ဂျပန် (ဟာဝိုင်ယီလည်းပါသည်။) တို့ ရှိပြီးဖြစ်ကာ တစ်ခုတည်းသော ဟာကွက်သည် အနောက်တောင်ဘက်ရှိ မြန်မာနိုင်ငံသာ ဖြစ်ပါသည်။ အနှစ် ၂၀ ကြာ ရန်လိုသောမူဝါဒများ ကျင့်သုံးခဲ့သဖြင့် မြန်မာနှင့် မဟာမိတ်ဖွဲ့ရန် မဖြစ်နိုင်သည့်အခါ ထိုနေရာအား ချေမှုန်းခြင်းဖြင့် တရုတ်နိုင်ငံကို တစ်ပတ်ပတ်၍ ၀ိုင်းရံမိစေမည် ဖြစ်ပါသည်။ (အမေရိကန်မှ အစိုးရ ပြောင်းလဲပစ်လိုပါက အလွယ်တကူ သွတ်သွင်းနိုင်ရန် ခေါင်းဆောင်ပင် ရှိပြီး ဖြစ်ပါသည်။) ထို့ကြောင့် မြန်မာနိုင်ငံသည် အမေရိကန်၏ အာရှစစ်တုရင်ခုံပေါ်မှ နောက်ထပ် နယ်ရုပ်တစ်ရုပ် သာ ဖြစ်ပါသည်။
ထိုသို့သော ကြေးစားဆန်ဆန် လှုပ်ရှားမှုများအတွက် ဆိုင်ကလုန်းဒဏ်ကြောင့် အချို့သော ကျနော်၏ ဆွေမျိုးများ သေဆုံးရမှုကို အသုံးချ နေခြင်းမှာ အလွန်ပင်ဆိုးရွားလှပါသည်။
မိုက်ကယ်အောင်သွင်
ပါမောက္ခ (အာရှရေးရာလေ့လာရေး)
ဟာဝိုင်ယီတက္ကသိုလ်
တွေ့ တာလေးတင်ပေးထားတာပါ။ ဆဲလိုက ဆဲ။ ချီးမွန်းလို က ချီးမွမ်းပါ။ ဗမာပညာတတ်တဦး၏ အမြင်ဖြစ်ပါတယ်။ စာဖတ်သူများ..ဖတ်ကြည့်ပါ။
Sunday, June 08, 2008
ကျုပ်ကတော့ ဒါထင်တယ်ဗျို့ 
Subscribe to:
Post Comments (Atom)

9 comments:
Don't crtisize on big words. Just to look inside your small family of Myanmar Naing Gan. Here is FAMILY VIOLENCE, CHILD ABUSE, SEX ABUSE, RIGHTS ABUSE inside your family. So just to concentrate on solving family internal affair. Your idea may be a fiction or bedtime story. Even US used our Nargis victims with some support, do not forget "something is better than nothing" & "seeing is believing". Are you a blind or a deaf? Don't you see SPDC is neglecting alive & dead people? Even US is balancing power between China, we have to regard that US is going to remove devil China not to support demon SPDC. It's time to change your bad idea and attitude to right side. You are damned educated but odd thoughts. Do not forget Opponents MUST Unite to Push Military Power Holders down. Whether US or CIA manipulate in Myanmar affairs, the only important thing is how SPDC response directly onto its own citizens. Don't be a lonely crow with odd idea.
- It's so obvious that you don't reside in Myanmar. How can you divert the humanitarian issue to political one?
- I have seen some people said that they saw the problem but they don't have solution. Please don't make yourself popular by going againt suffering of people. Don't try to camouflage SPDC's cruelty by bring up US own interest.
Let me bring up a few questions:
- You - staying US is your own interest. It doens't harm to Myanmar people, does it?
- Being SPDC in power - is in thier own interest but it does cause trouble to 55 milions of people.
- US interest to gain power in Asia doesn't casue trouble to 55 millions people, does it (your example of Thai, Vietnam) their countries are more developed than us?
- There is difference between "Educated" and "Mate Sar Date Hti".
မိုက်ကယ်အောင်သွင်.... ခင်ဗျား ရေးတဲ့ ဆောင်းပါး ဘာကိုဦးတည်သလဲ။ US က အာရှမှာ နိုင်ငံရေး ကျားကွက်ရွေှ့တာကို အပြစ်ပြောချင်သလား။ အများ နဲ့ မတူအောင် ကွဲပြား တဲ့ အမြင်နဲ့ လေဘေးဒုက္ခနဲ့ နိုင်ငံရေး ကိစ္စကို ဆက်စပ် ရေးပြီး ပွဲဆူအောင် လုပ်သလား။ ဒေါက်တာ ဇာနည် ရယ် ဟိုတလောက ပေါ်လာတဲ့ ဒေါက်တာ နေ၀င်းမောင် http://www.mizzimaburmese.com/interview/7/747-q--q--
ရယ် ခင်ဗျားရယ် တအိမ်ထဲ အတူထားချင်တယ်ဗျာ။ SPDC ရဲ့ လူသားချင်းစာနာစိတ် ကင်းမဲ့မှု ကို ခင်ဗျား ရှောင်ရေးတာ ကျွန်တော် သတိပြုမိတယ်။ ခင်ဗျား ဟာ နအဖ ထဲက စစ်ဘိုချုပ်တွေနဲ့ အချိတ်အဆက် ရှိနေသလား။ ဒါမှမဟုတ် မှန်တာတွေ သိရက်နဲ့ ချရေးရမှာ ကြောက်သလား။ ALOHA STATE မှာနေပြီး ALOHA စိတ်မွေးပါလို့ အကြံပေးချင်ပါတယ်။
အောင်သွင် နအဖ နဲ့ ဘယ်လို ပတ်သက်သလဲ။ ဒီလူ နောက်ကြောင်း ဖွင့်ချနိုင်အောင် Honolulu က မြန်မာ မိတ်ဆွေများ ထံ စုံစမ်းကြည့်ပါမယ်။ Honolulu မှာ မြန်မာလူမျိုး သိတ်အများကြီး မရှိပါ။ မြန်မာချင်း တော့ သိကြမှာပါ။ ရရင် ပြောပြပါမယ်။
ပညာတွေဘယ်လောက် တတ်တတ် ပါ....
အယူလွဲနေသရျူ်....မသူတော်တွေကို ကိုးကွယ်နေသရျူ် ကတော. အလကါးပါဘဲ.....
အမှန်တရား ကို အမှန်အတိုင်း မမြင်ဘဲ...နအဖ ကိုဖင်ပိတ် ကါကွယ်နေသမျှကတော.....
ဆိုက်ကါးသမား လောက် အဆင်.အတန်း မရှိဘူးဆိုတာ သိအောင်ပြောလိုက်ပါတယ်။။။။
It is such a shame of hearing a so-called Burman "scholar"'s strong statement.
You are just arguing without facts. Actually, you are manipulating public opinion by making this stupid statement instead of giving a good suggestion on how to help people in Burma. It seems you want to get attention of Burmese people and diplomats with this stupid opinion. It is so ridiculous, isn't it? I want to suggest you to find another way to make yourself popular. Enough is enough...Hearing this kind of statements from so-called Burman "scholars" like you. Instead of becoming a good assets for Burma's development, Scholars like you are just exploiting the situation and spoilers.
Can't understand how blind and deaf you are not to see the real situation as yet and don;t make a positive comment. Isn't it funny, that you are still recognized as a scholar arguing without facts.
good luck..anyway..
ကျုပ်ကလဲ ဒါထင်တယ်ဗျာ
လေးစားပါတယ် ကိုအောင်သွင်
ခင်ဗျား ဒီလိုနိုင်ငံ၊ ဒီလိုနေရာမျိုးမှာ၊ ဒီလို အဆင့်အတန်းမျိုးနဲ့ ဒီလိုစကားပြောရဲတာ နာဂစ်ပြီးတဲ့ နောက် ခင်ဗျား တစ်ယောက်ပဲ ရှိဦးမယ်ထင်တယ်။
ဒီလို အသိုင်းအ၀ိုင်းမျိုးမှာ ဒါမျိုးပြောရင် ဒီလို စပါယ်ရှယ် အဆဲခံရမယ် ဆိုတာကတော့ ခင်ဗျားလည်း သိပြီးသားဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ်ပါ. လူတိုင်း ကိုယ်ယုံကြည်ရာကို ကိုယ်ပြောပိုင်ခွင့် ရှိတယ်ဆိုတာ ကျုပ်က လေးလေးနက်နက်လက်ခံတယ်။
ဒီ့ထက်ပိုပြီး ခင်ဗျားပြောတဲ့စကား၊ ခင်ဗျားထောက်ပြရဲတဲ့ အမေရိကန်ရဲ့ တစ်ကယ်စေတနာမပါတဲ့၊ မူမမှန်တဲ့ လုပ်ရပ်တွေကို ဝေဖန်ရဲတဲ့ သတ္တိမျိုးရှိတာကို ကျုပ်ကလေးစားတယ်။
အမေရိကန်ကောင်းမှုနဲ့ ဆိုမာလီ၊ ကိုဆိုဗို၊ အာဖဂန်နစ္စတန် နှင့် အီရတ် တွေမှာ ဘာတွေ ဖြစ်ခဲ့သလဲ၊ အခု ဘယ်လိုတွေ ဖြစ်နေသလဲ ဆိုတာ ဘယ်သူမှ မသိကြတော့ဘူး၊ အမေရိကန် ရဲ့ အထင်ကရရော၊ အထင်မကရတဲ့ သတင်းဌာနတွေမှန်သမျှ ကလည်း အဲဒီနိုင်ငံတွေရဲ့ သတင်းတွေနဲ့ ပတ်သက်လာရင် မြန်မာပြည်က စာပေစိစစ်ရေးရဲ့ စည်းမျဉ်းစည်းကမ်းလောက်ကတော့ သနားသေးတယ်လို့ တောင်ပြောရမတတ်ပါပဲ။
အခုမြန်မာပြည်က သတင်းတွေနဲ့ ပတ်သက်လို့ရော အမေရိကန်ဦးဆောင်တဲ့ သတင်းဌာနတွေရဲ့ သတင်းထုတ်လွင့်ချက်တွေက အကျိုးထက် အပြစ်ကိုပိုပြီး ဦးဆောင်ခဲ့သလား၊ မုန်တိုင်းကြောင့် စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခခံစားနေရသူတွေ ၅သန်းလောက်နဲ့၊ မြန်မာပြည်သူ အားလုံးတွေကို တစ်ကယ် ထိရောက်တဲ့ အကူအညီတွေ သေသေချာချာ ပိုပေးနိုင်ခဲ့သလား အကျိုးတွေပဲ များခဲ့သလား၊ အပြစ်တွေပဲ ပိုများခဲ့သလား ဆိုတာ သူများပြောတိုင်း လိုက်အော်နေရုံနဲ့ မပြီးပဲ ကိုယ်တိုင် ဖတ်ရှုလေ့လာဆင်ခြင်၊ ကိုယ်ပိုင်ဥာဏ်နဲ့ သုံးသပ်ပြီးမှ ဆင်ခြင်ကြည့်ကြပါလို့ ပြောချင်တယ်။
ဒီနေ့ ခေတ်ကာလကတော့ နေရာတိုင်းမှာ (ရေဒီယို၊ ရုပ်ရှင်၊ အင်တာနက်၊) စစ်တပ်မကောင်းကြောင်းပြောမှ၊ စစ်တပ်ကို အပုတ်ချမှ၊ ကိုယ့်လူမျိုးအချင်းချင်း ကလေးကလားတွေရော၊ အဆင့်အတန်းအမဲ့ဆုံး နည်းလမ်းတွေနဲ့ပါ ကမ္ဘာ့အလယ်မှာ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းပြတတ်မှ၊ အမေရိကန်၊ ဗြိတိန်၊ နှင့် ဥရောပ နိုင်ငံတွေရဲ့ သံရုံးရှေ့၊ ကုလသမဂ္ဂ ရုံးတွေရှေ့ တွေမှာ အခါကြီးရက်ကြီးရှိတိုင်း၊ ဟိုရက်ဒီရက် ရှိတိုင်း၊ လူစုစု စုစု ရှိတိုင်း ကယ်ပါယူပါ၊ အသတ်ခံနေကြရပါပြီ၊ ဗုံးတွေကွဲနေပါပြီ၊ ငတ်နေပါပြီ၊ ပြတ်နေပါပြီ၊ စားစရာမရှိတော့ပါဘူး စသဖြင်..့. ကိုယ့်ဂုဏ်သိက္ခာအတွက်ရော၊ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက်ပါ ဘာမှ မစဉ်းစားပဲ အဲဒီလိုတွေ များများ အော်နိုင်မှ တော်လှန်ရေးသမား အစစ်ကြီးပဲ၊ ရဲရဲတောက်ကြီးပဲ၊ နိုင်ငံကို တစ်ကယ့်ကို ကောင်းစားစေချင်တဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီးပဲ ဆိုပြီး ဘွဲ့တွေ တစ်သီတတန်း အပေးခံရတဲ့၊ အထင်ကြီး၊ ကိုးကွယ်ခံရတဲ့ ၊ ဒေါ်လာတွေ နဲ့ ပူဇော်ပသကြတဲ့ ခေတ်ကိုးဗျ။
အဲဒီလိုနဲ့ ပြည်တွင်းက စစ်ခေါင်းဆောင်ကြီးများကလည်း ထင်ရာမြင်ရာလုပ်၊ ပြည်ပက ရဲရဲတောက်အဂ္ဂမဟာ ပညာကျော်ကြီးများကလည်း အမေရိကန် နဲ့ အပေါင်းအပါ တစ်သိုက် လုပ်မျှကောင်းကြောင်း ဘာတစ်ခုမှ မစဉ်းစားပဲ ငယ်သံပါအောင်အော်၊ ဖြစ်သမျှ ပြဿနာတိုင်းအတွက် ကိုယ့်လူမျိုးကိုယ် လက်ညှိုးထိုး အပုတ်ချရင်းနဲ့ ပဲ အချိန်တွေကုန်၊ ကိုယ့်နိုင်ငံရဲ့ မကောင်းသတင်းမှန်သမျှပြ၊ သတင်းတွေ ကျကျနနထုတ်လွင့်ပြီးမှ အပုတ်ချပြီးမှ ဒေါ်လာတွေ သဲ့ယူနေကြ၊ အဲဒီလိုနဲ့ ကမ္ဘာ့အမြင်မှာ မြန်မာဆိုတာ နိုင်ငံခြားသားဆိုရင် ညီမပေးမတတ် အဖေခေါ်ချင်တဲ့၊ အထင်ကြီးတဲ့၊ လေးစားတဲ့၊ ကိုယ့်လူမျိုး အချင်းချင်း ကျတော့ စော်ကားမော်ကားနဲ့ နှိမ့်ချဆက်ဆံတတ်တဲ့၊ ဘေးကခိုင်းရင် ဘာမဆိုလုပ်တတ်တဲ့၊ အိုးမဲ သုတ်ထားခံရတဲ့ တိုက်ကြက်လိုမျိုး ကိုယ့်လူမျိုး အချင်းချင်း ကိုက်ရင်းခဲရင်း၊ ဆဲရင်းဆဲဆိုရင်းနဲ့ပဲ သူများတွေထွက် အရာရာမှာ အောက်ကျသထက်ကျလာ၊ နောက်ကျသထက်ကျလာ မှန်းမသိတဲ့ သောက်ဦးနှောက် တစ်စက်မှ မရှိတဲ့ လူမျိုးတွေ ဖြစ်မှန်းမသိဖြစ်လာကြပြီ ဆိုတာ အားလုံးသော၊ ကမ္ဘာအရပ်ရပ်က မြန်မာလူမျိုးများ သတိထားမိကြရဲ့လား။
တော်လှန်ရေးသမားလို့ နံမည်ခံထားတဲ့ ပြည်ပရောက်နေသူတွေ၊ ခင်ဗျားတို့လည်း ပြည်တွင်းက ကြံ့ဖွတ်ဆိုတဲ့ ကောင်တွေနဲ့ အတူတူပဲ၊ ဘာမှ မထူးဘူး၊ ကိုယ်တိုင်ကကျတော့ ဒီမိုကရေစီရေး၊ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့် ဆိုတာတွေ လိပ်ခေါင်းထွက်မတတ်အော် နေကြပြီး ကိုယ်နဲ့ အမြင်မတူသူ တစ်ယောက်လဲ ပေါ်လာရော နအဖလူ၊ သစ္စာဖောက်ဆိုပြီး နာမည်တတ်၊ အမျိုးတွေရော အဆွေတွေပါ ရစရာ မရှိအောင်၊ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကိုမှ မထောက်ပဲ ဆဲ၊ ပြီးတာနဲ့ အဲဒီလူရဲ့ ကိုယ်ရေးကိုယ်တာမှန်သမျှ လိုက်စုံစမ်း၊ ဖုန်းနံပါတ်တွေဝေ၊ အီးမေးလ်တွေဖြန့်ကြ၊ အခုချက်ချင်းပဲ အဲဒီလူကို သွားချောင်းရိုက်တော့မလို၊ အသေခံပြီးပဲ သူ့အိမ်ရှေ့ ဗုံးခွဲတော့မလို၊ အဲဒီလူ ဒီစကားပြောမိတဲ့ အတွက် တစ်သက်လုံး လူ့အသိုင်းအ၀ိုင်းကပဲ အကြဉ်ခံရတော့မလို အရေးအသားတွေ အပြောအဆိုတွေနဲ့ တုံ့ပြန်ကြ စော်ကားကြ၊ အဲဒါလေးတွေနဲ့ပဲ ရဲရဲတောက် တော်လှန်ရေးသမားကြီးတွေ ဘွဲ့ခံယူကြရင်းနဲ့ပဲ၊ အဲဒီဘ၀ လေးမှ ကျေနပ်ရင်းသာယာရင်း၊ ရသေ့စိတ်ဖြေလေး ဆဲကြရင်းဆိုကြရင်းနဲ့ပဲ စောက်သုံးတစ်စက်မှ မကျတဲ့ မြန်မာလို့ နံမည်ခံယူဖို့ မသင့်တဲ့ ဗာလာနံတွေ ၊ အလကားလူတွေ၊ သွေးဆိုးတွေ ဖောက်ထုတ်ပစ်သလို ဖောက်ထုတ်ပစ်သင့်တဲ့ လူတွေ၊ နိုင်ငံရဲ့ အညစ်အကြေး တွေ ဖြစ်မှန်းမသိ ဖြစ်လာနေကြပြီဆိုတာ သတိထားကြပါဦး လို့ပဲပြောချင်တယ်။
တစ်ခါတစ်လေကျတော့လည်း နားမလည်နိုင်ဖြစ်ရပါတယ်.. ခုဒီဆောင်းပါး နာမည်ကြီးနေလို့ ၀င်ဖတ်ပါတယ်.. အင်း.. အမေရိကန်မကောင်းကြောင်းရေးထားတာပဲ.. အဲဒါကို ဒီကော်မန့်မှာ ရေးတဲ့လူအများစုက ဘာလို့ဆတ်ဆတ်ခါ ဖြစ်သွားကြတာတုန်း..
အင်္ဂလိပ်လို ရေးထားတဲ့လူတွေကတော့ နာမည်ကလည်း မြန်မာတွေဟုတ်မဟုတ်မသေချာပေမဲ့ မြန်မာလိုရေးထားတဲ့ဆောင်းပါးကို ဖတ်ပီးဝေဖန်တာဆိုတော့ မြန်မာလိုတတ်တဲ့ နိုင်ငံခြားသားတွေလည်း ဖြစ်ချင်ဖြစ်နိုင်တာမို့ လျော်ပေးလို့ရပါသေးတယ်..
အဲ မြန်မာနာမည်နဲ့ ကိုရန်ကင်းတို့ ဘာတို့ကျတော့ ဘာလို့ ဒီလောက်တောင် ဖြစ်သွားလည်းဗျာ.. အဲ.. အမှန်တရားကို လက်ခံတာဆိုလဲ ဟကောင်ရေ.. မင်းပြောတာတွေ ဒီနေရာဒီလိုမှားသကွဆိုရင်တော့ လဲ အမေရိကန်ဘက်ကပဲပြောပြော သြော် သူအမှန်တရားနဲ့ ပက်သက်လာရင် ဘက်တောင်မကြည့်ပါလားလို့ လေးစားသင့်ရင်လည်း လေးစားရသပေါ့ဗျာ.. ခုဟာကကြတော့ ကိုယ့်နိုင်ငံကို ဆော်တဲ့ဆောင်းပါးလည်းမဟုတ်.. ကြည့်ရတာ ဆောင်းပါးရှင်က သူတို့ထမင်းရှင်ကို စော်ကားမိပီထင်တယ်.. အင်း.. နားလည်ရခက်ပါတယ်ဗျာ..
မောင်သတိ
အမြင်မတော်တာလဲ ရှိမယ်။ အမြင်မတူတာလဲ ရှိမယ်။ လွတ်လပ်စွာ သဘောကွဲလွဲခွင့် ကို လက္ခံပါတယ်။ ဒါပေမဲ့ မူရင်းဆောင်းပါးရှင် က နအဖ ကို ပင်းပြီး ရေးထားတာ မြင်သာထင်သာတယ်။ အာရှရေးရာ ပါမောက္ခ အမည်ခံထားလေတော့ ခပ်တည်တည်နဲ့ ဆရာဝင်လုပ်ဟန် ရှိပုံပါပဲ။ ကောက်ကောက်ကျစ်ကျစ် ယုတ်ယုတ်မာမာ နဲ့ မဟုတ်တာ မတရားတာတွေကို ဒိုင်ခံလုပ်နေတဲ့ နအဖ ကို တခွန်းမှ မပြောပဲ (နအဖ ကောင်းကွက် ကလေး တခု လောက် သိချင်လိုက်တာ) အမေရိကန်ကို နအဖ အကြိုက် လေသံကြောင်းပြီး ခောတ်သစ် နယ်ချဲ့ ကိုလိုနီ လက်သစ် သဘောမျိုး နှပ်ကြောင်းပေးရေးထားတဲ့ ဒီဆောင်းပါး အတွက် နအဖ ထံ က ဆောင်းပါးခ ဘယ်လောက်ရ (ဘာ ပါမစ် ရ) သလဲဆိုတာ လေးပဲ သိချင်တယ်။
Post a Comment