“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, June 27, 2008

ထောက်ပံ့ရေးလုပ်ငန်းအတွက် ကန့်သတ်ချက်များလျှော့ပေးရန် G8 တောင်းဆို

ဧရာဝတီ ဇွန် ၂၇၊ ၂၀၀၈
လေဘေးကူညီထောက်ပံ့ရေး လုပ်ငန်းများအတွက် စစ်အစိုးရ၏ ကန့်သတ်ချက်များကို လျှော့ချပေးရန်နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရန် ကမ္ဘာ့စက်မှုအင်အားကြီးနိုင်ငံ ၈ နိုင်ငံ (G8) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲက တောင်းဆိုလိုက်သည်။
ယမန်နေ့က ဂျပန်နိုင်ငံ ကျိုတိုမြို့တွင်ပြုလုပ်သည့် အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန်၊ အီတလီ၊ ကနေဒါ၊ ရုရှားနှင့် ဂျပန်နိုင်ငံတို့ပါဝင်သည့် G8 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲက မြန်မာ့အရေးနှင့်ပတ်သက်၍ စစ်အစိုးရအား တောင်းဆိုကြခြင်းဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံ နျူကလီးယားအရေးကို အဓိကထား ဆွေးနွေးကြကြောင်း သိရသည်။
G8 နိုင်ငံခြားရေးဝန်ကြီးများက မုန်တိုင်းသင့်ဒေသများအထိ နိုင်ငံခြားသား ကယ်ဆယ်ရေးလုပ်သားများ ၀င်ရောက်ကူညီ နိုင်ရန် တင်းကျပ်ထားသည့် စည်းကမ်းသတ်မှတ်ချက်များကို လျှော့ချပေးရန် တောင်းဆိုခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးရန်ကိုလည်း တောင်းဆိုသည်။
မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းတို့ကို မေလဆန်းပိုင်းက တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူဦးရေ ၁၃၄၀၀၀ ခန့်သေဆုံးကာ ၂ ဒဿမ ၄ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */