“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, June 24, 2008

အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ဝိုင်းဝန်းတားဆီးကြပါအုံး

၂၃.၀၆.၀၈ နေ့ - ကိုအာဇာနည်ရဲ့ ဘလော့ခ်မှာ ဒီခေတ်ကြီးမှာဗျာ ခေါင်းစဉ်အောက်ကဗွီဒီယိုကို ကြည့်လိုက်ရတာ ရင်ထဲ၊အသဲထဲမှာ တုန်လှုပ်၊အံ့သြ၊ပူဆွေးသောက ရောက်မိပါတယ်။

ကျွန်တော့ဘ၀မှာ ပထမဦးဆုံး အတွေ့အကြုံနဲ့ အဖြစ်အပျက်တစ်ခုပါ။ သတင်းတွေတော့ကြားနေရပြီး ဒီလိုပုံစံမျိုးနဲ့တခါမှ မမြင်ဖူးပါဘူး။ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဆိုတာ ဘယ်တွေရောက်ကုန်ပြီလဲ။ အာဏာရှင် စစ်အစိုးရပြောပြောနေတဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်းရေးဆိုတာ ဒီလို အဖြစ်အပျက်တွေကို ပြောတာလား။
အင်းလေ…. ငတ်နေကြတော့လဲ မိသားစုဝမ်းရေးအတွက် ကြံမိ၊ကြံရာတွေ ကြံမိ ကြတာပေါ့။
အဲ့ဒီလိုဖြစ်ရခြင်းရဲ့ အဓိက တရားခံ ကတော့ အတင်းအဓမ္မ အာဏာလုယူထားတဲ့ အာဏာရှင် စစ်အစိုးရပဲ ဖြစ်တယ်။ အဲ့ဒီလိုဖွင့်လို့ရတဲ့၊ဖွင့်ခွင့်ရတဲ့ Karaoke, Nightclub တွေဟာလဲ စစ်အုပ်စုရဲ့ မိသားစု၊ဆွေမျိုးသား ချင်းတွေပဲဖြစ်တယ်။

လမ်းလျှောက်ပြနေတဲ့ မိန်းကလေးတွေဟာ မင်းတို့ရဲ့သမီး၊ မင်းတို့ရဲ့နှမ၊ အမ၊ မင်းတို့ ရဲ့တူမ ဆိုရင် ဆိုတဲ့ ကိုယ်ချင်းစာစိတ် တော့ရှိသင့်ပါတယ်။ ငါ့သမီး၊ ငါ့နှမ၊ ငါ့အမ၊ ငါ့တူမ၊ ငါ့ဆွေမျိုး၊ငါ့လူမျိုး ဆိုတဲ့အသိလေးတော့ ရှိသင့်ပါတယ်။ အကယ်၍ အဲဒီ့ မိန်းကလေးတွေဟာ မင်းတို့ရဲ့သမီး၊ မင်းတို့ရဲ့နှမ၊ အမ၊ မင်းတို ရဲ့တူမ့ ဆိုရင် မင်းတို့ ဘယ်လိုခံစားရမလဲ။
မကြည့်ရသေးရင် ဒီမှာဝင်ကြည့်ပါ။ http://ukalar.blogspot.com/2008/06/blog-post_7088.html
အဲဒီ့အရေးဟာ တမျိုးသားလုံးရဲ့တာဝန်၊တမျိုးသားလုံးထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရမယ့်အရေးဖြစ် တယ်။ ကိုယ်တတ်နိုင်တဲ့ဘက်က တာဝန်အသီးသီးယူပြီး အမြန်ဆုံးဆောင်ရွက်ရမယ့်အရေးဖြစ်ပါတယ်။
အဲဒီ့ဗွီဒီယိုကို စီဒီနဲ့ကူးယူပြီး ပြည်သူလူထုထဲရောက်အောင် ဖြန့်ဝေပါ။ တချို့သောမိဘ၊ညီအကိုမောင်နှမတွေက ကိုယ့်သမီး၊ ကိုယ့်အမ၊ ကိုယ့်နှမ Karaoke မှာ သီချင်းဆိုနေတာပဲလို့ အကြမ်းဖျင်း သိရှိ နားလည်ကြပါတယ်။ တကယ့် မိသားစု တ၀မ်းတခါး အတွက် သီချင်းဆိုနေတဲ့သူတွေရှိသလို၊ တကယ့်မိသားစု တ၀မ်းတခါး အတွက် မလုပ်ချင်တဲ့ ဒီလိုမျိုးအလုပ်တွေ လုပ်နေရသူ တွေလဲရှိ နေ တယ်ဆိုတာ မိဘ၊ ညီအကိုမောင်နှမ ဆွေမျိုးသားချင်း တွေ သိရှိအောင် ဆိုတဲ့ ရည်ရွယ်ချက်ပါ။(မည်သူ တစ်ဦး တစ်ယောက်ကိုမျှ ထိခိုက်နစ်နာစေလိုသောဆန္ဒ လုံးဝ၊လုံးဝ မပါရှိပါ)

ကိုယ်နဲ့အနီးဆုံးက စပြီး တားဆီးကာကွယ်ပါ၊အသိပညာပေးကြပါ။ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေကို ထောက်ပံ့ဖို့အ တွက် ပြည်တွင်း မှာရော၊ ပြည်ပ မှာပါ ထောက်ပံ့ရေး အဖွဲ့များ ဖွဲ့ကြပါ။ စားဝတ်နေရေး ဖူလုံရန်အတွက် နည်းမှန် လမ်းမှန် သုံးပြီး၊ဘယ်လို ဆောင်ရွက် သင့်တယ် ဆိုတာမျိုးကို တွေးတော ကြံဆ ဟောပြောပေးကြပါ။ ကျပ်တည်းတာ ကတော့ အာဏာရှင် စစ်အုပ်စုရဲ့ မိသားစု၊ ဆွေမျိုး သားချင်းတွေက လွှဲရင် ပြည်သူ၊ပြည်သား အားလုံး ရင်နင့်အမျှ ခါးစည်း ခံနေရတာပဲ။ ဖြစ်နိုင်ချေ ရှိတဲ့ ဖြေရှင်းမှုတွေနဲ့ စတင် ဖြေရှင်း ကြတာပေါ့။

အဲ့ဒီလိုဖွင့်နေတဲ့ဆိုင်တွေကိုလဲ အရေးယူ၊တရားစွဲ လို့ရအောင် သတင်းအချက်အလက်ပြည့်စုံအောင် ရှာဖွေ၊ စုဆောင်းကြပါ။

အာဏာရှင် စစ်အုပ်စု-
မင်းတို့ကြောင့် ငါတို့ရဲ့ အမျိုးကောင်း သားသမီးတွေ ဒီလို ဘ၀မျိုး ရောက်နေရတာ…….မင်းတို့ကို ကမ္ဘာမကြေဘူးဟေ့။



မြန်မာမျိုး

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */