“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, June 22, 2008

နာဂစ်ကနေ နိုင်ငံရေးအမြတ်ထုတ်လိုက်ပြန်တဲ့ နအဖ

ရန်ကုန် ဖွန်လ ၂၂ ရက်

၂၀၀၇ စက်တင်ဘာအရေးအခင်းမှာ မီဒီယာအင်အားအလွန်ကောင်းခဲ့ပါတယ်။ Blogger တွေက သ တင်းတွေအချိန်နှင့်တပြေးညီ အမှန်အတိုင်းရေးကြသလို Blogger တွေရဲ့ Cobx တွေထဲမှာလည်း ပြည်သူတွေက ကိုယ်နေထိုင်ရာဒေသတွေမှာဖြစ်နေကြတာကို တက်ရေးခဲ့ကြပါတယ်။။ နအဖအတွက် အခံရအခက်ဆုံးက ပြည်တွင်းက လူငယ်တွေက နိုင်ငံခြားသတင်းထောက်တွေနဲ့ ပေါင်းပြီး နိုင်ငံတကာသတင်းဌါနတွေကို တိုက်ရိုက် ဗွီဒီယိုတွေရိုက်ပြီး နအဖရဲ့ ပြည်သူအပေါ်ရက်စက် ယုတ်မာပုံတွေကို ကမ္ဘာလုံးသိအောင် တီဗီကနေ တိုက်ရိုက်လွှင့်ခဲ့ကြတာပါဘဲ။ ဒီလိုထုတ်လွှင့်တဲ့နေရာမှာ ပြည်ပကသူ သူတို့ လုပ်ရပ်တွေသိတာထက် နအဖအကြောက်ဆုံးက မြန်မာပြည်သူတွေ သူတို့က စက်ဆုတ်သည် ထက်ပိုပြီး စက်ဆုတ်လာမှာကိုပါဘဲ ပြည်တွင်းက ပြည်သူတွေ အားလုံးညီညီညာညာ ထကြွလာမှာကို နအဖတို့ အကြောက်ဆုံးပါဘဲ။

စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး မီဒီယာတိုက်ပွဲမှာ နအဖတို့ အကြီးအကျယ်ရှုံးနိမ့်ခဲ့ပါတယ်။ ဒါ့ကြောင့် စက်တင်ဘာပြီးကတည်းက နအဖဟာ ငွေကြေးအမြောက်အများသုံးပြီး အင်တာနက်တွေကို ပိတ်ဖို့ ဆို့ဖို့အပြင် သတင်းပို့သူတွေ ဘယ်သူတွေလဲ ဘယ်နေရာကနေသုံးနေသလဲ ဆိုတာတွေသိအောင်ပါ ကြိုးစားအားထုတ်ပြီး သိသိခြင်း ဖမ်းဆီးထောင်ချတာတွေပိုတိုးပြီးလုပ်လာခဲ့ပါတယ်။

ဒါ့အပြင် ဒီသတင်းတွေကို ပြည်တွင်းက ပြည်သူတွေ မကြည့်နိုင်အောင် သတင်းအမှောင်ချဖို့အတွက် နိုင်ငံခြားကတီဗွီအစီအစဉ်တွေကို အခမဲ့ကြည့်လို့ရတဲ့ ဂြိုလ်တုစလောင်းတွေကို တပ်ဆင်ခွင့်ကို သက်တမ်း လိုသူတွေအတွက် တနှစ် ဆယ်သိန်းလို့ကြေငြာခဲ့ပါတယ်။ ဆယ်သိန်းမဆောင်နိုင်ရင် ထောင်သုံးနှစ်ချမယ်တဲ့ လူတွေက အမြန်ဂြိုလ်တုစလောင်းတွေဖြုတ်သိမ်းခဲ့ကြရပါတယ်။ ဒီလိုကြေငြာတာကို မြန်မာတိုင်း ဂျာနယ်က စတင်ရေးသားခဲ့ပြီး ပြည်တွင်းက သတင်းပို့သူတွေအပြင် ရေဒီယိုသတင်း တီဗွီသတင်းတွေမှာ နအဖ ယုတ်မှာမှုထဲက တစ်ခုအဖြစ် တင်ပြခဲ့ကြရာမှာ နအဖတို့ တရှက်က နှစ်ရှက်ဖြစ်ပြီး ရှက်ရမ်းရမ်းတဲ့အနေနဲ့ မြန်မာတိုင်းဂျာနယ်ကို တစ်ပတ်ပိတ်ပြစ်ခဲ့ပါတယ်။ စလောင်းတပ်လိုသူတွေ ဆယ်သိန်း ဆောင်ရမယ်ဆိုတာကိုလည်း မပြောသယောင်နေခဲ့ပါတယ်။ ရွှေဝါရောင်တော်လှန်ရေးပြီးလို့ ရှစ်လအကြာလောက်မှာတော့ အိမ်ခေါင်မိုးတွေမှာြ၈ိုလ်တုစလောင်းတွေနဲ့ ပြန်ပြီးပြည့်နေခဲ့ကြပါတယ်။ မေလ ၂ ရက်နေ့ညမှာတော့ နာဂစ်မုန်တိုင်းဟာ စလောင်းအားလုံးလိုလိုကို ဖြုတ်ချ ဖျက်ဆီးသွားခဲ့ပါတယ်။ နအဖအကြိုက်တွေ့သွားပါတော့တယ်။ အခုနအဖတို့က စလောင်းအရောင်းဆိုင်တွေမှာ ဂြိုလ်တုစလောင်းတွေ စစ်ဆေးတွေ့ရှိရင် ထောင် ၇ နှစ်ချမယ်။ စလောင်းတပ်ပေးတဲ့ လူတွေကို ထောင် ၃ နှစ်ချမယ်လို့ ကြော်ငြာထားပြီးစလောင်းရောင်းချတဲ့ဆိုင်တွေကို ရှာဖွေဖမ်းဆီးမှုတွေလုပ်နေပါတယ်။ ဒါ့အပြင် စလောင်းလိုက်တပ်ပေးတဲ့ သူတွေကိုလည်း စလောင်းတပ်မဲ့သူပုံစံနဲ့ ပုံမှားရိုက်ပြီး လိုက်ဖမ်းနေလို့စလောင်းတပ်ပေ်းသူတွေဟာ မသိသူတွေကို လုံးဝလိုက်မတပ်ပေးရဲဘဲဖြစ်နေပါတော့တယ်။ ဒီနေ့ ကားသွားပြင်ရင်းနဲ့ ကိုယ်တွေ့ကြုံသူတစ်ယောက်ပြောပြတာက “ ကျွန်တော်စလောင်းတပ်ပေးသူတွေ - ---လမ်းထပ်က လက်ဘက်ရည်ဆိုင်မှာ အများကြီးရှိတယ်ဆိုလို့ သွားအသိကပြောပြလို့ အိမ်မှာတပ်ချင်တာနဲ့သွားမေးတယ်။ သူတို့ကမရှိဘူးလို့ပြန်ပြောလိုက်တယ် ဒါနဲ့ဇဝေဇ၀ါဖြစ်သွားတယ်ဗျာ ဒါနဲ့ဒီလမ်းထဲကအသိဆိုင်တစ်ဆိုင်ရှိလို့ သွားမေးတော့မှ သူတို့ကအဲဒီလက်ဘက်ရည်ဆိုင်ထဲမှာ ထိုင်နေသူအားလုံးဟာ စလောင်းတပ်ပေးတဲ့သူတွေတဲ့ အလုပ်လုပ်ချင်လို့လာစောင့်နေတာတဲ့ အသိမဟုတ်ရင်မလိုက်ရဲကြဘူးတဲ့ ထောင်သုံးနှစ်ကြောက်လို့ တဲ့ဗျာ ဒါနဲ့သူလိုက်ခေါ်ပေးတယ်။ လိုက်တပ်ပေးပါတယ်။ အရင်က ရှစ်သောင်းပေးရတဲ့ စလောင်းကအခု တစ်သိန်း နှစ်သောင်းမှဘဲ ရပါတော့တယ် ”လို့ ပြောပြခဲ့ပါတယ်။

နအဖ အကြမ်းဖက်သမားများ အမြန်ဆုံးကျဆုံးပါစေ

Aung

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */