“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, June 25, 2008

လေဘေးအလှူဖုန်းများကို ဆက်သွယ်ရေးမှ ရောင်းစား


NEJ/ ၂၄ ဇွန် ၂၀၀၈

နာဂစ်လေမုန်တိုင်းဘေးအတွက် တရုတ်နိုင်ငံ ZTE Corporation ကုမ္ပဏီက လှူဒါန်းသည့် WCDMA ၄၅၀ ဖုန်းများကို တလုံး ကျပ် (၁၅) သိန်း (၅) သောင်းဖြင့် မြန်မာ့ဆက်သွယ်ရေးက ရောင်းစားနေကြောင်း ဆက် သွယ်ရေး ရုံးမှ အရာရှိတဦးက ပြောသည်။

“လေဘေးအတွက်ဆိုပြီး တရုတ်ပြည် ZTE Corporation ကုမ္ပဏီက WCDMA ၄၅၀ ဖုန်းတွေ အကူ အညီပေးတယ်။ သူတို့လှူတာ ရေဒီယို အခြေခံစခန်း (၁၅) ခုနဲ့ မိုဘိုင်းအခြေခံစခန်း (၁) ခု၊ စုစုပေါင်း ဖုန်းအလုံး ပေါင်း (၃၀,၀၀၀) တပ်ဆင်နိုင်တယ်။ ဒေါ်လာ (၃.၃) သန်းဖိုး ရှိတယ်။ အဲဒါကို ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းမှာ ရောင်းစားနေတာ” ဟု မရမ်းကုန်း ဆက်သွယ်ရေးရုံးမှ အမည် မဖော်လိုသူ အင်ဂျင်နီယာတဦးက ပြောသည်။

စစ်အစိုးရက အဆိုပါ အလှူခံရရှိသည့် ဖုန်းများအနက် အချို့ကို ဧရာဝတီတိုင်းအတွင်း၌ ကယ်ဆယ် ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ရန် တာဝန်ပေးထားသည့် ဇေကမ္ဘာ၊ ထူးထရေးဒင်း၊ မက်စ် မြန်မာ၊ ဧဒင်၊ အေးရှားဝေါ၊ ဒဂုံအင်တာနေရှင်နယ်၊ ရွှေသံလွင်၊ တော်ဝင် စသည့် ကုမ္ပဏီပေါင်း (၃၀) အား ကုမ္ပဏီတခုလျှင် (၅) လုံးနှုန်းဖြင့် အလုံး (၁၅၀) ချပေးခဲ့ပြီး ကျန်ရှိသည့် အခြား အလုံးပေါင်းမြောက်များစွာကို ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်း၌ ရောင်းစားနေကြောင်း ဒေသခံများက ပြောသည်။

စစ်အစိုးရက အဆိုပါ စီဒီအမ်အေ တယ်လီဖုန်းများကို ကတ်သက်သက် ကျပ် (၁၅) သိန်း (၅) သောင်းဖြင့် ချ ပေးနေပြီး ကုမ္ပဏီများကမူ ဖုန်းအိမ်အပါ ကျပ်သိန်း (၂၀) နှင့် လျှောက်လွှာတင်ရန် မလိုဘဲ ရောင်းပေးနေခြင်း ဖြစ်ကြောင်း ဖုန်းဝယ်ယူခဲ့သည့် ဘိုကလေးမြို့ခံတဦးက ပြောသည်။

ဧရာဝတီတိုင်းအတွင်း၌ လေဘေးကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် ထိရောက်ရန် အတွက် ကုလ သမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့သည် ဆက်သွယ်ရေးစက်များ မြန်မာ ပြည်တွင်း ယူဆောင် လာခဲ့ကြသော်လည်း ရန်ကုန်လေဆိပ်၌ပင် အားလုံးအသိမ်းဆည်းခံကြရကြောင်း ပြည်တွင်း အန်ဂျီအိုတခုမှ ၀န် ထမ်းတဦးက ပြောသည်။

ထို့အပြင် ကုလသမဂ္ဂအနေဖြင့် ရန်ကုန်မှာ အရေးပေါ် ဆက်သွယ်ရေး စင်တာတခု (Emergency Tele-communications Centre) တည်ထောင်ရန် ယနေ့အချိန်ထိ အကောင်အထည် မပေါ် သေးသကဲ့သို့ မြစ်ဝကျွန်းပေါ်က ဗဟိုဌာနခွဲများနှင့်လည်း ကောင်းမွန်စွာ ဆက်သွယ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

လေဘေးကယ်ဆယ်ရေးအတွက် ထိုင်း ရှင်းဆက်တယ်လိုက်ကုမ္ပဏီကလည်း ဂြိုဟ်တုဖုန်းများ လှူဒါန်းခဲ့ပြီး သန်း နှင့်ချီ တန်ဖိုးရှိသည့် ဆက်သွယ်ခွင့်များ ပေးခဲ့သော်လည်း အဆိုပါဖုန်းများကို ကုလသမဂ္ဂအပါအ၀င် မည်သည့် ကူညီကယ်ဆယ်ရေးအဖွဲ့မှ ကိုင်ဆောင်အသုံးပြုနိုင်ခြင်း မရှိခဲ့ဟုလည်း အဆိုပါဝန်ထမ်းက ပြောသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */