“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, June 26, 2008

မရှိတဲ့ ဂုဏ်ချိုးနှိမ်မည့် သူ မှန်သမျှ ဖမ်းပါသည် ခင်ဗျား

တကိုယ်တော် ဆန္ဒပြသူ အမျိုးသမီး ဖမ်းဆီးခံရ
မြင့်မောင်
ကြာသပတေးနေ့၊ ဇွန်လ 26 2008 20:25 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရန်ကုန်မြို့ ဆူးလေဘုရားအနီး တကိုယ်တော် ဆန္ဒပြသူ အမျိုးသမီးတဦး ယမန်နေ့ ညနေပိုင်းက ဖမ်းဆီးခံခဲ့ရသည်။

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ် မြောက်ရေးအတွက် ဆူးလေဘုရား အနောက်မုဒ် ၃၂ လမ်းထိပ် မဟာဗန္ဓုလလမ်းစုံ မီးပွိုင့်အနီးတွင် အမျိုးသမီး တဦး တကိုယ်တော် ဆန္ဒပြသဖြင့် လုံထိန်းတပ်သား ၃ဝ ခန့်က ကားနှစ်စီးဖြင့် လာရောက်ကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“ကျနော်တို့ အဲဒီ အမျိုးသမီးဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလို့တော့ မသိရသေးပေမဲ့၊ မရမ်းကုန်း မြို့နယ်က ဆိုတာ သိရတယ်။ ဆန္ဒပြ တဲ့နေရာနဲ့ ပတ်သက်ရင် ဆူးလေဘုရား အနောက်မုဒ် ၃၂ လမ်းထိပ်မှာ ဆန္ဒပြခဲ့တယ်လို့ သိရတယ်။ အဖွဲ့ချုပ်က ဟုတ်၊ မဟုတ်ကိုတော့ အခုချိန်ထိ မသိရသေးပါဘူး” ဟု အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

ရန်ကုန်မြို့ခံ တဦးကလည်း “လုံးထိန်းတပ်ဖွဲ့တွေ ကားနှစ်စီးနဲ့ ရောက်လာတယ်။ လုံထိန်းတွေ အင်အား ၃ဝ လောက်က ဒုတ်တွေ၊ ဒိုင်းတွေ ကိုင်ပြီး ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့။ လူတွေလည်း ရပ်နေကြတယ်။ ကားတွေလည်း ပိတ်ပြီးတော့ ရပ်နေကြတယ်။ အမျိုးသမီးတယောက် ဆန္ဒပြလို့ ဖမ်းသွားတယ်လို့ ကြားတယ်” ဟု ပြောသည်။

သူက ဆက်ပြီး “ဆန္ဒပြတဲ့ အချိန်က ညနေ ၄ နာရီလောက်မှာ စဖြစ်တယ်။ ပထမ လုံထိန်း ၁ဝ ယောက်နဲ့ နောက်ထပ် ကားပေါ်က ဆင်းလာတဲ့ လုံထိန်း ၂ဝ လောက် ထပ်ရောက်လာတယ်။ ဆန္ဒပြ အမျိုးသမီးကို လမ်းမပေါ်မှာ ဖမ်းခေါ်သွားတယ်။ အဲဒီအချိန်မှာ ယာဉ်ကြောတွေ ပိတ်ဆို့ နေပြီး ပြည်သူတွေ အများစုက ရပ်ကြည့်နေတာ” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လ ၂၃ ရက်နေ့ကလည်း ရန်ကုန်မြို့ ကုန်သည်လမ်းရှိ အမေရိကန် သံရုံးရှေ့တွင် တကိုယ်တော် ဆန္ဒပြသမား ဦးအုန်းသန်း (၆၂ နှစ်) သည် ပိုစတာတွင် ‘ပြည်သူ့ကိုယ်စားပြု အစိုးရ ... တည်ထောင်ရန်’၊ ‘ပြည်သူ့ဆန္ဒ အမှန်ကို ... နာခံရန်’၊ ‘စစ်အာဏာရှင်နိုင်ငံများ ... ချုပ်ငြိမ်းရန်’ နှင့် ‘တရုတ်၊ ရုရှား ဗီတို ... အလိုမရှိ’ ဟူသည့် အချက်များ အပါအဝင် တောင်းဆိုချက် ၆ ချက်ကို ရေးသား ကိုင်ဆောင် ဆန္ဒပြ နေစဉ် ဖမ်းဆီးခံခဲ့ရသည်။

တကိုယ်တော် ဆန္ဒပြမှုကြောင့် ၆ ကြိမ်မြောက် ဖမ်းဆီးခံခဲ့ရသူ ဦးအုန်းသန်းကို အာဏာပိုင်များက ယခင်က လပိုင်းမျှသာ ဖမ်းဆီး ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သော်လည်း နောက်ဆုံးအကြိမ် ဖမ်းဆီးခံနေရစဉ် ယခုနှစ် ဧပြီလ ၂ ရက်နေ့က အင်းစိန်ထောင်အတွင်း နောက်ပိုင်းခရိုင် တရားရုံး က နိုင်ငံတော် အကြည်ညိုပျက်စေမှုနှင့် တသက်တကျွန်း ပြစ်ဒဏ် ချမှတ်ခဲ့သည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */