လာလည်းကူရသေး..သူကဘဲ အရိုးများသလေး ချေးခါးသလေး.။
ကြီးကလည်းကျယ်ပါ့ ..လေသံက အပေါ်စီးကမချ..သောက်သုံးလည်းတစက်မကျ...
နအဖဟေ့.. နအဖကွ..

နာဂစ်မုန်တိုင်းဒဏ် သင့်သူများကို အကူအညီပေးနေသည့် နိုင်ငံတကာ အန်ဂျီအိုများ လုပ်ငန်း ဆောင်ရွက်ရာတွင် လိုက်နာရမည့် ကန့်သတ်ချက်များ မှာ
(၁) အကူအညီပေးသည့် နိုင်ငံ၊ အထောက်အပံ့ ပစ္စည်းစာရင်း၊ တန်ဖိုး၊ လက်ခံရရှိမှု အခြေအနေ စာရင်းဇယားများ ပေးပို့ရမည်။
(၂) လှူဒါန်းသည့်အခါ လေဘေးသင့်သူများ အမှန်တကယ် လိုအပ်မည့် ပစ္စည်းများ ဖြစ်ရမည်။ အသုံးမတည့် သည့် ပစ္စည်း၊ သုံးလေ့သုံးထ မရှိသည့် ပစ္စည်းမျိုး ဖြစ်နေ၍ ပြန်လည် ရောင်းချပါက အကျင့်ပျက်သွားနိုင်၊ နိုင်ငံ ဂုဏ်သိက္ခာ ထိခိုက်မှု အဖြစ်မခံနိုင်။
(၃) မုန်တိုင်းနှင့် ပတ်သက်သည့်  အကူအညီပေးမည့် လုပ်ငန်းအစီအစဉ် အပြည့်အစုံကို သက်ဆိုင်ရာ Focal Ministry နှင့် မြန်မာ၊ အာဆီယံ၊ ကုလသမဂ္ဂ သုံးပွင့်ဆိုင် ဗဟိုကို ကြိုတင် အကြောင်းကြား ခွင့်ပြုချက် ရယူရမည်။
(၄) ထောက်ပံ့ပစ္စည်းများ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိလာ၍ ပစ္စည်းများ ထုတ်ယူရာတွင်လည်း သက်ဆိုင်ရာ Focal Ministry နှင့် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့တို့၏ ထောက်ခံချက်ဖြင့် ထုတ်ယူရမည်။
(၅) ပစ္စည်းများသိုလှောင်ထားရှိမှုကို သက်ဆိုင်ရာ Focal Ministry နှင့် သုံးပွင့်ဆိုင်ဗဟိုသို့ အကြောင်းကြားရ မည်။
(၆) ထောက်ပံ့ ပစ္စည်းများနှင့် စပ်လျဉ်း၍ မည်သည့်ပစ္စည်း မည်သို့ပို့မည် ဆိုသည့် အစီအစဉ်ကိုလည်း Focal Ministry နှင့် သုံးပွင့်ဆိုင် ဗဟိုသို့ အကြောင်းကြားရမည်။
(၇) ဖြန့်ဝေမည့် မြို့နယ်တွင် ဖြန့်ဝေမည့် ပစ္စည်းအမျိုးအစား၊ အရေအတွက်နှင့် တန်ဖိုးစာရင်းကို မြို့နယ် အာဏာပိုင်များသို့ ပေးပို့ရမည်။
(၈) မြို့နယ်အတွင်း ဖြန့်ဝေမှုတွင်လည်း သက်ဆိုင်ရာ မြို့နယ် အာဏာပိုင်များနှင့် ညိုနှိုင်းရမည်။
ပုံ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဦးစိုးသာ
( ဇွန် ၁၁ ရက် မြန်မာ့အလင်း သတင်းစာမှ )

0 comments:
Post a Comment