ပထမအကြိမ် ရေလွှမ်းမိုးခြင်း (၂၀၀၈-ခုနှစ်)
လွန်ခဲ့သောနှစ်များနည်းတူ ယခုနှစ်တွင်လည်း ပထမဆုံးအကြိမ်အဖြစ် မိုးကုတ်မြို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွား ခဲ့ပါသည်။
ယနေ့မနက် (၁)နာရီခန့်အချိန်မှစ မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းပြီး (၅) နာရီလောက်တွင် ရေနီချောင်း တစ်လျှောက် တာရိုးများ ကျိုးပေါက်ကာ လူနေရပ်ကွက်များ၊ လမ်းများအတွင်း ရေများအရှိန်အဟုန်နှင့် စီးဆင်း ခဲ့ခြင်း ဖြစ်ပါသည်။ ရေနီချောင်းတစ်လျှောက်ရှိ အိမ်များ ရေလွှမ်းမိုးခဲ့သည့်အပြင် တောင်ကမ်းပါးယံ အနီးရှိ အိမ် များ ကမ်းပါးပြိုကျမှုကြောင့် ထိခိုက်ပျက်စီးမှုများလည်း ရှိခဲ့ပါသည်။ ထိခိုက်ပျက်စီးမှု အများဆုံး နေရာများမှာ အုန်းကိုင်းရွာသစ်၊ ပန်းခြံထာပွဲဝန်းကျင်နှင့် မိုးကုတ်မိုတယ် နေရာများ ဖြစ်ကြသည်။
ကျောက်လုပ်ငန်း အဓိက လုပ်ကိုင်ရာ ပန်းခြံထာပွဲ တစ်ကွင်းလုံး ကနယ်မုံများ၊ အမှိုက်များ ထူထပ်စွာ ပြည့်လျှံ ပိတ်ဆို့နေပြီး လုပ်ငန်း လုပ်ကိုင်ရန် နေရာ အခက်အခဲ အချိန် အတန်ကြာ ဖြစ်နိုင်ပါသည်။ လူအသေအပျောက် ဆယ့်ငါးယောက်ဝန်းကျင် ကြောင်းလည်း ကူညီလုပ်ကိုင်ပေးနေသူတစ်ဦးမှ ပြောသည်။ http://mogokmedia.blogspot.com/

0 comments:
Post a Comment