ဆွေမျိုးများ ကနေဒါမှ အမြန်ခေါ်နည်း..
Saturday, June 7, 2008
Saturday, June 7, 2008
June6,2008 တွင်Immigrationဆိုင်ရာပါလီမန်အမတ် Olivia Chowနှင့်အဖွဲ့က toronto ရှိ မြန်မာ များနှင့် တွေ့ ဆုံပြီးသတင်း ထုတ်ပြန်ခဲ့သည်။ ရန်ကုန်တိုင်း၊ ဧရာတီတိုင်း၊ပဲခူးတိုင်း၊ မွန်ပြည်နယ် လေဘေးသင့်ဒေသ လိပ်စာများဖြင့် အဖိုးအဖွား၊ မိဘ၊ သားသမီးခေါ်ယူဆဲ၊ ခေါ်ယူမည့်သူများ၊ အနေဖြင့်စာအိပ်ပေါ်တွင် BURMA CYCLONE ဟု စာလုံးကြီးကြီးဖြင့်ရေး၍ CANADA IMMIGRATION သို့ပေးပို့ ရန်နှင့် လျှောက်ထားဆဲသူများ အနေနှင့်FILE NO.ပါ အောင်ထည့်ပေးရန်ဖြစ်သည်။
၂နှစ်၃နှစ်စောင့် စရာမလိုပဲ ချက်ချင်း FILE OPEN လုပ်ပေးမည်ဟု ပြောပါသည်။ လျှောက်ထားစဉ်က မပါသော် လည်း ဆွေးမျိုးနီးစပ်ထဲမှ လေဘေးသင့်မိဘမဲ့ဟူသည့် အ ထောက်အထားဖြင့် လာမည့်သူများမှသော်၎င်း၊ မိမိကိုယ်တိုင်သော်၎င်း၊ အချိန် မှီမွေးစားခေါ်ယူနိုင် ကြောင်းရှင်းပြပါသည်။ဦစားပေး၍FILE OPEN ပေးသော် လည်းအချက်အလက်ကိုက်ညီရန်တော့ လိုအပ်ကြောင်းသိရပါသည်။Nargisတိုက်ခတ်ပြီး တွေ့ဆုံ၎င်းတို့ကတိထားသည့် အတိုင်း ပါလီမန် တွင် အောင်မြင်စွာအရေးဆိုနိုင်ခဲ့သည်။Olivia သည် မြန်မာ့အရေးကို တစိုက်မတ်မတ် ပါဝင်လှုပ်ရှားနေ သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နာမည်ကို ပါးစပ် ဖျားမှ မချသူ တဦး ဖြစ်သည်။
OLD POST
ယ္ခုအချိန်တွင်လေဘေးသင့်ခံရသူများထဲမှသင်နှင့်ဆွေမျိုးနီးစပ်တော်သူများကို ကနေဒါ သို့ကူညီ ခေါ်ယူနိုင်ပါသည်။ထိုင်း နှင့်စကာင်္ပူသံရုံးများမှ လွယ်ကူစွာဗီဇာရနိုင်ပါသည်။ အချိန် အရမ်းကြာမှခေါ်လျှင် အခက်အခဲ ရှိနိုင်ပါသည်။ သံရုံးမှငြင်းဆန် လျှင် အထောက်အထားနှင့် တကွ Olivia Chow' ထံတွင် အကူအညီတောင်းပါ။
M.P OLIVIA CHOW
ADVOCATE FOR CHILDREN, YOUTH AND IMMIGRATION AND CITIZENSHIP,
MEMBER , STANDING COMITTEE ON CITIZENSHIP AND IMMIGRATION
-မြန်မာတဦးတယောက်ကိုမျှပြန်လွှတ်ခြင်းမပြုစေရ.....
-သင့်၏ဆွေမျိုးများကိုလည်းခေါ်လိုက်ပါ....
-ရက်ဖရန်ဒန်ကြီးလည်းနေပါအုံး....
by ရဲရင့်(ကနေဒါ) http://yeyintnge.blogspot.com/2008/06/blog-post_6231.html ထံမှ ဖေါက်သည်ချပါသည်။

0 comments:
Post a Comment