စာဖတ်သူများမှတ်မိကြမှာပါ။ ၂၀၀၇ အောက်တိုဘာလအတွင်းက.. ဒိန်းမတ်နိုင်ငံအခြေစိုက် http://www.surrend.org/ ကနေ ကမ္ဘာ့ စက်ဆုတ်ဖွယ်ရာ လူသတ်သမားကြီးသန်းရွေကို စကားဝှက် လုပ်ရေုးပြီး မြန်မာတိုင်းမ်စ် English version က tourism promoting ကြော်ငြာတစ်ခု အနေနဲ့ မှာ hidden message ထည့်ထားခဲ့ ဖူးပါတယ်။
Surrend ad in Myanmar Times
Surrend has placed an ad in the state-run weekly burmese newspaper Myanmar Times. The ad which looks as if it is promoting tourism in Burma for Scandinavian had a hidden messages to the burmese junta. The first letter in each of the words in the poem spells the word "freedom" and the name of the Board of Islandic Travels Agencies is "Killer Than Shwe" spelled backwards. Surrend placed the ad because of the brutal regimes repression of freedom of speech. လို့ ရေးထားပါတယ်။ အဲဒီတုန်းက ကြော်ငြာပါပြီးသား သတင်းစာတွေကို နအဖက ပြာပြာသလဲ လိုက်သိမ်း ပါလေရော။
နောက်တဖန် သန်းရွှေကိုရောင်းဖို့  Ebay မှာကြော်ငြာထုတ်ပါတယ်။ သန်းရွှေ ဦးခေါင်း ကိုဝယ်ချင်တဲ့သူ ၁၉ ယောက်ရှိပြီး..အမြင့်ဆုံးလေလံဆွဲသူ က အမေရိကန်ဒေါ်လာ 99 millions ဖြစ်ပါတယ်။
ရွှေဘဘရေ..ဝယ်ချင်သူရှိတုန်း.ခေါင်းလေးဖြုတ်ရောင်းရင် မွဲနေတဲ့ တိုင်းပြည်ကို ကယ်လို့ ရပါသေးတယ်.။ တိုင်းပြည်ကို ချစ်ရင် ငဲ့ညှာ စဉ်းစား ကြည့်ပါဦးလား။
သေလည်း ဒီကျက်သရေမဲ့တဲ့ ခေါင်းကြီး ပြာကျမဲ့တူတူ မသေခင်က ရောင်းလိုက်ရင် ငွေလည်းရ..ခင်ဗျားလည်း..ဆံပင်ဖြီးရသက်သာတာပေါ့ဗျာ။
ညည လည်း သေသေချာချာ ခေါင်းစမ်းပြီး အိပ်ပါ.။ ဒေါ်ကြိုင်ကြိုင် ဖြုတ်ရောင်းစားမှဖြင့်။
ယခုအခါ တီထွင်မှု လိုက်တဲ့  နောက်ဆုံးထိုးနှက်ချက်ကတော့ နအဖရဲ့  http://www.myanmar.com/ ကို ဆင်တူရိုးမှားလုပ်ပြီး http://www.myanmaar.com/ ဆိုပြီး နအဖကို စစ်ထိုးလိုက်တာပါ ။ ဂျာမန် နာဇီ အာဏာရှင် ဟစ်တလာနဲ့ သန်းရွှေကို ပုံနှိုင်းပြီး ပုံဖော်ထားတာပါ ကြည့်ပါ။
တင်သမျှ သတင်းတွေကိုလည်း http://www.myanmar.com/ ပုံစံအတိုင်းရေးပြီး..စစ်ခေါင်းဆောင်တွေရဲ့အမည်တွေ ရှေ့မှာ killer ဆိုတဲ့ဂုဏ်ပုဒ်ကို ဖောဖော သီသီလေး သုံးထားပါတယ်ဗျာ။ နအဖ ကတော့  ပုလဲ မျက်ရည် ခပြီး တိတ်တိတ် ကလေးကြေကွဲနေပြီဗျို့ ။
တင်သမျှ သတင်းတွေကိုလည်း http://www.myanmar.com/ ပုံစံအတိုင်းရေးပြီး..စစ်ခေါင်းဆောင်တွေရဲ့အမည်တွေ ရှေ့မှာ killer ဆိုတဲ့ဂုဏ်ပုဒ်ကို ဖောဖော သီသီလေး သုံးထားပါတယ်ဗျာ။ နအဖ ကတော့  ပုလဲ မျက်ရည် ခပြီး တိတ်တိတ် ကလေးကြေကွဲနေပြီဗျို့ ။
http://burmese.dvb.no/news.php?id=4785

0 comments:
Post a Comment