ပြောနေတာကြာပြီ..
ဘယ်သူကိုမှမကန့် သတ်ဘဲ..ကယ်မဲ့သူ..စစ်သားကလွဲ ၀င်စေတဲ့ဗျ..
အုခုကျ တလွဲ.. ဗီဇာ ပေးရမှာ ကြောက်တော့ သံရုံး လည်းမီးရှို့ ။ ကယ်ဖို့  အထုတ်ဘဲလာချ..လူ မလာနဲ့  ဆိုတဲ့ အချိုးနဲ့ ။ လူ၂.၅ သန်း ကယ်ဖို့  ရာ ကျော်ဘဲ ဗီဇာရ တဲ့ လူ နဲ့ ဘယ်နဲ့ အလုပ်ဖြစ်မလည်း။ ဆင့်ပါးစပ် နှမ်းပက်တာကျနေပြီ။

လယ်သမားတွေ တမင် မသေသေအောင် ထား..သေသွားရင်..မြေများ အပိုင် ယူမဲ့နအဖ..မသိတာကျလို့ . ငယ်ငယ်က ခလေးတွေ ကစားကြ သလို ..ရွှေတံခါးကြီးဖွင်ပါဦး ကစားတမ်းလိုဘဲ..အဖွင့်ခက်နေတဲ့ နအဖ ရဲ့ဗီဇာတံခါး..ဒေါ်လာပေးမှ ပွင့်မယ်..
ကဲ ဖွင့်ပါဗျာ. ဒုက္ခသည်တွေအတွက် ထမင်းအိုးလေး တည်ပါရစေ။
စစ်အစိုးရဘက်က ဗီဇာ ကန့်သတ်မှုများ ဆက်ရှိဟု ကုလပြော
NEJ/ ၆ ဇွန် ၂၀၀၈
စစ်အစိုးရဘက်က ဗီဇာထုတ်ပေးသည့် အရေအတွက် နည်းပါးသည့်အချက်၊ မုန်တိုင်းသင့် ဒေသများသို့ သွားလာခွင့်သက်တမ်း ကန့်သတ်မှုရှိသည့်အချက်များကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်ပြီး အနှောင့်အယှက်ဖြစ်နေသည်ဟု နိုင်ငံတကာကြက်ခြေနီအဖွဲ့က ပြောသည်။

နိုင်ငံတကာ ကုလသမဂ္ဂ၀န်ထမ်းများကိုမူ ဇွန်လ (၄) ရက်ထိ မြန်မာစစ်အစိုးရက ဗီဇာ (၁၄၃) ခု ထုတ်ပေး ခဲ့သည်။ သို့သော် ဇွန်လ (၃) ရက်ထိ မှတ်တမ်းအရ ဧရာဝတီတိုင်းသွားမည့် နိုင်ငံတကာ ရေနှင့်ရေဆိုး နုတ် စနစ် ကိုယ်စားလှယ် (၅) ဦးကိုသာ ဗီဇာထုတ်ပေးသေးသည်ဟု နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ထုတ်ပြန်သည်။ စစ်အစိုးရဘက်က နိုင်ငံတကာ NGO ၀န်ထမ်းများအား ဗီဇာထုတ်ပေးမှု ကြန့်ကြာနေသေးသည်ဟု UNOCHA အဖွဲ့ကလည်း ပြောသည်။
စစ်အစိုးရ၏ ဗီဇာကြန့်ကြာမှုကြောင့် ဘိုကလေး၊ ဖျာပုံ၊ မော်ကျွန်းစသည့် ဒေသများတွင် နိုင်ငံ တကာ ကယ်ဆယ်ရေးအဖွဲ့များ ရေသန့်စက်ရုံ တည်ဆောက်ရေးလုပ်ငန်း နှောင့်နှေးနေသည်ဟု စုံစမ်းသိရသည်။
http://www.khitpyaing.org/index.php

0 comments:
Post a Comment