Acidအဖွဲ့ မှ အဆိုတော် ဇေယျာသော်
မြန်မာလူငယ်ထုကြားမှာဟစ်ဟော့သီချင်းတွေနဲ့ေ၇ပန်းစားခဲ့တဲ့ Acidအဖွဲ့ မှ အဆိုတော် ဇေယျာသော်(ခ)ကျော်ကျော်နှင့် အပေါင်းအသင်းများအား နအဖစစ်အာဏာပိုင်များက ၂၀၀၈ခုနှစ်၊ မတ်လ၊ ၁၂ရက်နေ့က မတရားဖမ်းဆီးထားခဲ့တာဆိုရင် ဇွန်လ ၁၂ရက်နေ့က ၃လတင်းတင်းပြည့်ခဲ့ပါပြီ။
ဇေယျာသော်နှင့်အပေါင်းအသင်းတို့ဟာ ပြီးခဲ့တဲ့ မတ်လ ၁၂ရက်ညက ရန်ကုန်မြို့၊ ဆရာစံလမ်းမှာဖွင့်လှစ်ထားတဲ့ Gold Feather စားသောက်ဆိုင်မှာ အတူတကွ ညစာစားသောက်နေစဉ် စစ်အာဏာပိုင်တွေက ၀င်ရောက်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဇေယျာသော် အပါအ၀င် ရန်ကုန်နည်းပညာသက္ကသိုလ်မှ မဟာဘွဲ့အင်ဂျင်နီယာ ကျောင်းသား အောင်ဇေဖြိုး၊ ရန်ကုန်ဆေးသက္ကသိုလ်(၁)မှ ဒုတိယနှစ် ကျောင်းသားဟောင်း အာကာဗိုလ်၊ ရန်ကုန်အရှေ့ပိုင်းသက္ကသိုလ်မှ ဒုတိယနှစ် အဝေးသင်ဥပဒေကျောင်းသား သီဟ၀င်းတင်နှင့် သူငယ်ချင်းနှစ်ဦးအပါအ၀င် စုစုပေါင်း(၆)ဦးတို့ကို မျိုးဆက်သစ်လူငယ်များ အစည်းအရုံး(generation wave)အဖွဲ့ဝင်များဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့်ဖမ်းဆီးခဲ့ပြီး ၄င်းတိုးအားမတရားအသင်းဖွဲ့စည်းတည်ထောက်မှု ပုဒ်မ (၆/၈၈)ဥပဒေဖြင့်တရားစွဲဆိုထားတာဖြစ်ပါတယ်။ generation waveသည် စက်တင်ဘာအရေးတော်ပုံ ရွှေဝါရောင်တော်လှန်ရေးနှင့်အတူ မွေးဖွားလာသော မျိုးဆက်သစ်လူငယ်များနှင့် ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်ပြီး အဖွဲ့ဝင်များမှာ အသက်(၂၀) ကျော် ကျောင်းသားလူငယ်များဖြစ်ကြသည်။ အာဏာရှင်ဆန့်ကျင်ရေးတေးသီချင်းများ၊ ထုတ်ပြန်ကြော်ငြာချက်များနှင့် တော်လှန်ရေးလုပ်ငန်းများကို မြန်မာလူငယ်ထုအတွင်း လျှင်မြန်စွာစီးဆင်းပြန့်ပွားရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်နေသူများဖြစ်ကာ generation wave နှင့်Freedomfighter အဖွဲ့တို့ပူးတွဲ ၍ထုတ်ဝေခဲ့သော နိုးထကြလော့“အိုမြန်မာ”(generation wave) အဖွဲ့မှ ကန့်ကွက်ဆန္ဒမဲ ပေးကြရန်
မြန်မာလူထုအားလှုံ့ဆော်သည့် NO NO NO သီချင်းတို့ကို ဖြန့်ဝေခဲ့သည့်အပြင် နာဂစ်လေဘေးဒုက္ခသည်တွေကိုလည်း မိမိတို့တတ်နိုင်သည့်ဘက်မှ ကယ်ဆယ်ရေးလုပ်ငန်းတွေကို တဖက်ကလုပ်ဆောင်ရင်း စစ်အာဏာရှင်တွေရဲ့ လူမဆန်တဲ့ ရက်စက်မှုတွေကို မြန်မာပြည်တွင်းမှ လူတွေသိအောင် နိုးဆော်လှုပ်ရှားခဲ့ကြသလို ပြည်ပသတင်းမိဒီယာနှင့် တော်လှန်အင်အားစုတွေကိုလည်း ပြည်တွင်းအခြေအနေ မှန်တွေကို သိရှိအောင် လုပ်ဆောင်နေလျှက်ရှိတဲ့အတွက် စစ်အာဏာပိုင်တွေက generation waveအဖွဲ့နှင့် အဖွဲ့နှင့်ပတ်သက်ဆက်နွယ်နေသူတွေကို အဆက်မပြတ် လိုက်လံဖမ်းဆီးလျှက်ရှိတယ်လို့ သိရှိရပါတယ်
၂၀၀၈ခုနှစ်၊ ဇွန်လ၊ ၁၇ရက်
Wednesday, June 18, 2008
မတရားအသင်းဖွဲ့စည်းတည်ထောင်မှု ဖြင့်တ၇ားစွဲဆိုခံထားရသည့် မြန်မာဟစ်ဟော့အဆိုတော်
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment