“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, May 03, 2008

မုန်တိုင်း အထူးသတင်း(နောက်ဆုံးရ)


ဘင်္ဂလားပင်လယ်အော်ကိုဗဟိုပြုပြီးဖြစ်ပေါ်လာသော နာဂစ်စ် အမည်ရှိသာ အင်အားကြီးမားသော ဆိုင်ကလုံး မုန်တိုင်းကြီးသည်။ မြန်မာစံတော်ချိန်ညနေ ၆ နာရီတိုင်းထွာချက်များအရ ဧရာဝတီတိုင်းကို ဟိန်းကြီးကျွန်းအနီှး ဖြတ်ကျော် ၍ နံနက်၁၀နာရီ တွင် လေသည် တစ်နာရီကို မိုင်၅၀ မှ ၆၀ ထိ တိုက်ခတ်ခဲ့ပြီး နေ့လည်ဖက် ၁၂ခန့်တွင် တစ်နာရီ မိုင် ၇၀ အထိတိုက်ခတ်ခဲ့သည်။
ညနေ ၂း၃၀ တွင် ၁၂၀ ခန့်အထိတိုက်ခတ်ခဲ့ပါသည်။ မုန်တိုင်းကြီးသည် ယနေ့ညနေ၅ နာရီ တိုင်းထွာချက်များ အရ သမီးလှကျွန်းကို ဗဟိုပြုလျှက်ရှိပြီး ယင်းသည်အရှေ့ဖက်သို့ တစ်နာရီကို ၁၅ မိုင်နှုန်းဖြင့် ရန်ကုန်မြို့၏ တောင်ဖက်မှဆက်လက် ရွေ့လျားနေခဲ့သည်။ နောက်ထပ် ၃၆ နာ၇ီတွင် ကုန်းတွင်းပိုင်းကို ကုန်းတွင်း မုန်တိုင်းငယ် အ ဖြစ်ဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်းသို့ ၀င်ရောက်မည်ဟု ခန့်မုန်းရသည်။ မုန်တိုင်းကြီး အရွယ်မှာ အချင်းဝက်မိုင် ၁၅၀ ခန့်ရှိသဖြင့် မုန်းတိုင်းကြီး၏ဒဏ် ကို အရှေ့မြောက်ဖက် တွင် သာယာဝတီမြို့ နှင့် ရန်ကုန်အစပ် အထိ၎င်း မြောက်ဘက်တွင် ဂွမြို့အထိ၎င်း အနည်းဆုံးလေတိုက်နှုန်းအားဖြင့် ၄၀မိုင် အထိ၎င်းတိုက်ခတ်နိုင်ပါသည်။ အများဆုံး တနာရီ ၇၅ မိုင်နှုန်းအထိ ပုသိမ်၊ မြောင်းမြ၊ မော်လမြိုင်ကျွန်း၊ ကြုံမငေး၊ ချောင်းသာ၊ ငွေဆောင် ဘိုကလေးမြို့စသောဒေသများတွင် ကြုံတွေ့နိုင်ပါသည်။ မုန်တိုင်းကြီးသည် နောက် ၆ နာရီ အတွင်း အရှေ့ဖက်သို့ဆက်လက်ရွေ့လျားပြီး အားပျော့လာမည်ဟု ခန့်မှန်းရပါသည်။ မုန်တိုင်းကြီး အရှိန်ကြောင့် ရာဝတီတိုင်း၊ပဲခူးတိုင်း ရခိုင်ပြည်နယ် ကရင်ပြည်နယ်တို့တွင် နေရာအနှုံ့မိုးရွာပြီး မြစ်ဝကျွန်းပေါ်တွင် ပင်လယ်မျက်နှာပြင်ဒီရေသည် ၁၂ ပေ အထိမြှင့်တက်နိုင်ပါသည်။ မုန်တိုင်း ကြောင့် နအဖ တို့  အနေနှင့် သူတို့ ကျင်းပပြုလုပ်မည့် ဆန္ဒခံယူပွဲ ရက်ကို ရွေ့ ဆိုင်းရန် ပြင်ဆင်နေပါသည်၊
လက်ရှိ အခြေအနေမှာ
ကမ္ဘာအေး ဘုရားလမ်းတောက်လျှောက် သစ်ပင်များ ကားလမ်းပေါ်သို့ လဲကျနေ။ ရန်ကုန်မြို့တွင်း ရုပ်သံဂြိုဟ်တုစလောင်း အင်တက်နာများ ပြုတ်ကျပျက်စီးနေ၊ ဓာတ်တိုင်များ ပြိုလဲကျ၊ မီးဖြတ်ထား၊ သမ္မတဟိုတယ်ရှေ့ ညောင်ပင် သမ္မတဟိုတယ်ပေါ် လဲကျပိနေ။ နောက်တနာရီအတွင်း မုန်တိုင်းထပ်ဝင် လာမည်ဖြစ်၍ အိမ်ပြင်မထွက်ကြရန် ရပ်ကွက်များ၌ လိုက်လံ ဆော်သြနေပါသည်

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */