“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, May 27, 2008

ဝိညာဉ်သားလော..


ဒုက္ခသည် များကြား ကင်မရာတလုံးနှင့် မှတ်တမ်းလိုက် ယူနေရင်နဲ့ ကြုံခဲ့ ရ သည့်  အဖြစ် အပျက်တခုဖြစ်ပါ သည်..။ကျနော် ပုံတွင်ပါရှိသည့် ဒုက္ခသည် မိသားစုကို ကင်မရာ ဖြင့်  ချိန်ကာ ရိုက်လိုက် အစဉ် အချိန် က အ နီး အနားတွင်ကလေး များတဦးတလေ မှ ရှိမနေပါ… မှတ်မှတ်ရရ ပါ..ဓါတ်ပုံမှတ်တမ်းတင်ပြီး၍ ထိုဒုက္ခသည် မိသားစု များနှင့် စကားပြော ဆိုနေချိန် တွင်လည်း မည်သည့် ကလေး ငယ်မျှ အနီးအနားသို့ရောက် မလာ ပါ…။ ကျနော် အိမ်ပြန်ရောက် ၍ကွန်ပြုတာဖြင့် ပုံကြီးချဲ့လိုက် သော အခါတွင် မျှ ခြေထောက်တဖက် မပါ သည့် ကလေးငယ် တဦး၏ ၀ိုးတ၀ါး ပုံရိပ် ပေါ်ပေါက် နေပါသည်။ ကျနော် ထိုပုံကို အထပ် အခါခါ စမ်းစစ်ကြည့်  ပါသည်။ သေချာပါသည်..မကျွတ် မလွတ်သေးသော..သေဆုံး သွားသည့်  ကလေးငယ် ၏ပုံဖြစ်နေပါသည်။

ယခုဓါတ်ပုံအား ကျနော် စာတန်း ရေးယုံကလွဲ လို့  ပြုပြင်ပြင်ဆင်ထားခြင်း လုံးဝမရှိပါကြောင်း ရဲရဲဝံ၀ံ အာမခံ နိုင်ပါသည်…။ ကင်မရာ ရှပ်တာ အနှေးဖြင့်လဲ ရိုက် ထားခြင်းလဲမဟုတ်ပါ..။ ကျနော်တို့ အနေဖြင့် အသက်ရှင် ကျန်နေခဲ့သူများ အား ကူညီ ကယ်ဆယ်နေခြင်းအပြင် သေဆုံးသွားကြသူများကိုလဲ အမျှအတမ်း ပေးဝေကာ ကောင်း မှု ကုသိုလ်ပြု ပေး ကြပါရန် သတိပေးလိုက်သကဲ့ သို့  ဖြစ်နေပါတော့ သည်…။

( မှတ်ချက် ) …ဤပုံသည် နာဂစ်မုန်တိုင်း ဖြစ်ပြီး လေးရက်မြောက်နေ့ တွင် ကွမ်းခြံကုန်း မြို့ ပေါ်ရှိ ဒုက္ခသည် စခန်း တခုတွင်ရိုက်ကူးထားသော ပုံ ဖြစ်ပါသည် ။ http://burmesepeople.blogspot.com/

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */