“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, May 26, 2008

မေတ္တာရိပ်ဆို တဲ့ ကျန်းမာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ 

သို့
လေးစား ချစ်ခင်ရပါသောမိတ်ဆွေ အပေါင်းတို့

ပြီးခဲ့တဲ့ သီတင်း ၃ ပတ်တုန်းက ဆိုက်ကလုံး ဖြစ်ခဲ့တယ်။ လူတွေအများကြီး အသက်ဆုံးရှုံးခဲ့ ရတယ်တာ အား လုံးအသိပါပဲ။ မသေပဲဆင်းရဲဒုက္ခကို ခံစားနေကြရတဲ့ ပြည်သူတွေက လည်း အမြောက်အများ ပါပဲဆိုတာလည်း ကျွန်တော် ပြောစရာ လိုမယ်မထင်ပါဘူး။
ရန်ကုန်ပတ်ဝန်းကျင် အနီးတဝိုက်ကတော့ မီဒီယာနဲ နီးတော့ ထင်သာမြင်သာပိုရှိခဲ့တာပေါ့ဗျာ.။ ဧရာ ဝတီတိုင်းရဲ့ တောင်ဘက်ပိုင်းရွာ လေးတွေကတော့ မီဒီယာနဲ လည်းဝေး ပြီးတော့ NGO များ ကိုလည်း တိုင်း ကျော်ပြီး ဝင်ခွင့်မပေး နဲဆိုတော့ သူတို့လေးတွေရဲ့ ဆင်းရဲဒုက္ခ ကို အားလုံးကသိနေပေမယ့် မမြင်နိုင်ကြခဲ့ဘူး.။

ဒီအချိန်မှာ မုန်တိုင်းဒဏ်ခံခဲ့ ရတဲ့ ရွာလေးတွေထိ သွားပြီး ပြည်သူတွေကို လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီတွေကို ဘုန်းဘုန်း နဲ့ တာဝန်သိပြည်သူ တွဲလက်ညီနေတဲ့ အဖွဲ့ လေးနဲ့ မိတ်ဆက်ပေးပါရစေ။

ဧရာဝတီတိုင်းရဲ့ ပုသိမ်မြို့က မေတ္တာရိပ် ဆိုတဲ့ NGO အဖွဲ့ ပါ။
http://myittaryake.blogspot.com/

ဒီအဖွဲ့ဟာ အခု ဆိုက်ကလုံး မဖြစ်ခင် ၂၀၀၅ ထဲက စတင်ပြီး ဖွဲ့စည်း ပြီးလုပ်ဆောင်ခဲ့ တာပါ.။ ဒီ URL ၂ ခုမှာ CHECK လုပ်နိုင်ပါ တယ်။

http://myittaryake.blogspot.com/2008/05/history-of-mty-organization.html
(for background information)
http://myittaryake.blogspot.com/2008/05/activities-of-myit-tar-yake.html (for normal activities on last year)

သာမန် အချိန်တွေ မှာတောင် သူ့တို့ တတ်နိုင်သလောက် ကူညီနေတဲ့ ဒီအဖွဲ့ဟာ ခုချိန်မှာ မုန်တိုင်း ဒဏ်သင့်ဒေသ တွေထိ သွားပြီး ဒုက္ခသည်တွေကိုတတ်နိုင်သလောက်ကူညီမှု တွေလုပ်ဆောင်နေတယ် ဆိုတာ ဒီ မှာ CHECK လုပ်နိုင်ပါတယ်။

http://myittaryake.blogspot.com/2008/05/current-activities-on-cyclone-nargis.html (for current activities on Cyclone hit areas)
သူတို့ ဒီဒေသ တွေကိုသွားအပြီးမှာ ဒီကဗျာလေး တွေ ပေါက်ဖွားလာခဲ့ပါတယ်။

ရင်ထဲမှ တီးတိုးသံ

ခွင့်လွှတ်ပါ
ကျွန်တော်တို့မှာ
ဝမ်းနည်းခြင်း ပန်းခွေတွေထက်
မီးဖိုတွေ ပိုလိုနေပါတယ်။

ခွင့်လွှတ်ပါ
ကျွန်တော်တို.မှာ
စာနာစကားတွေထက်
စားစရာတွေ ပိုလိုပါတယ်။

ခွင့်လွှတ်ပါ
ကျွန်တော်တို.မှာ
နှစ်သိမ့်အားပျိုးမှုတွေထက်
အိမ်မိုးတွေ ပိုလိုပါတယ်။

ခွင့်လွှတ်ပါ
ကျွန်တော်တို.မှာ
ကြင်နာမှုတေးသွားတွေထက်
ဆေးဝါးတွေ ပိုလိုပါတယ်။

ခွင့်လွှတ်ပါ
ကျွန်တော်တို.မှာ
ထောက်ထားမှု အပြုံးတွေထက်
သောက်သုံးရေ ပိုလိုပါတယ်။

ခွင့်လွှတ်ပါ
ကျွန်တော်တို.မှာ
စုပေါင်း ရှင်ပြုပွဲတွေထက်
စုပေါင်းသင်္ဂြိုဟ်ပွဲတွေ ပိုလိုပါတယ်။

ခွင့်လွှတ်ပါ
ကျွန်တော်တို.မှာ
အိပ်စက်ခြင်းထက်
အိပ်မက်တွေ ပိုလိုပါတယ်။

အခုဆိုရင် ဒီဒေသတွေမှာ ကူးစက်ရောဂါတွေ စတင် ဖြစ်ပွား နေပြီး မုန်တိုင်းကြောင့် မသေဘဲ ကူးစက် ရောဂါတွေ ကြောင့်သေဆုံးရပါတော့မယ်။မေတ္တာရိပ် ရဲ့ Volunteer Doctor တွေ ကိုယ်တိုင် ကျန်မာရေး ကူညီ စောင့်ရှောက်တာတွေ လုပ်ဆောင်နေပါတယ်။ယခင်ကတည်းက ကျန်မာရေး ကူညီစောင့်ရှောက်မှုတွေ အစဉ် တစိုက် လုပ်ဆောင်နေတဲ့ မေတ္တာရိပ်အဖွဲ့ဟာ ခုချိန်မှာ ကူးစက်ရောဂါ ဖြစ်နေတဲ့ကျေးလက် ဒေသတွေထိ သွားပြီး Volunteer Doctor တွေကိုယ်တိုင် ရောဂါ ကူးစက်ခံပြည်သူတွေကို Medicare တွေ လုပ်ဆောင်နေ ပါတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို BBC ကလည်း INTERVIEW လုပ်ပြီး သွားပါပြီ။ May 11 (or) 12 , 2008 ထုတ်လွင့်ခဲ့တယ်လို့သိရပါတယ်။
ငွေကြေးအပြင် တခြားထောက်ပံတာတွေလည်း လုပ်ဆောင်နိုင်ပါတယ်။
ဥပမာ ဆေးဝါး၊ အမိုးအကာ၊ အိုးခွက်၊ ပန်းဂံ၊ အဝတ်အထည်
မိမိတို့တတ်နိုင်သလောက် ကူညီချင်တယ်ဆိုရင်
U Zaw Tun Khine (အတွင်းရေးမှူး)
U Myint Sein (နာယက)
09 8552241, 09-5201168
မေတ္တာရိပ်ကူညီစောင့်ရှောက်မှုအဖွဲ့
ပုသိမ်မြို့
မေတ္တာရိပ် နဲ့ ပူးပေါင်းပြီး ကူညီဆောင်ရွက် ချင်ရင် ဒီ Phone တွေကိုခေါ်ပြီး တိုက်ရိုက်ဆွေးနွေးနိုင်ပါတယ်။
တခြား Contact Address တွေကတော့ ဒီ URL မှာ ရယူနိုင်ပါတယ်။
http://myittaryake.blogspot.com/2008/05/contact-us.html

Keep Hope Alive!
Pye Phyo Han
"အမိမြေရဲ့ အနာတရတွေကိုတတ်နိုင်သလောက်ကုစားကြပါစို့"

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */