“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, May 24, 2008

နှစ်တွေလည်း အခါခါစေ့ပါပေါ့။ စစ်သားရင့်မကြီးတွေ..မုဆိုးမကိုကြောက်နေသလား

စစ်အစိုးရ ကိုယ့်ဥပေဒေ ကိုယ်လိုက်နာပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည်ဟု လူ့အခွင့်အ ရေးအဖွဲ့မှ ပြောကြား
မုံပီး
စနေနေ့၊ မေလ 24 2008 14:28 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာစစ်အစိုးရသည် ကိုယ်ထုတ်ထားသည့် ဥပဒေကို လေးစား လိုက်နာ၍ စနေနေ့တွင် ထိန်း သိမ်း မှု သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးရန် အမေရိ ကန် အခြေစိုက် Freedom Now လူ့အခွင့်အရေး အဖွဲ့ကြီးက သောကြာနေ့တွင် မြန်မာစစ်အစိုးရကို တိုက်တွန်း လိုက်သည်။

မြန်မာနိုင်ငံ၏ ဥပဒေအရ သူ့ကို ထိန်းသိမ်းမှု သက်တမ်းသည် မေလ ၂၄ ရက်နေ့ သန်းခေါင်ယံတွင် တရားဝင် ကုန်ဆုံး မည် ဖြစ်သဖြင့် ထိုဥပဒေနှင့်အညီ သူ့ကို လွှတ်ပေးရမည်ဟု Freedom Now ၏ ဥက္ကဋ္ဌ Jared Genser က ပြောဆိုခြင်း ဖြစ်သည်။

“စစ်အစိုးရအနေနဲ့ သူ့ကို လွှတ်မပေးဘူးဆိုရင် ကိုယ်ထုတ်ထားတဲ့ ဥပဒေကို ကိုယ် ပြန်ပြီး ချိုးဖောက်တာ ဖြစ်နေမှာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည် မိသားစုဝင်များ၏ ညွှန်ကြားချက်အရ သူ၏ ဥပဒေ အကျိုးဆောင် လည်း ဖြစ်သူ Genser က ပြောသည်။

၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ရန်မှ ကာကွယ် တားဆီးသည့် ဥပဒေ ပုဒ်မ ၁ဝ (ခ) အရ ‘နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် လုံခြုံရေးကို ခြိမ်းခြောက် အန္တရာယ်ပြုသူ၊ အများပြည်သူ၏ ငြိမ်းချမ်းမှုကို တားဆီး နှောင့်ယှက်သူဟု ယူဆရသူ မည်သူမဆို အများဆုံး ၅ နှစ်အထိ တားဆီး ကန့်သတ်မိန့် ထုတ်ပြန်နိုင်သည်။ ထိုအမိန့်ကို တနှစ်လျှင် တကြိမ် သက်တမ်း တိုးမြှင့်ရမည်’ ဟု ပြဋ္ဌာန်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နောက်ဆုံးအကြိမ် ၂ဝဝ၃ ခုနှစ် မေလတွင် ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပြီး၊ ယခု မေလ ၂၄ ရက်နေ့တွင် အကျဉ်းစံသက်တမ်း ၅ နှစ်ပြည့်မြောက်မည်။ သူသည် လွန်ခဲ့သော ၁၈ နှစ်အတွင်း ၁၂ နှစ်ကျော် ထိန်းသိမ်းခံခဲ့ရသည်။

“ထိန်းသိမ်းမှုသက်တမ်းကို ဆက်ထားဖို့ စစ်အစိုးရမှာ ဘာဥပဒေအခွင့်အရေးမှ မရှိပါဘူး။ တကယ်လို့ ဆက်ဖမ်း ထားမယ် ဆိုရင် ဒါဟာ ကိုယ်ထုတ်ထားတဲ့ ဥပဒေကို ကိုယ့်ဘာသာ ပြန်ချိုးဖောက်တာပဲ ဖြစ်လိမ့်မယ်” ဟု Genser က ပြောသည်။

သူ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ အခြား ခေါင်းဆောင်များကလည်း သူတို့ပါတီ ခေါင်းဆောင်ကို ထိန်းသိမ်းထားခြင်းကို အစဉ်တစိုက် ကန့်ကွက် ဆန့်ကျင်ခဲ့ကြပြီး ဖမ်းဆီးထားသည်မှာ တရားမဝင်ကြောင်းနှင့် လွှတ်ပေးရန်ကိုလည်း တိုက်တွန်း တောင်းဆိုခဲ့ကြသည်။

“ဒါပေမဲ့ အစိုးရက ဥပဒေကို လေးစား လိုက်နာမှုမရှိဘဲ သူ့ကို ဆက်ထိန်းသိမ်းထားခဲ့ပါတယ်” ဟု NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။

“တကယ်လို့သာ ဒီတကြိမ်လည်း ထိန်းသိမ်းမှု သက်တမ်းကို ထပ်တိုးခဲ့မယ်ဆိုရင်၊ အစိုးရဟာ ဥပဒေစိုးမိုးမှုကို လေးစားလိုက်နာမှု မရှိဘူးဆိုတာ ပြသရာ ရောက်ပါလိမ့်မယ်” ဟု ဦးဉာဏ်ဝင်းက ဆက်ပြောသည်။

ဤအတောအတွင်း Human Right Watch ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားခြင်းဖြင့် စစ်အစိုးရသည် ဥပဒေကို ခြယ်လှယ် ချိုးဖောက်နေသည်ဟု ဆိုလိုက်သည်။

ဥပဒေကို ဤကဲ့သို့ လိုသလို ခြယ်လှယ် လုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုလျှင်ပင် ဒေါ်အောင်ဆန်းစုကြည်၏ ထိန်းသိမ်းမှု သက်တမ်းသည် စနေနေ့တွင် ကုန်ဆုံးတော့မည် ဖြစ်သည်ဟု (HRW) ၏ မြန်မာပြည်ရေးရာ အတိုင်ပင်ခံ David Scott Mathieson က ပြောသည်။

“စစ်အစိုးရ အနေနဲ့ လွှတ်ကို လွှတ်ရမယ်။ ဒီလိုပြောတာက ဥပဒေက ဒီအတိုင်း ဆိုထားလို့သာ မဟုတ်ဘူး၊ ဒါ လုပ်ကိုလုပ်ရမယ့် မှန်ကန်တဲ့ ကိစ္စလည်း ဖြစ်လို့ပဲ” ဟု Mathieson က ပြောသည်။

မည်သို့ပင်ဖြစ်စေ စစ်တပ် အသိုင်းအဝိုင်းမှ ရရှိသော သတင်းအရ ဗိုလ်ချုပ်ကြီးများသည် နောက်ထပ် တနှစ် ဆက်လက် တိုးမြှင့်ရန် ပြင်ဆင် လုပ်ဆောင်နေကြပြီး၊ ယင်းကို စနေနေ့တွင် ကြေညာဖွယ် ရှိသည်။ ဤသည်မှာ ရန်ကုန်မြို့တွင် ကျင်းပရန် စီစဉ်ထားသည့် ကုလနှင့် အာဆီယံ ပူးတွဲကျင်းပမည့် အလှူရှင်များ ကွန်ဖရင့် မတိုင်ခင် ၁ ရက်အလို ဖြစ်သည်။

“ဒီ့ထက်ကောင်းတဲ့ အချိန် မရှိတော့ပါဘူး” ဟု Genser က သောကြာနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားသွားခဲ့ပါသည်။

အကယ်၍ မြန်မာစစ်အစိုးရသာ သူတို့ ဥပဒေကို လေးစားလိုက်နာခဲ့မည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့တွင်တနင်္ဂနွေနေ့၌ ကျင်းပမည့် နိုင်ငံတကာ အလှူရှင်များ ကွန်ဖရင့်သို့ တက်ရောက်နိုင်မည် ဖြစ် သည်။

“သူ့ကို လွှတ်ပေးဖို့ ဗိုလ်ချုပ်ကြီး သန်းရွှေက ငြင်းဆန်ခဲ့မယ်ဆိုရင် ဒါဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ အာဆီယံ သံတမန်တွေရဲ့ မျက်နှာကို ဖြတ်ရိုက် ခံလိုက်ရသလို ဖြစ်မှာပဲ။ ဒီသံတ မန်တွေက စစ်အစိုးရက တောင်းခံမယ့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံဖိုး နိုင်ငံတကာ အကူအညီတွေကို နားထောင်ဖို့ ရောက်လာမှာမို့ပါ”ဟု သူက ဆက်ပြောသည်။
http://www.mizzimaburmese.com/news/inside-burma/1/1183-2008-05-24-08-12-58

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်သည် ဟူသော ကောလာဟလ ရန်ကုန်တွင်ပျံ့နှံ့
မဇ္ဈိမသတင်းဌာန
စနေနေ့၊ မေလ 24 2008 16:00 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်မှ ပြန်လွှတ်ပေးလိုက်သည် ဟူသော ကောလာဟလသည် ရန်ကုန်မြို့တွင် ယနေ့ ပျံ့နှံ့နေသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဥာဏ်ဝင်းက “ကျနော်တို့လည်း ကြားပါတယ်။ Rumor အနေနဲ့ပါ။ သေချာတာ ဘာတခုမှ မရှိသေးပါဘူး” ဟု မဇ္ဈိမသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ် သက်တမ်းပြည့်သော အချိန်နှင့် တိုက်ဆိုင် ထွက်ပေါ်လာသော ကောလာဟလနှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။ မဇ္ဈိမအနေဖြင့် ဆက်လက် စုံစမ်းဆဲ ဖြစ်သည်။

-----

ရန်ကုန်မှ သတင်း ရပ်ကွက်တခု၏ အဆိုအရ ဧရာဝတီတိုင်း အတွင်းမှ လေဘေး ဒုက္ခသည်များကို သွားရောက် ကြည့်ရူရန် ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ နံနက်ပိုင်းတွင် နေအိမ်မှ လာရောက် ခေါ်ဆောင်သွားသည်ဟု ပြောသည်။

သို့သော် သံတမန် သတင်း ရပ်ကွက်တခုက အထက်ပါ သတင်းကို သတင်းမှား ဖြစ်သည်ဟု ဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အင်းလျားကန်စောင်းရှိ နေအိမ်တွင် တွေ့ခဲ့ရသည်ဟု ဆိုသည်။

ဧရာဝတီတိုင်း လပွတ္တာမှ ဒေသခံများကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မျက်မြင် မတွေ့ရသေးသလို လာရောက်မည် ဆိုသော သတင်းကို လည်း မကြားရသေးဟု မဇ္ဈိမသို့ ဆက်သွယ် ပြောဆိုသည်။

ဤအတောအတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီး အဖွဲ့ဝင် တချို့သည် ဧရာဝတီတိုင်းသို့ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် သွားရောက်နေကြသည်ဟု သိရသည်။

အန်အယ်ဒီ ဗဟိုလူငယ်ပြန်ကြားရေးမှ ကိုနေခြည်ဝင်းက “အဖွဲ့ချုပ်က ဗဟိုအမျိုးသမီး အဖွဲ့ကတော့ လပွတ္တာဖက်ကို သွားတာတော့ ဟုတ်တယ်။ အန်တီပါ၊ မပါတော့ မသေချာဘူး” ဟု ပြောသည်။

ရန်ကုန်မြို့တွင် နေထိုင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရှေ့နေကြီး ဦးအောင်သိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်သည် ဟူသော သတင်းကိုပင် အတည် မပြုနိုင်သေးဟု ပြောသည်။

အန်အယ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကလည်း “အခုက ဒီလိုပဲ အရပ်ထဲမှာ သတင်းတွေ ထွက်နေတယ်။ အန်ကယ်တို့ အနေနဲ့ကတော့ ဘာမှ မသိရသေးဘူး။ ဒေါ်စုနဲ့ အဖွဲ့ချုပ်နဲ့လည်း ခုထိ အဆက်အသွယ် မရသေးဘူး။ အဲဒီတော့ ဒါကို အတည်မပြုနိုင်သေးဘူး။ အခုက ဒေါ်စု လပွတ္တာအထိတောင် ရောက်သွားတယ် ပြောနေကြတယ်။ သူအကျယ်ချုပ်က လွတ်မှာက မေလ ၂၇ ရက်မှပါ။ ဒီလို သတင်းထွက်တာနဲ့ ပတ်သတ်လို့ အန်ကယ့်အမြင်ကတော့ ဒီနေ့ မဲဆန္ဒ ခံယူနေတော့ လူထုကို အာရုံပြောင်းအောင်များ လုပ်နေတာလားလို့လေ” ဟု ပြောသည်။
http://www.mizzimaburmese.com/news/breakingnews/24-breakingnews/1184-2008-05-24-09-43-55

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */