“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, May 27, 2008

အရေးပေါ် အစည်းအဝေးခေါ်ယူရန်ကိစ္စ

နေ့ စွဲ -မေလ ၂၆၊ ၂၀၀၈
လေးစားအပ်ပါသော
ပြည်တွင်းပြည်ပရှိညီအကိုမောင်နှမအပေါင်းတို့ ခင်ဗျား

ရန်ကုန်မြို့  ဆီဒိုးနားဟော်တယ် မှာကျင်းပပြုလုပ်ပြီးသွားတဲ့ အလျူရှင်များ အစည်းဝေး - Donors Meeting - အပြီးမှာ လေဘေး ဒုက္ခသည်များ အခြေအနေဟာ အလွန်ကိုဆိုးဝါးနေဆဲဖြစ်ပါတယ်။ ပုသိမ်မှာ ရှိတဲ့ ဒုက္ခသည်များဟာ နေရပ်ကိုအတင်းအကြပ်ပြန်ပို့ တာခံနေရပါတယ်။ ဖျာပုံ၊ကျိုက်လတ်နဲ့ အခြားမြို့ နယ်များ မှာရှိတဲ့ လေဘေးဒုက္ခသည်များဟာလည်း မဖြစ်စလောက် အကူညီတခါနစ်ခါ လာပေးတာကလွဲလို့ ဘာတခုမှမရရှိသေးပါဘူး။

နဂျစ်မုန်တိုင်းက ကျနော်တို့ ပြည်သူ သိန်းပေါင်းများစွာရဲ့ အသက်ကို တမဟုတ်ခြင်း ချွေခဲ့ပါတယ်။ မသေလို့ ကျန်ခဲ့တဲ့ ၂သန်းနီးပါး ပြည်သူတွေကတော့ ကုလသမဂ္ဂနဲ့  အာဆီယံနိင်ငံတွေရဲ့ တဖြေးဖြေးခြင်း ညှင်းသတ်တာကို ခံရတော့မှာပါ။
ပြည်သူလူထုမှာ အကာအကွယ်မဲ့နေပါပြီ။

ဒုက္ခဘေး ကျရောက်နေတဲ့ပြည်သူလူထုကြီးအတွက် ကျနော်တို့ အစွမ်းကုန်တိုက်ပွဲ ၀င်ရပါတော့မယ်။ ကျနော် တို့ မှာ တခြားနည်းလမ်း မရှိတော့ပါဘူး။

ကျနော်တိုက်တွန်းလိုပါတယ်။
ပြည်တွင်းမှာ တပြည်လုံးအတိုင်းတာဆောင်တဲ့ အထွေထွေသပိတ်ကြီးဆင်နွဲရပါမယ်။
ပြည် ပရောက်ညီအကိုမောင်နှမတွေအနေနဲ့  ကုလသမဂနဲ့ အာဆီယံကိုဆန်ကျင်တဲ့ လှုပ်ရှားမှုကြီး နဲ့ အမေ ရိကန်၊ ပြင်သစ်နဲ့ အင်္ဂလန်နိင်ငံတွေကို လူသားချင်းစာနာတဲ့ စွက်ဖက်မှု - Humanitarian Intervention - ကို တောင်းဆိုတဲ့လှုပ်ရှားမှုတွေကို တကမ္ဘာလုံးအတိုင်းတာနဲ့ စတင်ကြဖို့ တိုက်တွန်းလိုပါတယ်။

ဘယ်နေ့ မှာလုပ်မလဲ
ဘယ်နေရာတွေမှာလုပ်မလဲ
ဘယ်လိုကြွေးကြော်သံတွေတင်မလဲ ဆိုတာ ကို အမြန်ဆုံးမိမိတို့ သက်ဆိုင်ရာနိင်ငံအလိုက် အရေးပေါ် အစည်းဝေးတွေကို ခေါ်ယူပေးဖို့ တိုက်တွန်းလိုပါတယ်။

မိုးသီးဇွန်
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦး
Email: wefightwewin@gmail.com

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */