“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, May 25, 2008

မြေဆီ သြဇာချကြွေးခဲ့ခြင်း။



ဧရာဝတီရဲ့မြေ..စပါးတွေ ရွေလိုဝင်းပြီး နိုင်ငံခြားငွေရှာပေးခဲ့တဲံ တောင်ယာဦးကြီးများပါ။ သူတို့ ဆင်းရဲပါတယ်။ .သူတို့ ပညာသိပ် မတတ်ကြပါဘူး။ ရွံ့ ထဲမှာ နွားနဲ့ ကျွဲနဲ့ ဖက်..သူတို့ တာဝန် သူတို့ ကျေကြပါတယ်။ အားလုံး စားဖို့ မိုးရွာမရှောင်နေပူမရှောင် လယ်ကွင်းထဲမှာဘဲ ဘ၀ ကို အချိန် ကုန်စေခဲ့တာပါ။ နိုင်ငံရေးလည်းမသိ..ဘယ်သူဘဲအုပ်စိုးစိုး..သူလယ်က စပါးကို ပြည်သူအတွက် စားဖို့ ပေးနိုင်ရင် ၀မ်းသာတဲ့ တကဲ့ နိုင်ငံသားကောင်း တွေပါ.
ပြည်သူဆီက မတရား မဟားဒယား ထောက်ခံမဲတွေရဖို့ဘဲ အလေးထားတဲ့ သန်းရွှေတို့ စစ်အာဏာရှင်တသိုက်ဟာ..သေမင်းတမာန် အားကြီးတဲ့ မုန်တိုင်းလာတဲ့ သတင်းလည်း တိုင်းပြည်ကို အမှောင်ချပြီး လစ်လျူ ရှူထားခဲ့ ပါတယ်။ မိုးလေ၀သဌာန ကမသိလို့.. မတတ်လို့ ကျွမ်းကျင် လုပ်သားနည်း လို့  အတွေ့ အကြုံ မရှိလို့ လို့ ဆင် ခြေ ပေးလို့ မရပါ..

နိုင်ငံတခုရဲ့ အကြီးအကဲ ဆိုတာ စစ်တိုက်တတ်ရုံ။ လူသတ်တတ်ရုံနဲ့မပြီးပါဘူး။ အမျှော်အမြင်ရှိရပါတယ်။ နိုးကြားရပါတယ်။. ကြိုးစားရပါတယ်။ ရိုးသားပြီး သစ္စာ တည်ကြည်ရပါတယ်။ မေတ္တာစိတ် ကောင်းကျိုး သယ်ပိုး လိုစိတ် အနစ်နာ ခံလိုစိတ်ရှိရပါတယ်။ လူဝင်ဆန့် ရပါတယ်။ နားလည်ကိုယ်ချင်းစာတတ်ရပါတယ်။ နှလုံးရည် လက်ရုံးရည်ပြည့်စုံရပါတယ်။ တရားမျှတမှု ကို မြတ်နိုးရပါတယ်။ စီမံခန့် ခွဲမှု ကောင်းရပါတယ်။. ဗဟုသုတ ပြည့်စုံရပါတယ်။ လူတိုင်း ဘယ်အရာမှ အားလုံး မတတ်ပါ။ ဒါပေမဲ့  လေ့ လာစူးစမ်းဆင်ခြင်မှု စူးစမ်း လိုစိတ် ရှိရပါ့မယ်။ weather မကောင်းရင် ပြင်လိုက် ဆိုတာ ကတော့ လက်လွတ်စပယ် သိပ်ကျလွန်းပါ တယ်။ အမှန်တကယ် အရေးအကြီးဆုံးကတော့..စေတနာပါ။

မိုးလေ၀သဌာန ရဲ့အကြီးအကဲဆိုတာ..တကယ်တတ်ကျွမ်းတဲ့ ပညာရှင်တဦးဖြစ်ရပါတယ်။ နိင်ငံတခုရဲ့ မိုးလေ၀သဦးစီးဌာနရဲ့ ထိပ်ပိုင်း ရောက်နေသူဟာ..သက်ဆိုင်ရာပညာကို ဆုံးခန်းတိုင်တတ်ရပါတယ်။. တတ်ချင်ယောင် မဆောင်ရပါဘူး။ ဖားပြီးနေရာ မယူရပါဘူး။ အတွေ့ အကြုံ ရှိရပါတယ်..ဘယ်အရွယ်ဘဲ ရောက်ရောက် သိပ္ပံပညာဆိုတာ ဆုံးခန်း မတိုင်တဲ့ အတွက် မပျင်းရိဘဲ အသစ် ပေါ်ပေါက်လာတဲ့ ခေတ်မီ နည်း စက်ကရိယာ အတတ်ပညာရပ်တွေ ဆက်လက် လေ့ လာဆည်းပူးနေရပါတယ်. ဒါကြောင့်လည်း နိုင်ငံတကာ မှာ မွမ်းမံသင် တန်းတွေ..ဆွေးနွေးပွဲတွေ စဉ်ဆက်မပြတ် လုပ်တာပါ။ ဒီလို ပညာရှင်ဘဲ တက်သင့်တဲ့ ဆွေးနွေးပွဲမျိုးကို. ပညာရှင် မဟုတ်တဲ့ ပုခုံး အပွင့်တပ် အစိမ်းရောင်ဝတ်တွေ ကို ငါလူ မို့ ငါ ပေးထားတဲ့ မတန်မရာ ရာထူးရှိလို့ ဆိုပြီး မင်းသွားတက်လုပ်လို့ မရပါဘူး။ ပညာရှင်တွေအနေနဲ့လည်း သွားခွင့်ရရင် ရသမျှ ပညာ အိမ်ပါအောင် သယ်ရမှာပါ။ နိုင်ငံခြားသွားလည်ရုံ ဈေးဝယ်ရရုံ နို်င်ငံတော်က ပညာတော်သင် စေလွတ်တာ မဟုတ်ပါ။ ဒီလို ဘေးအန္တရယ်မျိုး တွေ ကျရင်..ပြည်သူ အတွက် အလုပ် လုပ်ပေးနိုင်အောင်ပါ။

အဲဒီအတွက်. ဒီလိုမုန်တိုင်းမျိုး မြန်မာပြည်ကို မလာရောက်ဖူး မတိုက်ခတ်ဖူး သော်လည်း.ပညာရှင်မှန်ရင်..ဂြိုလ်တု ဓါတ်ပုံကြည့်ရုံနဲ့ ..မုန်တိုင်းရဲ့ မျက်စေ့ ရဲ့ အချင်း ဘယ်လောက် ရှိတာသိတာနဲ့  ဘယ်လောက် ပြင်းအား ရှိနိုင်တယ်. ဘယ်လို ဖျက်ဆီးနိုင်တယ် ဆိုတာ ပညာရှင်က သိပြီးသားပါ။ ဒါပေမဲ့.. ဘုရင်ကြီး အာပုပ်စော်နံနေရက်သားနဲ့ နံတယ် ပြောဖို့ ခက်နေခဲ့တာဘဲ ဖြစ်ဖြစ် အလုပ်တာဝန်ကို မလေးစားတာ ပေါ့လျှော့တာ. အရေး မစိုက်တာဘဲ ဖြစ်ဖြစ်...သေကြေမှူ လူပေါင်းသိန်းဂဏန်း။ သန်းဂဏန်း အထိဖြစ်သွားတာက..မိမိ ပြူတ်မဲ့ရာထုးလေးကို မက်မော တဲ့ တဏှာသဘောပါဘဲ။ ဒါဟာ အမှန်ကိုထိန်ချန်မှု၊ တာဝန်ကို ပေါ့လျှော့မလေးစားမှု။ ရာဇ၀တ်မှု မြောက် ပါတယ်။

အင်မတန် ကြေကွဲစရာကောင်းပါတယ်. ဘာမှ မဟုတ်တဲ့ လယ်သမားကြီး၊ လယ်သူမကြီးဟာ..သူ သေကြေတဲ့အခါ သူလယ် ထဲယာ ထဲ ခွေးသေကောင်ပုပ် တကောင်လို ပုပ်ရိ သဂြိ င်္ုလ်ပေးမဲ့သူမရှိ. သရဏ ဂုံတင်ပေးမဲ့သူမရှိ။ သူ တသက်လုံး ထွန်ယက်ခဲ့တဲ့ လယ်ယာက သူမြတ်နိုးတဲ့ မြေဆီလွှာ၊ နောင်လာနောက်သားတွေအတွက် စပါးစားစရာ..ရဖို့  သူ့ ခန္ဓာပုပ် ကို အရင်းတည်ပြီး သစ္စာတည်ခဲ့ပါတယ်။

အမျှ အမျှ အမျှ ပါ ဦးကြီး။ ဒေါ်ကြီးများ ။ သင်တို့ ၏ ခန္ဓာသည်..မြေဆီသြဇာသို့ ၊ .အနာဂတ်အတွက် စပါးရွှေဝါ အရောင်ဝင်းစေ ဖို့ ၊ ဦးကြီးတို့ ၏ တာဝန်ကျေသည်။.

ငြိမ်းချမ်းစွာ..သင့် ၀ိညာဉ် အနားယူနိုင်ပါစေ.

ကြေကွဲမှုများစွာဖြင့်
အာဇာနည်များ..

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */