“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, May 27, 2008

ပီကင်း အိုလံပစ် ကို သပိတ်မှောက်ခြင်း။


အနောက်ဖက် အော်ရီဂန် ပြည်ထောင်စုမှ..အရှေ့ ဖက်ခြမ်း နယူးယောက် ပြည်နယ်အထိ မြန်မာနိုင်ငံ သား များ အတွက် ငြိမ်းချမ်းရေး မိုင် ၃၀၀၀ ခရီးရှည် ကို ခြေလျှင် ချီတက်နေကြသည့် ၈၈ စစ်ကြောင်းမှ အေသင်နှင့် ဇော်မင်းထွေး တို့ သည် ( ၈၇ ) ရက် ကာလကြာ ခရီးစဉ်အတွင်း မိုင်ပေါင်း (၂၂၀၀) ကျော် ပေါက်ရောက် အောင်မြင်ခဲ့ပြီးဖြစ်ပါသည်။

ခရီးတစ်ထောက်နားနေစဉ် လမ်းခုလတ် IOWA ပြည်နယ်။ Damoine မြို့  တွင် Burmese Community နှင့်  American Red Cross တို့ က ကြီးမှုးကျင်းပသော.Asia Festivals ပွဲတော်တွင် လူသားချင်း စာနာထောက်ထားသော အားဖြင့် မြန်မာ လေမုန်တိုင်းဘေးနှင့် တရုပ်နိုင်ငံ မြေငလျှင်ဒဏ် ခံရသော ပြည်သူများအတွက် ရံပုံငွေကောက်ခံရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှား ရံပုံငွေ ရှာပေးခဲ့ ခြင်း၊ လှုံဆော် ဆွေးနွေး အကူအညီပေးခဲ့ကြပါသည်။

မေ (၃၁) ရက် ၂၀၀၈ တွင် ချီကာဂို ပြည်နယ် သို့ ရောက်ရှိပြီး ၈၈ စစ်ကြောင်းမှ ဦိးဆောင်၍ ဒေသခံ မျိုးချစ်မြန်မာ လူထု အင်အားစု နှင့် လက်တွဲ ညီညီ ပေါင်းစုပြီး တရုတ်နိုင်ငံတွင် ကျင်းပမည့်၂၀၀၈ ပီကင်း အိုလံပစ် ပွဲတော် အား.တညီတညွတ်ထည်း ဆန့် ကျင် ဆန္ဒပြ သောအားဖြင့် တရုတ်နိုင်ငံ ကောင်စစ်ဝန်ရုံးသို ချီတက်ကြ ရန် လုပ်ငန်းစဉ် ချမှတ်ထားပါသည်။

ဤ ပီကင်း အိုလံပစ် ကို သပိတ်မှောက်ခြင်း သည် အပြစ်မဲ့သော တရုတ် ပြည်သူများကို တိုက်ခိုက်နေခြင်း မဟုတ် ဘဲ ကိုယ်စီးပွားရေး အမြင် တခုထည်းသာ ကြည့်၍ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအပေါ် ၀င်ရောက် စွက် ဖက်နေကြသော တရုတ်နိုင်ငံ၏ မြန်မာပြည် အပေါ်သဘောထား အမြင်နှင့် လုပ်ရပ်အပေါ် သပိတ်မှောက် ဆန့် ကျင်ခြင်းသာ ဖြစ်ပါကြောင်း အသိပေး အပ် ပါသည်။


0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */