ငယ်စဉ်မှာ ၀န်ထမ်း. ပြည့်ဝန်ထမ်းခဲ့
တာဝန်နဲ့  လက်မပြတ်
အိမ်ထောင်မကျ..အလုပ်သမအပိျုကြီးဘဝ
ဝမ်းကလည်းဝ.ခါးလည်းလှတယ်။
ပင်စင်ယူ သက်ကြီးဘဝ
ကျပ်တည်းလှ ဖောင်းကြွတဲ့ ငွေတန်ဖိုး
ကြီးမှ လူတောမတိုး
ပင်စင်ထုတ်လခ..စီးရတဲ့ ကားခတောင်မရှိ
သက်ရှည်တဲ့ ကံ..ဆိုးနေသေးတာအမှန်။
နိဗ္ဖ့ါန်မျှော်ကာ..လူဘောင်ထွက်
ဘာဝနာ.တရားကျင့်ခဲ့
ရွှေဝါရောင်ရဲ့ တော်လှန်ရေး
မနှေးပါဝင်။
အမှန်တရားအတွက် တန်းစီစဉ်
ကြံဖွတ်က ဟန်တရေး
ရိုက်ချက်ရက်စက်..ထောင်ဆွဲသွင်း ညှင်းပမ်းခဲ့
သက်ကြီးရွယ်အို ဝန်ထမ်း
မယ်သီလ လုပ်တာတောင် ဘ၀ကကြမ်း
လမ်းဘေးမှာ ပင်ပန်း။
မသေသေးတဲ့ ကြီးသောဒုက္ခ
မင်းဆိုး လက်အောက်မှာနေ
မင်းညစ်ကြောင့် ဘ၀ကြေ။
မသဒ္ဓါ ( ၂၆။၅။ ၂၀၀၈)
0 comments:
Post a Comment